ပြေးလမ်းပေါ်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Traffic Rider

Mobile တွေထဲမှာ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂိမ်းအမျိုးကို ပြောပါဆိုရင် ကားမောင်းတာနဲ့ ဆိုင်ကယ်မောင်းတာလည်း အပါအဝင်ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ ဆိုင်ကယ်တွေ ကားတွေကို ခပ်ကြမ်းကြမ်းမောင်းနှင်တာ အန္တရာယ်ရှိနိုင်ပါတယ်။ Free Mobile Game ဖြစ်တဲ့ Traffic Rider Game ထဲမှာတော့ သင့်စိတ်ကြိုက်မောင်းနှင်နိုင်ပြီး လိုချင်တဲ့ ဆိုင်ကယ်အမျိုးအစားတိုင်းကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

 

ဂိမ်းရဲ့ အဖွင့် Level မှာ ရိုးရှင်းလွယ်ကူတဲ့ပုံစံနဲ့ ပေးမှာဖြစ်ပြီး အပြင်မှာ ဆိုင်ကယ်မောင်းသလို Day Vision ရော Night Vision ရော ပါဝင်ပါတယ်။ နှစ်လမ်းမောင်းဖြစ်ပြီးတော့ ကားတွေကို ပွတ်ကာသီကာ ရှောင်တိမ်းသွားနိုင်ရင် အမှတ်ပိုတိုးမှာဖြစ်ပါတယ်။ ပန်းတိုင်အကွာအဝေးနဲ့ မိမိမောင်းနှင်တဲ့ ကြာချိန်ကို Score တွက်ပြီး ငွေပေးတဲ့အတွက် Engine Power ရော Speed, Break ရောကောင်းမွန်တဲ့ ဆိုင်ကယ်အလန်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Point တွေများလာရင်လည်း လက်ရှိ မိမိမောင်းနေတဲ့ ဆိုင်ကယ်ရဲ့ Power , handling , breaking တွေကို upgrade လုပ်ပေးနိုင်ပါတယ်။ ညာဖက်မှာ လီဗာခလုတ်ပါပြီး ဘယ်ဘက်မှာ ဘရိတ်ခလုတ်ပါတာကြောင့် လီဗာနဲ့ ဘရိတ်ကို ချိန်ပြီး ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းကစားသွားနိုင်မှာဖြစ်ပါတယ်။

 

Graphic ရော Sound System ပါ အထူးကောင်းမွန်တဲ့အတွက် ဟိုင်းဝေးလမ်းမကြီးတွေမှာ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့အတွေ့အကြုံကို အပြည့်အဝပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Traffic Rider ဂိမ်းလေးကို စိတ်ဝင်စားလို့ ရယူချင်တယ်ဆိုရင်တော့ ဒီ Link လေးကနေ Download ရယူနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password