Reviews

Mobile နဲ့ ကစားနိုင်မယ့် Esports ဂိမ်း Tower Duel – TD Royale

Esports ဂိမ်းတွေ တော်တော်များများက ကစားရတာ အရမ်းကိုမိုက်ပြီး အများစုက PC ဂိမ်းတွေ ပိုပြီးများပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း PC ဂိမ်းတွေတော်တော်များများက မိုလ်ဘိုင်းလောကထဲ နယ်မြေ ချဲ့လာကြတဲ့အတွက် မိုလ်ဘိုင်းဂိမ်မာတွေအတွက် esports ဂိမ်းကောင်းကောင်းကို ကစားနိုင်ဖို့ အခွင့်အရေးတွေလည်းရှိလာပါပြီ။ အဲ့တာကြောင့်အခုတစ်ခေါက်မှာ မိုလ်ဘိုင်း ဖုန်းနဲ့ ကစားလို့ရတဲ့ esports ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Tower Duel က ၅မိနစ်စာ ယှဉ်ပြိုင်ရမယ့် multi-player ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ သင်က အွန်လိုင်းပေါ်က တကယ့် ပြိုင်ဘက် တွေကို အမှန်တကယ်တိုက်ခိုက် ပြီး ကိုယ့်ရဲ့ Tower ကိုကာကွယ်ရမှာပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ အပီအပြင် တိုက်ခိုက်ရမှာဖြစ် တာကြောင့် အွန်လိုင်း leader board မှာကိုယ်တော်ရင် တော်သလောက် စူပါစတားတစ်ယောက် ဖြစ်နိုင်မှာနော်။

အချိန်ခဏအတွင်းမှာ ကစားနိုင်တာကြောင့် အလုပ်မအားတဲ့ players တွေအတွက်လည်း အဆင်ပြေပါတယ်။ နက်နဲတဲ့ ဗျူဟာတွေနဲ့ ကတ်တွေ စုဆောင်းပြီး အသေအကြေဖိုက်ရတာလည်း တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။ တကယ့် ကစားသမားတွေနဲ့ leader board မှာနေရာလုရတာလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပေါ့ပေါ့ ပါးပါးနဲ့ အချိန်အရမ်းကြီးမစားတဲ့ ဂိမ်းဖြစ်တာကြောင့် esports ဂိမ်းတွေကို စိတ်ဝင်စားတဲ့ ဘော်ဘော်ကို ကစားကြည့်သင့်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ ဒေါင်းလုတ်လုပ်ပြီး ကစားနိုင်ပါတယ်။ Rating ကောင်းပြီး တကယ့်ကို ကစားလို့ကောင်တဲ့ ဂိမ်းကောင်းလေးတစ်ခု ဖြစ်တာကြောင့် Playon က ဘော်ဘော်တို့ ကစားကြည့်လို့ရအောင်လက်တို့ပေးလိုက်ရပါတယ်နော်…။ ဗီဒီယိုနမူနာလေးကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

 

Download – Android/ IOS

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password