Rhythm Game ချစ်သူတွေအတွက် Top Rhythm Games for Mobile – အပိုင်း ၂

Rhythm Game တွေဟာ ကစားသူကို သံစဉ်တွေထဲ နစ်မြောသွားစေပြီး စိတ်အပန်းပြေစေတာကြောင့် လူတွေကြိုက်နှစ်သက်ကြတဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Rhythm Game ကောင်းကောင်းတစ်ခု လိုက်ရှာရတာကလည်း ထင်သလောက် မလွယ်ပါဘူး။ Gameplay အပိုင်း ကောင်းမကောင်း၊ သီချင်းကောင်းမကောင်း၊ Beatmap တွေက သီချင်းနဲ့ လိုက်မလိုက် အစရှိတဲ့ အချက်တွေအကုန်လုံးကို လိုက်ကြည့်ရပါတယ်။

ဒါကြောင့် ဆော့လို့ကောင်းတဲ့ Rhythm Game တွေ လိုက်ရှာနေသူတွေအတွက် လက်ရှိအချိန်မှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဂိမ်းတွေနဲ့ မိတ်ဆက်ပေးသွားပါမယ်။ Gameplay ပုံစံပေါ်မူတည်ပြီး Classic Gameplay နဲ့ Platformer Gameplay ဆိုပြီး အပိုင်း ၂ ပိုင်းခွဲပြီးတင်ဆက်သွားမှာပါ။ ဒီဆောင်းပါးမှာတော့ Platformer စတိုင် Simple Control နဲ့ Rhythm Game တွေအကြောင်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

Lost in Harmony

Developer    : Digixart Entertainment

Platform       : Android, iOS

Price             : Free

Lost in Harmony ဟာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်းအဖြစ် App Store ရော Play Store ကပါ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂိမ်းတစ်ခုပါ။ Auto-runner ဂိမ်းနဲ့ Rhythm ဂိမ်း နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ဒီဂိမ်းမှာ ကစားသူဟာ သီချင်းသံစဉ်အတိုင်းလာမယ့် အတားအဆီးတွေကို စည်းချက်ကျကျ လိုက်ရှောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံရှုခင်းတွေကို သီချင်း tempo နဲ့လိုက်ဖက်အောင် ဖန်တီးထားတာမို့ ဆော့ကစားရတာ အကြားရော အမြင်ပိုင်းပါ အရသာရှိပါတယ်။ Lost in Harmony မှာ သီချင်းတွေချည်းပဲ နားထောင်ရမှာ မဟုတ်ပါဘူး။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Kaito နဲ့ Aya တို့နှစ်ယောက်ကြားက ဇာတ်လမ်းကိုပါ ဖတ်ရှုဆော့ကစားရမှာ ဖြစ်တဲ့အတွက် ဇာတ်လမ်းကောင်း ကြိုက်တတ်သူတွေအတွက်လည်း သင့်တော်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Give it Up! 2

Developer    : Invictus

Platform       : Android, iOS

Price             : Free

Give it Up! 2 ဟာ Platformer နဲ့ Rhythm ဂိမ်း ၂ မျိုးကို လှလှပပ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ရိုးရှင်းတဲ့ one-tap control စနစ်ပါဝင်တာကြောင့် လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေ ဆော့ကစားနိုင်မယ့်ဂိမ်းမျိုး ဖြစ်ပါတယ်။ ကစားနည်းကလည်း သဘောပေါက်ဖို့ လွယ်ကူပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ အတားအဆီးတွေကို သီချင်းသံအတိုင်း စည်းချက်ကျကျ tap လုပ်ပြီး ခုန်ကျော်သွားရုံပါပဲ။ တစ်ခုရှိတာက နားလည်ဖို့လွယ်ကူပေမယ့် ကျွမ်းကျင်ဖို့ခက်ခဲတယ် ဆိုတဲ့အတိုင်းပဲ ဒီဂိမ်းကို ပိုင်ပိုင်နိုင်နိုင်ဆော့နိုင်ဖို့က အလေ့အကျင့် အများကြီးလိုအပ်မှာ ဖြစ်ပါတယ်။

 .         

 

Geometry Dash

Developer    : RobTop Games AB

Platform       : Android, iOS

Price             : Free/$1.99

Geometry Dash ဟာ Give it Up! 2 လိုမျိုးပဲ Platformer နဲ့ Rhythm ဂိမ်း ၂ မျိုးကို ပေါင်းစပ်ထားတဲ့ ဂိမ်းမျိုးဖြစ်ပြီး Gameplay ကလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Geometry Dash က အများကြီး ပိုခက်ပါတယ်။ ဘယ်လောက်ထိ ခက်သလဲဆိုရင် ဘေးကလူ စကားပြောတာကို တစ်ချက်လေး နားထောင်မိလိုက်ရင်တောင် ဂိမ်းထဲမှာ ရှုံးဖို့ တော်တော်နီးစပ်သွားပြီ ဖြစ်ပါတယ်။ Level တစ်ခုကို အခေါက်ရေ ရာနဲ့ချီပြီး ကြိုးစားပြီးမှ နိုင်တာမျိုးတွေက Geometry Dash မှာ ပုံမှန်မြင်တွေ့နေကျတွေပဲ ဖြစ်ပါတယ်။ အဲဒီလိုခက်ခဲပေမယ့် ကစားနည်းရှင်းလင်းတာ၊ ပါဝင်တဲ့ သီချင်းတွေ ကောင်းမွန်တာ၊ Level design တွေ ကောင်းမွန်တာ၊ ထပ်ခါထပ်ခါ ပြန်ဆော့ချင်အောင် ဆွဲဆောင်နိုင်တာတွေကြောင့် Geometry Dash ဟာ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်နေတာ ဖြစ်ပါတယ်။

 .         

 

Beat da Beat

Developer    : Nekki Limited

Platform       : Android, iOS

Price             : Free

Beat da Beat ဟာ Classic ဂိမ်းတစ်မျိုးဖြစ်တဲ့ Bullet Hell ဂိမ်းအမျိုးအစားနဲ့ Rhythm ဂိမ်းတို့ကို ပေါင်းစပ်ထားတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Dubstep သံစဉ်အတိုင်းလာမယ့် ကျည်ဆံတွေကို beat အတိုင်း လိုက်ရှောင်ရမှာပါ။ အရမ်းခက်မှာစိုးရင် Difficulty ၄ မျိုးထဲက မိမိနဲ့သင့်တော်တဲ့ Difficulty ကို ရွေးချယ်ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ Pixel art style ကို အသုံးပြုပြီး ရေးဆွဲထားတဲ့အတွက် အရင်တုန်းက ဆော့ဖူးတဲ့ဂိမ်းတွေကို ဆော့ကစားနေရတဲ့ ခံစားမှုမျိုး ပေးမှာပါ။ Beat da Beat ဟာ Bullet Hell ချစ်သူတွေ ဆော့ဖြစ်အောင် ဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Groove Coaster 2 Original Style

Developer    : Taito Corporation

Platform       : Android, iOS

Price             : Free

Groove Coaster ရဲ့ ကစားနည်းကလည်း အင်မတန် ရိုးရှင်းပါတယ်။ အလုံးလေးတစ်လုံးက လမ်းကြောင်းအတိုင်း အလိုအလျှောက်သွားနေမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ Notes တွေကို လိုက်နှိပ်ပေးသွားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးရှင်းပြီး လှပတဲ့ Graphic ကြောင့် ဒီဂိမ်းကို လူတွေ နှစ်သက်သဘောကျကြတာ ဖြစ်ပါတယ်။ Genre အမျိုးစုံက သီချင်းပေါင်း အပုဒ် ၂၀၀ ကျော်ပါဝင်တဲ့အတွက် Rhythm ဂိမ်းချစ်သူတွေ သဘောတွေ့ကြမှာပါ။ ဒါ့အပြင် External Sound Input နဲ့ဆော့ကစားလို့ရအောင် ပြုလုပ်ပေးထားပါသေးတယ်။ စားပွဲကို စည်းချက်ကျကျခေါက်တာ၊ လက်ခုပ်တီးတာ၊ သီချင်းဆိုတာ အစရှိတာတွေကို သီချင်းသံစဉ်အတိုင်း စည်းချက်ကျကျ လိုက်လုပ်ပေးပြီး ဆော့ကစားလို့ရဦးမှာ ဖြစ်ပါတယ်။

 .          .         

 

Dancing Line

Developer    : Cheetah Technology Corporation Limited

Platform       : Android, iOS

Price             : Free

Piano Tiles ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ Developer တွေရဲ့ နောက်ဆုံးထွက် Rhythm ဂိမ်းဖြစ်ပါတယ်။ သူတို့ ကုမ္ပဏီရဲ့ထုံးစံအတိုင်း Gameplay နဲ့ Interface ကို အတတ်နိုင်ဆုံး ရိုးရိုးလေးဖြစ်အောင် လုပ်ထားတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားသူက Line လေးကို နံရံတွေနဲ့ မတိုက်မိအောင် သံစဉ်လေးတွေအတိုင်း Tap လုပ်ပေးသွားရုံပဲ ဖြစ်ပါတယ်။ Line လေးသွားမယ့်လမ်းကြောင်းကို သီချင်းသံစဉ်နားထောင်ပြီး ကြိုတင်ခန့်မှန်းလို့ရတာမို့ သီချင်းထဲစိတ်နှစ်ပြီး ဆော့ကစားရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .          .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password