News

Splinter Cell ကို မိုဘိုင်းလ် ဗားရှင်း အနေနဲ့ သယ်ဆောင်လာမယ့် Tom Clancy’s Secret Project Alpha

The Splinter Cell franchise မိုလ်ဘိုင်းပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပေမယ့် အားလုံး မှန်းထားတဲ့ PC ဗားရှင်း အတိုင်း အတိအကျကြီးတော့ ဖြစ်လာမှာ မဟုတ်ပါဘူးတဲ့နော်… 😃)။ Splinter Cell မိုလ်ဘိုင်း ဗားရှင်းဖြစ်တဲ့ Tom Clancy’s Secret Project ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဂိမ်းအကြောင်းကို နည်းနည်းလောက်ပြောပြပါမယ်နော်။

ဒီဂိမ်းထဲမှာ သင်မျှော်လင့်နိုင်တာက gacha RPG ဂိမ်းပုံစံကိုပါ။ Gacha RPG ဖြစ်တာကြောင့် Free to download ဖြစ်ပေမယ့် တကယ့်ငွေကြေးကို အသုံးပြုပြီး ဝယ်ရမယ့် loot boxes တွေပါဝင်လာမှာပါ။

ဂိမ်းထဲမှာ Ubisoft’s Division, Rainbow Six, Ghost Recon နဲ့ Splinter Cell franchise တို့မှ စစ်သားတွေ/ ဇာတ်ကောင်တွေ ပြန်ပြီး ပါဝင်လာမယ်လို့ သိရပါတယ်။ Tom Clancy’s Secret Project Alpha က gocha RPG ပုံစံထဲကို Ubisoft ရဲ့ shooter တွေအားလုံးပေါင်းထည့်ထားတာပါ။ သူက shooter game ဂိမ်း သီးသန့်ကြီး မဟုတ်ပါဘူး။ Stealth ဂိမ်းကြီးပဲလည်း မဟုတ်ပါဘူး။ အားလုံကို ရောထားတဲ့ ပုံစံပါ။ ဂိမ်းထဲမှာ ကျယ်ပြန့်တဲ့ campaign တစ်ခုနဲ့ events တွေကို ရင်ဆိုင်ပြီး player က 5vs 5 battle တွေကို ဆင်နွှဲရမှာပါ။ တိုက်ပွဲတွေကိုအောင်မြင်စွာ ဆင်နွှဲနိုင်ရင်တော့ အရမ်းကိုမိုက်တဲ့ ဆုလာဒ်တွေ ရမှာဖြစ်တယ်လို့ သိရပါတယ်။

Player က ကိုယ့်ရဲ့ ကိုယ်ပိုင် စစ်သားတစ်ယောက်ချင်းစီကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး အဲ့ဒီ စွမ်းအားမြှင့်ပေးထားတဲ့ စစ်သားတွေနဲ့ တိုက်ပွဲတွေကို လိုက်ပြီး ဆင်နွှဲပေးရမှာပါ။ အခုလတ်တလောမှာတော့ Tom Clancy ရဲ့ Secret project ဟာ Alpha အဆင့်ကနေ beta အနေနဲ့ဆော့ကစားနိုင်ပါပြီ။ Beta အနေနဲ့ ကစားခွင့်ကိုတော့ ၇ ရက်ပဲ သတ်မှတ်ပေးထားတာကြောင့် အချိန် မလင့်သွားရလေအောင် အခု ချက်ချင်းပဲ စမ်းကြည့်ဖို့ ပြေးပြီး download လုပ်ထားလိုက်တော့နော်။ ဒီ link ထဲကို ဝင်ပြီး download လုပ်လို့ လည်းရပါတယ်။

အယ့် မကစားခင် အောက်က နမူနာ Gameplay ပုံစံလေးကို ကြည့်သွားလိုက်ဦးနော်။ 😃)

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: