Tom and Jerry Cartoon Series ထဲက Character တစ်ဉီးဖြစ်တဲ့ Jerry နေရာကနေဆော့ကစားရမယ့် Tom & Jerry: Mouse Maze FREE!

Tom and Jerry Cartoon Series ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ကျွန်တော်တို့ငယ်ဘဝရဲ့အဖော်ကောင်းဖြစ်ခဲ့သလို အသက်ကြီးတဲ့အခါပြန်ကြည့်တော့လဲ မရိုးနိုင်တဲ့ Series တစ်ခုလည်းဖြစ်ပါတယ်။ Tom and Jerry’s Giant Adventure ဆိုတဲ့ အမည်နဲ့ ၂၀၁၃ မှာထွက်ရှိထားတဲ့ Movie ကတော့တော်တော်ကြည့်လို့ကောင်းတဲ့ Movie တစ်ခုဖြစ်တာကြောင့် Tom and Jerry Fan တွေအနေနဲ့ကြည့်သင့်ပါတယ်လို့ Suggest လုပ်ပါရစေ။ အဲ့တာကတော့ကျွန်တော်နောက်ဆုံးကြည့်ထားရတဲ့ Movie ဗျ။ နောက်ထက်အသစ်ထွက်ထားတာရှိနေရင်လည်း ကျွန်တော့်ကို Comment မှာပြန်ပြီး Suggest လုပ်သွားပါဉီး။ ဂိမ်းဘက်ကိုဉီးတည်ပါပြီ။

 

ဒီဂိမ်းမှာတော့ Tom and Jerry မှာပါဝင်တဲ့ Character တော်တော်များများကိုတွေ့ရမှာပါ။ Doggy၊ Tom ရဲ့ သူငယ်ချင်းတွေအစရှိတာတွေပါ။ မိတ်ဆွေ ရဲ့ Character ကတော့ခေါင်းစဉ်ကဖော်ပြထားတဲ့အတိုင်း Jerry ဖြစ်ပါတယ်။ Mission ကဘာလဲဆိုတော့ Cheese တွေယူဆောင်ရမှာပါ။ ယူဆောင်တဲ့နေရာမှာသတိထားရမယ့် Character တစ်ကောင်ရှိပါတယ်။

အဲ့ဒါကတော့ မိတ်ဆွေ Character ရဲ့ကမ္ဘာ့အကြီးဆုံးရန်သူကြီးဖြစ်တဲ့ Tom ပါ။ ဘာကိုသတိထားရမလဲဆိုတော့ ထိပ်တိုက်မတွေ့မိအောင်သတိထားရမှာပါ။ ဘာလို့လဲဆိုတော့ Tom ကမိတ်ဆွေရဲ့ Jerry လေးကိုတွေ့တာနဲ့လိုက်ဖမ်းမှာမလို့ပါ။ အဲ့လိုအခြေအနေမှာ မိတ်ဆွေလုပ်နိုင်တာတစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့နီးစပ်ရာကြွက်တွင်းပေါက်ထဲဝင်ပြေးတာပါ။ နောက်ပိုင်း Level တွေရောက်ရင် Tom တစ်ယောက်တည်းမဟုတ်တော့ပဲသူ့ရဲ့ အပေါင်းအပါတွေပါ ပါဝင်လာမှာကြောင့် လျှင်လျှင်မြန်မြန်နဲ့သတိထားဆော့ရတော့မှာဖြစ်ပါတယ်။

In-game System ကိုဖော်ပြပါရစေ။ မိတ်ဆွေဆော့ရမယ့် နေရာတိုင်းမှာ Cheese တွေရှိနေမှာပါ။ Cheese အပိုင်းအစတွေနဲ့ Cheese တုံးအကြီးဆိုပြီး နှစ်မျိုးကိုတွေ့ရမှာပါ။ Mission က Cheese တွေယူဆောင်ရမယ်ဆိုပေမဲ့ Cheese အတုံးကြီးယူမှသာ Mission ပြီးမြောက်မှာဖြစ်ပါတယ်။ Mission တိုင်းမှာ သတ်မှတ်ထားတဲ့အချိန်တစ်ခု ရှိပါတယ်။

Cheese အပိုင်းအစယူမိရင်လည်း မိတ်ဆွေရဲ့ ရိုးရိုး Score မှာသွားပေါင်းပေးမှာဖြစ်တာကြောင့်ယူမိလည်းအကျိုးမယုတ်ဘူးဗျ။ Mission တစ်ခုတိုင်းမှာယူဆောင်ရမယ့် Cheese အရေအတွက်သတ်မှတ်ထားမှာဖြစ်ပြီးသတ်မှတ်ထားတဲ့ ပမာဏအတိုင်းယူဆောင်ပြီး ကြွက်တွင်းအပေါက်ထဲဝင်နိုင်မှသာ အနိုင်ရရှိမှာဖြစ်ပါတယ်။ First Floor, Bedroom, Cellar, Attic နဲ့ School အစရှိတဲ့နေရာတွေမှာဆော့ကစားရမှာဖြစ်ပါတယ်။ နေရာတစ်ခုချင်းစီမှာ Level တွေထပ်မံပိုင်းခြားထားတာကိုလည်းတွေ့ရမှာပါ။

Free To Play ပါ။ Android Platform တစ်မျိုးတည်းမှာသာကစားနိုင်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ စစဆော့ချင်း Level တွေမှာတော့မသိသာပေမယ့်နောက်ပိုင်း level တွေမှာစိတ်လှုပ်ရှားစရာတွေကစောင့်ကြိုနေတာကြောင့် Level နောက်ပိုင်းအထိရောက်အောင်ဆော့ဖို့ အကြုံပြုပါရစေ။ ငယ်ဘဝက Character တွေနဲ့တစ်ဖန်တွေ့ဆုံရမယ့် ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

 

Image Source :  Tom & Jerry: Mouse Maze FREE

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password