Mobile Platform ပေါ်ကို RTS ဂိမ်းအသွင်နဲ့ ရောက်ရှိလာတဲ့ Titanfall: Assault

Console နဲ့ PC ပေါ်က နာမည်ကျော် first-person-shooter ဂိမ်းတစ်ခုဖြစ်တဲ့ Titanfall ဟာ နောက်ဆုံးတော့ Mobile Platform ပေါ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို လူတွေသိကြတဲ့ FPS အသွင်နဲ့မဟုတ်ပဲ Clash of Royale ဆန်ဆန် real-time-strategy ဂိမ်းအသွင်နဲ့ ရောက်ရှိလာတာပါ။ Clash of Royale clone တွေ မှိုလိုပေါက်နေတဲ့အချိန်မှာ Titanfall: Assault ဟာ သူ့ရဲ့ Main title ရဲ့ Element တွေကို ပိုင်ပိုင်နိုင်နိုင် ထည့်သွင်းအသုံးပြုပြသွားပြီး အခြားဂိမ်းတွေထက် တစ်မူထူးခြားကြောင်း သက်သေပြသွားခဲ့ပါတယ်။

ကစားနည်းကတော့ လူတွေအားလုံးနဲ့ ရင်းနှီးနေတဲ့ Unit Card တွေကို Energy အသုံးပြုပြီး မြေပုံပေါ်မှာချပြီး ကစားရတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ အသုံးပြုရမယ့် card တွေကို Pilot ၊ Titan နဲ့ Burn card ဆိုပြီး အမျိုးအစား ၃ မျိုး ခွဲခြားနိုင်ပါတယ်။ Card အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုရပုံချင်း မတူညီကြပါဘူး။ Pilot တွေကို “Hardpoints” လို့ခေါ်တဲ့ နေရာတွေကို သိမ်းပိုက်တဲ့နေရာမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အချစ်တော် Titan တွေကိုကျတော့ ရန်သူရဲ့ Base ကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုရမှာပါ။ ဒါ့အပြင် Burn card တွေကိုအသုံးပြုပြီး Missile attack တွေ၊ Sentry tower ထောင်တာမျိုးတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 .         

တိုက်ပွဲတွေကို Training Ground ၊ Boneyard ၊ Crash Site ၊ Angel City အစရှိတဲ့ မြေပုံတွေမှာ ဆော့ကစားရမှာ ဖြစ်ပါတယ်။ တိုက်ပွဲကို အောင်နိုင်ဖို့အတွက် condition ၂ ခု ရှိပါတယ်။ ပထမတစ်ခုက ရန်သူရဲ့ Base ကို ဖျက်ဆီးပစ်ခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ “Hardpoints” တွေကို သိမ်းပိုက်ထားပြီး ရမှတ် ၁၀၀ အရင်ပြည့်တဲ့ဖက်က အနိုင်ရရှိတာပါ။

“Hardpoints” mechanic ဟာ Titanfall: Assault ရဲ့ ကောင်းကွက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ Hardpoints တွေကို Titan တွေနဲ့ သိမ်းပိုက်လို့မရဘဲ Pilot တွေနဲ့သာ သိမ်းပိုက်လို့ရမှာ ဖြစ်ပါတယ်။ ဒါဟာ Gameplay တစ်ခုလုံးကို ပိုပြီး နည်းဗျူဟာကျကျ စဉ်းစားရဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားပါတယ်။ သင့်ရဲ့ Deck ကို Titan တွေချည်းပဲ ထည့်သွားမယ်ဆိုရင် ရန်သူ Base ကို တိုက်ခိုက်ဖို့ လွယ်ကူပေမယ့် ရန်သူဖက်က Hardpoints တွေသိမ်းပြီး သင့်ကို အနိုင်ယူသွားနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းစပြီး ၁ မိနစ်ကြာတဲ့အခါမှ Titan တွေကို စတင်အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် Pilot unit တွေက Early Game အတွက် အလွန်အရေးပါပါတယ်။ ဒါ့အပြင် Burn card တွေကလည်း Point control နဲ့ အရေးအပေါ်အခြေအနေတွေမှာ အသုံးပြုဖို့အတွက် လိုအပ်ပြန်သေးတာမို့ balance ဖြစ်တဲ့ Deck တစ်ခုကို တည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။

 .         

ဒီဂိမ်းမှာ Unit တွေကို level တင်ပြီး stats တွေပိုကောင်းလာအောင် လုပ်လို့ရပါတယ်။ Upgrade လုပ်တာကလည်း အင်မတန်ရိုးရှင်းပြီး click တစ်ချက်နဲ့ ဇာတ်လမ်းပြတ်တာမို့ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး ခေါင်းရှုပ်ခံစရာမလိုပါဘူး။ ဒါ့အပြင် Freemium ဂိမ်းတွေမှာ မြင်နေရကျဖြစ်တဲ့ timer နဲ့ ဖွင့်ရတဲ့ cache တွေ၊ IAP တွေလည်း ပါဝင်ပါသေးတယ်။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ အထွေအထူး ပြောစရာမရှိပါဘူး။ Legendary unit တွေ မြန်မြန်လိုချင်ရင်တော့ ပိုက်ဆံနဲ့ cache တွေ၊ premium currency တွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Titanfall: Assault ဟာ သူသူငါငါ Clash of Royale clone တွေကနေ ကွဲထွက်နေတဲ့ RTS ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့မှာ Deck တည်ဆောက်တာကစပြီး တိုက်ပွဲဆင်နွှဲတဲ့အထိ strategy ကျကျ စဉ်းစားရမယ့်အပိုင်းတွေ အများကြီးပါဝင်တာမို့ RTS ပရိသတ်တွေ သဘောတွေ့ကြမှာပါ။ ဒါ့အပြင် Main title တွေက element တွေကို ကျကျနန ထည့်သွင်း အသုံးပြုထားတဲ့အတွက် Titanfall ပရိသတ်တွေလည်း နှစ်သက်ကြမှာပါ။ Mobile ပေါ်မှာ RTS ဂိမ်းကောင်းကောင်း ကစားချင်သူတွေ စမ်းသပ်ဆော့ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

Image Sources:

http://www.titanfallassault.com/

https://itunes.apple.com/us/app/titanfall-assault/id1174540600?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password