ဒီဂိမ်းကို 2006 တုန်းက PC Game အနေနဲ့ထွက်ရှိထားဖူးပါတယ်။ တချို့တွေလည်း PC မှာဆော့ဖူးကြမှာပါ။ ဒါပေမဲ့ အခုပြောပြမှာကတော့ Titan Quest ကို Mobile Game အနေနဲ့ပြောပြမှာပဲဖြစ်မှာပါ။ RPG နဲ့ Action ရသနှစ်မျိုးလုံးပေးနိုင်တဲ့ game လေးလည်းဖြစ်ပါတယ်။
ဒီ Titan Quest Game ရဲ့ Story ကတော့ Titan တွေအကျဉ်းထောင်ကလွတ်မြောက်ရာကစတင်တာပါ။ အကျဉ်းထောင်ကလွတ်လာပြီဖြစ်လို့လူသားမျိုးနွယ်ကိုဖျက်ဆီးဖို့ကတော့အဆင်သင့်ပါပဲ။ Titan တွေကအများကြီးဖြစ်တာကြောင့် ဘုရားသခင်လည်းမရပ်တန့်နိုင်ပါဘူး။ အဲ့ဒီတော့ လူသားမျိုးနွယ်ကိုကာကွယ်နိုင်မယ့် Hero တစ်ယောက်တော့လိုအပ်လာပါပြီ။လူသားမျိုးနွယ်အနိုင်ရရှိရေးက အဲ့ဒီ Hero အပေါ်မူတည်နေပါပြီ။ အဲ့ဒီ Hero ကတော့မိတ်ဆွေပါပဲ။ မိတ်ဆွေကလိုချင်တဲ့ Hero မျိုးကိုပေးထားတဲ့ Item တွေနဲ့စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။ မိတ်ဆွေကြိုက်တဲ့လက်နက်နဲ့ကစားနိုင်မှာပါ။ လေး၊ မြှား၊ ဓား၊ မှော်ပညာ၊ အစရှိတာတွေပဲဖြစ်တယ်။ မိတ်ဆွေရွေးထားတဲ့ Character ကိုပိုမိုကြမ်းချင်တယ်ဆိုရင်တော့လက်နက်တွေ၊ Armor တွေကို Upgrade လုပ်ရမှာဘဲဖြစ်ပါတယ်။ဒါ့အပြင် မိမိ quest ပြီးမြောက်အောင်အထောက်အကူပေးမယ့် item တွေကိုရှာဖွေရဦးမှာပဲဖြစ်ပါတယ်။ legendary swords, devastating thunderbolts, enchanted bows အစရှိတာတွေပဲဖြစ်ပါတယ်။
ဒီဂိမ်းကို Mobile platform အတွက်သေချာ Design ပြန်ဆွဲပြီးထုတ်ထားတာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့အချိန် Touch ကိုအလွယ်တကူ ရွေ့ပြီးဆော့နိုင်မှာဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ကမ္ဘာအသစ်ကိုစူးစမ်းရှာဖွေရမှာလည်းဖြစ်ပါတယ်။ နေ့နဲ့ညပြောင်းတာကိုလည်းတွေ့ရမှာပါ။
မတူညီတဲ့ Creature ၈၀ ကျော်နဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Minotaurs, Cyclopses, Gorgons စတာတွေအပါအဝင်ပေါ့ဗျာ။ Item အနေနဲ့ 1200 ကျော်လောက်ကိုရှာဖွေရမှာပါ။ Character အနေနဲ့ ၃၀ ရွေးစရာရှိပါတယ်။ Skill အနေနဲ့က ၁၅၀ လောက်မြင်တွေ့ရမှာပါ။ မိတ်ဆွေဒီဂိမ်းဆော့မယ်ဆိုရင် အပြီးအစီးအနည်းဆုံး ၆၀ နာရီလောက်ဆော့ရမှာပါ။ High-quality graphic အသုံးပြုထားတာကြောင့်မိတ်ဆွေဆော့ရတာလည်းအဆင်ပြေပါတယ်။
Free To Play တော့မဟုတ်ပါဘူး။ Dollar 7.99 ဖြင့်ရယူနိုင်ပါပြီ။ 7.99 ပေးရပေမယ့်လည်း High-Quality Graphic နဲ့ Sound System ကလည်းမဆိုးတာကြောင့် ဆော့ရတာလည်းတန်ပါတယ်။ Android နဲ့ IOS နှစ်မျိုးလုံးတွင်ကစားနိုင်တာကြောင့် Android Player တွေရော IOS Player များကိုပါ သတင်းပေးလိုက်ပါတယ်။
Image Source:
https://play.google.com/store/apps/details?id=com.dotemu.titanquest&hl=en