ArticleFeatures

Chicken dinner အမြဲစားချင်တဲ့ PUBG player တွေသိထားသင့်တဲ့အခြေခံအချက်များ

ဒီနေ့မှာတော့ Playon ကိုယ်စားကျွန်တော် PUBG player တွေကို နည်းနည်းဆရာဝင်လုပ်ချင်ပါတယ်။ “ဆရာကြီးဟေ့ ****” ဆိုပြီးတော့ တော့မမန့်ကြပါနဲ့ခင်ဗျာ။ (အထာမပေါက်ရင် Troller တစ်ယောက်ယောက်ကိုမေးကြည့်ပါ 🤣).. PUBG player တွေအတွက် Chicken dinner နဲ့မဝေးရအောင် အခြေခံအချက် ၅ ချက်ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီ tips တွေက PUBG mobile ကိုအခြေခံပြီးဖော်ပြထားတာဆိုပေမယ့် logic ပိုင်းကတူနေမှာဖြစ်တဲ့အတွက် PUBG လိုအခြား Battle Royale ဂိမ်းမျိုးတွေမှာလည်း အသုံးဝင်လောက်မှာပါ။

၁. စတင်လေထီးဆင်းတဲ့အချိန်

လေယာဉ်ပျံပေါ်ကနေ စတင်လေထီးဆင်းတဲ့အချိန် Player တော်တော်များများက ငါတို့တော့ဘယ် location မှာဆင်းမယ်၊ ဘယ်အိမ်ကိုဆင်းပြီး ပစ္စည်းကောက်ကြမယ် စတဲ့အချက်တွေကို အလေးပေးစဉ်းစားကြပေမယ့် ငါတို့ဘယ်လိုနည်းနဲ့ မြေပြင်ကိုဆင်းရင် ပြိုင်ဘက်ဆင်းသူထက်အရင်ဉီးဆုံးရောက်မယ်ဆိုတဲ့အချက်ကို မေ့လျော့နေတာပဲဖြစ်ဖြစ်၊ နည်းလမ်းမသိတာပဲဖြစ်ဖြစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုနည်းနဲ့ဆင်းရင် တခြားသူတွေထက် မြေပြင်ကိုအရင်ရောက်နိုင်တယ်ဆိုတာကို အောက်ပါ ပုံထဲကလေ့လာနိုင်ပါတယ်။

မိတ်ဆွေ ဆင်းမယ့်မြေပြင် location ကိုပထမဉီးဆုံး Map မှာ point လုပ်ထားလိုက်ပါ။ ပြီးရင် ကိုယ့် character ရဲ့ Position ကို point လုပ်ထားတဲ့ location နဲ့ ၉၀ ဒီဂရီပုံစံမျိုးထားလိုက်ပါ။ ပြီးပြီဆိုရင်တော့ ဘယ်ဘက်က အရှေ့အနောက်ရွေ့တဲ့ ခလုတ် postion ကို ပုံထဲကအတိုင်း နာရီလက်တံ ၁၀ မှာထားလိုက်ပါ။ အဲ့လိုပုံစံမျိုးနဲ့ မြေပြင်ကိုဆင်းသက်မယ်ဆိုရင်တော့ ကိုယ် point လုပ်ထားတဲ့ location ကိုတန်းရောက်နေမှာဖြစ်သလို ဆင်းတဲ့အရှိန်ကလည်းပြိုင်ဘက်ထက်ကို သိသိသာသာပိုမြန်နေမှာဖြစ်ပါတယ်။

၂.  Safe Zone နဲ့ ရန်သူ

မြေပြင်ကို ဆင်းသက်လာပြီးတဲ့အချိန် ကိုယ့်အတွက်လိုအပ်တဲ့ သေနတ်၊ ကျည်ဆံ၊ ကျည်ကာဝတ်စုံ၊ ကျည်ကာခေါင်းစွပ်၊ သွေးအိတ်၊ လက်ပစ်ဗုံး အစရှိတဲ့ ပစ္စည်းကိရိယာတွေစုံစုံလင်လင်ရှာဖွေပြီးပြီဆိုရင်တော့ Safe Zone နဲ့နီးစပ်ရာ (သို့) Safe Zone ထဲကိုသွားသင့်ပါပြီ။ (Vehicle တစ်ခုခုတွေ့ထားရင်တော့ အေးဆေးနေလို့ရပါတယ်။).. အဲ့မှာပြောချင်တာက Safe Zone ကိုသွားတဲ့လမ်းမှာ ရန်သူတွေအချင်းချင်းပစ်ခတ်နေတဲ့ Gunshot အသံကြားရင် ဝင်မပါပါနဲ့။ ပုန်းဝပ်နေလိုက်ပါ။ ကိုယ်ဝင်ပါလိုက်ရင် ကိုယ့်ရဲ့သေနတ်သံကြောင့် သူတို့ Target ကကိုယ့်ဆီရောက်လာနိုင်သလို ဂိမ်းရဲ့ အဓိက objective ဖြစ်တဲ့ Safe Zone ကိုသွားရောက်မှုနဲ့ Survice လုပ်ရာမှာ နှောင့်နှေးတတ်ပါတယ်။ ရန်သူကို မသတ်လိုက်ရတာကိစ္စမရှိပေမယ့် Safe Zone ကိုအချိန်မှီမသွားနိုင်ရင်တော့ ကွိုင်ရှိပါတယ်။

ကိုယ့်ကိုမြင်သွားတဲ့ရန်သူနဲ့ တွေ့ရင်တော့ အခြေအနေကိုဉီးဆုံးအကဲခတ်ပါ။ ကိုယ့်ဘက်က Position အသားစီးအနေအထားဆိုရင်တော့ယှဉ်ပစ်ပါ။ Position မသာဘူးဆိုရင်တော့ Smoke (or) Stun grenade ပဲဖြစ်ဖြစ်၊ Frag grenade တစ်မျိုးမျိုးကိုအသုံးပြုတိုက်ခိုက်ဖို့အကြုံပြုချင်ပါတယ်။ (Grenade တွေရဲ့အသုံးဝင်မှုတွေကို အောက်မှာဖော်ပြပေးထားပါတယ်။)

၃. Teamwork ရှိမှု

Solo မှာတော့ ကိစ္စမရှိပေမယ့် Duo တို့ Squad mode တို့မှာဆိုရင် Chinken dinner စားရ/ မစားရတာက Teamwork အပေါ် ၈၀ ရာခိုင်နှုန်းလောက်အထိကို မှုတည်ပါတယ်။ ဘယ်လောက်ပဲ Skill ရှိရှိ နောက်ဆုံးမှာ Teamwork ကောင်းတဲ့ Squad ချရင် Skill ရှိတဲ့ကောင်တောင် ခံရတာပါပဲ။ Perfect Teamwork တစ်ခုရှိတဲ့ Squad ဖြစ်ဖို့ဆိုရင် ကျန်တဲ့ player ၃ ယောက်ဘက်ကလိုအပ်သလို မိတ်ဆွေဘက်ကလည်းလိုအပ်ပါတယ်။ ဉပမာပြောရရင် ပစ္စည်းကောက်တဲ့နေရာမှာ ကိုယ်ပစ္စည်းစုံနေပြီဆိုရင် တခြား Teammate ကိုဉီးစားပေးလိုက်တာတို့၊ Scope တို့ Medical kit တို့ Grenade တို့ပိုနေရင် Teammate ကိုပေးထားတာတို့ စတာလေးတွေပြုလုပ်သင့်ပါတယ်။ Squad တစ်ခုလုံးပစ္စည်းစုံနေမှ Chicken dinner စားဖို့ chance ကပိုများတာကြောင့် အခုလို မေတ္တာတရားပွားများဖို့ တိုက်တွန်းရတာပဲဖြစ်ပါတယ်။ 🤣)

နောက်တစ်ခုအရေးကြီးတာက ကိုယ့် Teammate တွေနဲ့ အနီးစပ်ဆုံး မြင်နိုင်လောက်တဲ့ location တစ်ခုမှာနေဖို့လည်းလိုအပ်ပါတယ်နော်။ အဲ့ဒါမှ အချခံလိုက်ရရင် Revive လုပ်နိုင်ဖို့ ပိုလွယ်ကူသလို ရန်သူ့နေရာအတိအကျကို မြင်နိုင်ဖို့ပိုမိုလွယ်ကူနေမှာမလို့ပါ။

၄. Grenade တွေရဲ့အသုံးဝင်မှု

ကျွန်တော်အပေါ်ကပြောခဲ့တဲ့အချက်တွေရဲ့ အရေးကြီးဆုံးပစ္စည်းတွေမှာ Grenade ကို မပါမဖြစ်ထည့်သွင်းပြောကြားခဲ့တာတော်တော်များများသတိထားမိမှာပါ။ လူကယ်တာကစပြီး Chicken dinner ရနိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်တဲ့ လက်နက်တစ်ခုဖြစ်တာမို့ အရေးကြီး item တစ်ခုလို့ဆိုရတာပဲဖြစ်ပါတယ်။

PUBG မှာဆိုရင် Frag grenade, Molotov grenade, Smoke grenade, Stun grenade ဆိုပြီး grenade အမျိုးအစား ၄ မျိုးပါဝင်ပါတယ်။ Frag နဲ့  Molotov grenade တို့က damage ဖြစ်စေပြီး Smoke နဲ့ Stun grenade တို့ကတော့ ရန်သူရဲ့ sense ကိုလွဲမှားမှုဖြစ်စေပါတယ်။ Grenade တွေက အခြေအနေအပေါ်လိုက်ပြီး မိတ်ဆွေစိတ်ကြိုက် အဆင်ပြေတဲ့ပုံစံမျိုးနဲ့အသုံးပြုနိုင်တာဖြစ်ပြီး ကိုယ်သွက်ရင် သွက်သလောက် grenade ရဲ့အသုံးဝင်မှုတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

Note: Molotov grenade တစ်ခုပဲ တံခါးကိုဖောက်ပြီးရန်သူကို damage ဖြစ်စေပေမယ့် ကျန်တဲ့ grenade တွေက မှန်တစ်ခုပဲ ဖောက်ပါတယ်။ မှန်ကလွဲလို့ တခြားဆိုရင် User ဆီကိုပြန်ကန်လာတတ်ပါတယ်။ ✌🏾)

တခြားဟာတွေတော့ ထွေထွေထူးထူးပြောစရာမရှိပေမယ့် လူကယ်တဲ့အချိန်မှာ Smoke grenade အမျိုးအစားကိုအသုံးပြုပြီး Revive လုပ်ကြဖို့ ကျွန်တော့်အနေနဲ့တိုက်တွန်းချင်ပါတယ်။ ကိုယ့် Teammate အပစ်ခံရပြီဆို ချက်ခြင်းကြီး revive လုပ်ဖို့ မကြိုးစားပါနဲ့ဉီး။ ဘာလို့လဲဆိုတော့ ရန်သူတော်တော်များများက တစ်ကောင်ပစ်နိုင်လိုက်ပြီဆိုရင် အသေမသတ်သေးပဲ မှောက်သွားတဲ့ကောင်ကို revive လာလုပ်မယ့် Teammate ကိုပါ အပါခေါ်ဖို့ Bait လုပ်ထားတတ်ကြလို့ပါ။ မိတ်ဆွေအနေနဲ့ လည်းရန်သူကဘယ်နှယောက်ရှိလည်း တိတိကျကျမသိနိုင်တဲ့အနေအထားမို့ revive လုပ်ဖို့ Smoke grenade ကိုဖောက်လိုက်ဖို့ အကြုံပြုချင်ပါတယ်။

Grenade ဖောက်တဲ့နေရာမှာလည်း grenade ကိုမပစ်လိုက်ပါနဲ့။ လက်ထဲမှာ ၅ စက္ကန့်တိတိကိုင်ထားရင် အလိုလိုပေါက်ပြီး ကိုယ့်ပတ်ဝန်းကျင်တစ်ဝိုက်မှာ smoke တွေဖြစ်သွားပါလိမ့်မယ်။ အဲ့လိုအခြေအနေရောက်မှာ Smoke ရဲ့အကာအကွယ်ကိုယူပြီး Teammate ကို revive လုပ်မယ်ဆိုရင် ကိုယ်ရောသူရော ရှင်သန်နိုင်ဖို့ Chance ကအများကြီးဖြစ်သွားမှာပဲဖြစ်ပါတယ်။

၅. Vehicle ရွေးချယ်မှု

Vehicle ရွေးချယ်တဲ့နေရာမှာ ကိုယ့်ရွေးချယ်လိုက်တဲ့ Vehicle ကဘယ်လောက်အထိခံနိုင်မှုရှိလဲဆိုတာသိနေဖို့လည်းလိုအပ်ပါတယ်။ အဲ့လိုအချက်အလက်တွေသိရဖို့ အောက်ကပုံရိပ်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

အခုဆိုရင်တော့ ဘယ် Vehicle အမျိုးအစားက ဘယ် Gun မျိုးကိုဘယ်လောက်အတိုင်းအတာအထိခံနိုင်မလဲဆိုတာ သိနေပြီဆိုတော့ ရွေးချယ်တဲ့အခါနည်းနည်းဂျီးများလို့ရပါပြီ 🤣)… အခုဖော်ပြသွားတဲ့အချက် ၅ ချက်ကတော့ ကျွန်တော့်အတွေ့အကြုံ၊ Online ကမွှေနှောက်ထားတဲ့ info တွေကိုပေါင်းစပ်ပြီး Road to chicken dinner အတွက်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ Chicken dinner အတွက် စိတ်ရှည်ကြပါလို့ ပြောကြားရင်း အခုလိုမျိုး ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့အချက်လေးတွေနဲ့ နောက်နေ့မှာပြန်လာခဲ့ပါ့မယ်။ 😉)

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password