News

App Store ပေါ်ကို ရောက်ရှိလာတော့မယ့် အလန်းစား Rhythm ဂိမ်း Thumper

ထွက်ရှိဖူးသမျှ Rhythm ဂိမ်းတွေထဲက အကောင်းဆုံးတစ်ခုလို့ တင်စားခေါ်ဝေါ်ခံရတဲ့ အလန်းစား Rhythm ဂိမ်း Thumper ဟာ iOS အတွက်ထွက်ရှိလာတော့မယ်ဆိုတာကို App Store ရဲ့ Feature အသစ်ဖြစ်တဲ့ Pre-Order section ကနေတစ်ဆင့် သိရှိလိုက်ရပါတယ်။ ၂၀၁၈ ဇန်နဝါရီ ၂၄ ရက်နေ့ထွက်ရှိမယ်လို့ list လုပ်ထားတဲ့အတွက် ဒီဂိမ်းထွက်ရှိဖို့ တစ်လစွန်းစွန်းလေးပဲစောင့်ရတော့မှာဖြစ်ပါတယ်။

Thumper ဆိုတာကတော့ Rhythm ဂိမ်းကို Racing ဂိမ်း element တွေထည့်သွင်းပေါင်းစပ်ထားပြီး 3D visual effect အလန်းစားတွေနဲ့ဖန်တီးထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားလှတဲ့ gameplay ကြောင့် category ခွဲလို့မရတဲ့အတွက် developer တွေက Rhythm Violence ဆိုပြီး စကားလုံးအသစ်ဖန်တီးပြီး ခေါ်ဝေါ်ခဲ့ရတဲ့အထိပါပဲ။ ဒီဂိမ်းမှာ High speed နဲ့သွားနေတဲ့ Space Bettle ကိုထိန်းချုပ်ရမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ သီချင်း notes တွေကို စည်းချက်ကျကျနှိပ်သွားပြီး ခရီးဆက်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ fast paced ဖြစ်တဲ့ gameplay ကြောင့် ကစားရင်း Adrenaline Rush ပါခံစားရစေတယ်လို့ဆိုကြရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

Developer ဖြစ်တဲ့ Drool က ဒီဂိမ်းကို Thumper: Pocket Edition ဆိုတဲ့ အမည်နဲ့ App Store ပေါ်ကိုသယ်ဆောင်လာမှာဖြစ်ပါတယ်။ Pocket Edition လို့အမည်တပ်ထားတဲ့အတွက် direct port မဟုတ်ပဲ ဘာတွေများလျှော့ထားမလဲလို့ စိုးရိမ်စိတ်လေးတော့ဝင်မိပါတယ်။ ဒါပေမယ့် Rhythm ဂိမ်းချစ်သူတွေအတွက်ကတော့ ဆော့စရာအပျံစားဂိမ်းတစ်ခု တိုးလာတာပဲဖြစ်ပါတယ်။ Pre-Order listing အရဆိုရင်တော့ Thumper: Pocket Edition ကို $4.99 ပေးရမှာဖြစ်ပါတယ်။ ဒီလိုအပျံစားဂိမ်းကို အဲလောက်ပေးပဲရတာဆိုရင်တော့ fair ဖြစ်တဲ့စျေးလို့ဆိုရမှာပါ။ Rhythm ဂိမ်းတွေအသေကြိုက်တဲ့ကျွန်တော်ကတော့ pre-order လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password