Features

ကြောက်တတ်ရင် လုံးဝကို မဆော့ကြည့်သင့်တဲ့ ဂိမ်း(၃)ခု

ကြောက်စိတ်ဆိုတာ ထိန်းချုပ်လို့မရတဲ့ အရာတွေထဲက တစ်ခုပါ။ ပါးစပ်က “ငါမကြောက်ဘူးကွ” လို့ ကြွေးကြော်နေပေမယ့် မသိစိတ်က ကြောက်နေတဲ့ ခံစားချက်ကိုတော့ ညာလို့မရပါဘူး။ (ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံး ဖြစ်မှာပါ ) 👻

မင်မင် အခု မိတ်ဆက်ပေးမယ့် ဂိမ်း (၃) မျိုးကို ကြောက်တတ်ရင် လုံးဝကို မဆော့ကြည့်ပါဘူး။ ကိုယ့်ကိုယ်ကို တကယ် သတ္တိရှိပြီး ရဲရင့်တဲ့သူလို့ ခံယူထားမှ play ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိမ်းထဲမှာပါတဲ့ Graphic Design နဲ့ အသံတွေက တော်တော် ကျောချမ်း ဖို့ကောင်းလို့ပါ။

Night Terrors: The beginning ( iOS only )

AR effect သုံးပြီး လူတွေရဲ့ ကြောက်လန့်စိတ်ကို အမြှင့်ဆုံးရောက်လာအောင် ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းကို စတင်ဖို့အတွက် Camera mode ကို အသုံးပြုရမှာပါ။ ဒါ့အပြင် အိမ်ထဲမှာရှိတဲ့ မီးတွေ အားလုံးကို ပိတ်ထားဖို့နဲ့ အသုံးပြုမယ့် device ကို earphones (သို့) headphones တပ်ထားဖို့လိုပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေအားလုံးက ကိုယ့်အိမ်ထဲမှာပဲဖြစ်နေမှာပါ။ Camera ထဲမှာ ပေါ်နေတာက တစ်ခု အပြင်မှာ တွေ့နေရတာက တစ်ခု အမြင်နှစ်ခု နဲ့ ကြောက်စရာအကောင်းဆုံး အတွေ့အကြုံသစ်တွေကို ပေးနိုင်ပါတယ်။ လုံးဝကို မကြောက်ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်ရင် မမြင်အပ်တဲ့ သတ္တဝါတွေကိုတော့ ကစားရင်းနဲ့ပဲ ကိုယ်တိုင် မိတ်ဆက်လိုက်ပါနော့်။ အချိန်က ည (၁၂) နာရီလောက် တစ်အိမ်လုံးမီးတွေပိတ်ပြီး ကစားရင်ပိုကြောက်စရာကောင်းမှာပါ။ တစ်ယောက်တည်းတော့ ထမအော်နဲ့ဦးနော်။ စိတ်လေးဘာလေးထိန်းထား။ညကြီး အချိန်မတော် လူကြီးတွေနိုးကုန်မယ်။ (:b)

Download link – IOS (Free)

 

Eyes: The Horror game (Android/ iOS)

ဒီဂိမ်းကလည်း horror ဂိမ်းတွေထဲမှာ နာမည်တော်တော်ကြီးတဲ့ဂိမ်းပါ။ First Person perspective ဂိမ်းဖြစ်တဲ့အတွက်အဖြစ်အပျက်အားလုံးကို ကိုယ်တိုင် ကြုံတွေ့နေရသလို ခံစားရမှာပါ။ အမှောင်စွမ်းအင်တွေ ဖုံးလွှမ်းနေတဲ့ သရဲ အိမ်ကြီးထဲကနေ လွတ်မြောက်အောင် ရုန်းကန် ရမှာဖြစ်ပြီး ဆာလောင်နေတဲ့ ဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုတွေကို တတ်နိုင်သမျှ ပုံးရှောင်ရမှာပါ။ ဂိမ်းရဲ့ နာမည်အတိုင်း နေရာတိုင်းမှာ ကိုယ့်ကို စောင့်ကြည့်နေတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါတွေရှိနေမှာနော်…!!!  ဒီဂိမ်းကို ကစားကြည့်သင့်တဲ့ အချိန်ကတော့ ညဘက် လူခြေတိတ်ချိန် အခန်းထဲတစ်ယောက်ထဲရှိနေတဲ့အချိန်မှာ ကစားသင့်ပါတယ်။ ခွေးတွေအူနေတဲ့ အချိန်ဆိုပိုကောင်းပါတယ်။

Download link – Android (Free)/ IOS (Free)

 

Decay: The Mare (Android/ IOS)

Decay: The Mare ကတော့ အပိုင်း (၃) ပိုင်း နဲ့ PC ပေါ်မှာတည်းက နာမည်ကြီးပြီးသားဂိမ်းပါ။ Play Store မှာတော့ အပိုင်း (၃) ပိုင်းလုံးပူးထားတာမတွေ့ရပဲ တစ်ပိုင်းစီ episode(1),(2) နဲ့ ထွက်ထားတာတွေ့ရပါတယ်။ Adventure နဲ့ horror ပေါင်းထားတဲ့ ဂိမ်းဖြစ်တဲ့အတွက် ကြောက်ဖို့မကောင်းမှာတော့ လုံးဝ စိတ်မပူပါနဲ့။ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးခဲ့တဲ့ Decay horror Series ကို ဖန်တီးခဲ့တဲ့သူတွေပဲ ပြုလုပ်ထားတဲ့ဂိမ်းဖြစ်တဲ့အတွက် Decay ရုပ်ရှင်ကြည့်ဖူးရင်တော့ ဒီဂိမ်းကို သိမှာပါ။ ဂိမ်းထဲမှာတွေ့ရမယ့် creepy အသံတွေနဲ့ ပုံပျက်နေတဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကို ခံနိုင်ရည်ရှိမှသာ ဒီဂိမ်းကိုဆော့ပါ။ Horror ဂိမ်းအရသာ ပိုရချင်ရင်တော့ ညသန်းခေါင် အိမ်ကလူတွေ အကုန်အိပ်သွားတဲ့အချိန်မှာ volume သံကို အကျယ်ဆုံး မြှင့် အခန်းမီးပိတ်ပြီးတစ်ယောက်တည်း try ကြည့်သင့်ပါတယ်။

Download link – Android (Free)/ IOS ($9.99)

ကြောက်စရာကောင်းတဲ့ Horror ဂိမ်း (၃) ခုအကြောင်းကို ရွေးချယ်ဖော်ပြပေးပြီးပြီ ဆိုတော့ ဘယ်လိုလဲ…ဒီည try ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား မကြောက်တတ်တဲ့ ဘော်ဘော်တို့ရေ ???  😂

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password