Reviews

စစ်ဖြစ်နေတဲ့အချိန် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တွေ့မြင်ခံစားနိုင်မယ့် This War of Mine

တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်၊ စစ်ပွဲတွေ ဖြစ်နေတဲ့အချိန်တွေမှာ ကြုံတွေ့ရတဲ့ ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို တွေ့မြင်ခံစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Gamer တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂိမ်းဖြစ်ပြီး ဆုပေါင်း ၁၀၀ကျော်ကို ရရှိထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ထွက်ရှိထားတဲ့ ဂိမ်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးဆန်းသစ်တဲ့ update တွေ ကြောင့် လူကြိုက်များနေရဖြင်းဖြစ်ပါတယ်။ သာမန်ကစားနေကြ ပုံစံမျိုးနဲ့ ကွဲထွက်တဲ့ အတွေ့အကြုံအသစ်တွေ အများကြီး ပေးစွမ်းနိုင်တာကြောင့် တန်ဖိုးရှိတဲ့ ဂိမ်းတွေထဲက တစ်ခုလို့ ဆိုလို့ရနိုင်ပါတယ်။

ဂိမ်းထဲမှာတွေ့မြင်ရမယ့် မြင်ကွင်းတွေကတော့ သာယာလှပမှုကင်းမဲ့နေပါတယ်။ စစ်ပွဲတွေ ဖြစ်နေတဲ့နိုင်ငံ ဖြစ်တာကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ ပျော်ရွှင်မှုကင်းမဲ့နေတဲ့ ပုံရိပ်တွေပဲ တွေ့ရမှာပါ။ This Wars of Mine ထဲမှာသင်က လက်ရွေးစင်စစ်သား တစ်ယောက်အဖြစ် စစ်တိုက်ပေး ရမှာမဟုတ်ပါဘူး။ စစ်ရှောင်ဒုက္ခသည် အရပ်သားတွေနဲ့ သေဘေးကလွတ်အောင် ကြိုးပမ်းရမှာပါ။

ရင်ဆိုင်ရမယ့် အဓိက ပြသာနာ တွေထဲမှာ အစားအသောက်ဆေးဝါး ပြတ်လပ်မှုနဲ့ ရန်လိုနေတဲ့ သေနတ်သမားတွေရဲ့ အန္တရာယ်တွေ အများဆုံးဖြစ်ပါတယ်။ နေ့နဲ့ည အချိန် နှစ်ပိုင်းနဲ့ ကစားရမှာဖြစ်ပြီး နေ့ဘက်တွေမှာ သေနတ်သမားတွေနဲ့ တွေ့နိုင်လို့ ညဘက်တွေမှာပဲ ကောင်းမွန်တဲ နေရာအသစ်တွေ ပစ္စည်းတွေ လိုက်လံရှာဖွေရမှာပါ။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကစားပေးရမှာဖြစ်လို့ ကိုယ့်ကိုကို ကာကွယ်ရုံနဲ့ မပြီးပါဘူး။ အဖွဲ့ထဲက အခြားသူတွေပါ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးရမှာပါ။ လက်နက်တွေ၊ အရက်တွေ အိပ်ရာတွေနဲ့ အခြား အသက်ရှင်ဖို့အတွက်အရေးပါတဲ့အရာမှန်သမျှကို စုဆောင်းပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ The Little Ones expansion ကိုလည်း ထည့်သွင်းလိုက်ပြီဖြစ်လို့ကလေးငယ်တွေလည်း ပါဝင်လာမှာပါ။ တကယ့် စစ်ပွဲကို ရောက်သွားသလို ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပြီးကိုယ်တိုင်ဝင်ကစားကြည့်မှာ စစ်မှန်တဲ့အရသာကို တွေ့ရမှာဖြစ်ပါတယ်။

အောက်မှာ နမူနာ video လေးကြည့်လို့ရပါတယ်။

Android, iOS နှစ်ခုလုံးနဲ့ကစားနိုင်ပါတယ်။ Android အတွက် Google Play မှာ ၁၉၇၅၄ကျပ်နဲ့ ဝယ်ယူကစားနိုင်ပါတယ်။ iOS အတွက် App Store မှာ ၂၀၂၃၆ကျပ် (ခန့်မှန်းခြေ) ခန့်လောက်နဲ့ ဝယ်ယူနိုင်ပါတယ်။

 

Android အတွက် လိုအပ်ချက်များ

GPU: Adreno 320 နှင့်အထက်ရှိရပါမယ်။ Tegra 3 နှင့်အထက်ရှိရပါမယ်။ PowerVRSGX544 နှင့်အထက်ရှိရပါမယ်။ RAM အနည်းဆုံး 1GB RAM လိုအပ်ပါတယ်။ အခြား devices တွေအတွက်တော့ screen resolution နဲ့ background apps တွေရဲ့ running ပမာဏ အပေါ်မှာမူတည်ပါတယ်။

iOS အတွက်လိုအပ်ချက်များ

Devices အသစ်တွေအတွက်ပြုလုပ်ထားတဲ့ ဂိမ်းဖြစ်လို့ devices အဟောင်းတွေဖြစ်တဲ့ iPhone 4s နဲ့ iPad2 တို့နဲ့ ကစားရင် lower frame rates ကိုပဲ ရရှိမှာပါ။

 

Image Source – This War of Mine

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password