Android အတွက် ထွက်ရှိလာပြီဖြစ်တဲ့ Thimbleweed Park

၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေက နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Maniac Mansion နဲ့ Monkey Island ဂိမ်းတွေရဲ့ဖန်တီးရှင်ဖြစ်တဲ့ Ron Gilbert ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ဂိမ်းဟာ နောက်ဆုံးတော့ Android ပေါ်ကိုရောက်ရှိလာပါပြီ။ ၁၉၈၇ ခုနှစ်ကဂိမ်းတွေအတိုင်း ဒီဇိုင်းထုတ်ရေးဆွဲထားတဲ့ Thimbleweed Park ဆိုတဲ့ဒီဂိမ်းဟာ Critic Review တွေကို စုစည်းဖော်ပြတဲ့ Metacritic Website မှာ 86% အထိရရှိထားတဲ့ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Thimbleweed Park ဟာ လက်ရှိအချိန်မှာဆိုရင် Mobile Gaming Community ရဲ့ လူပြောအများဆုံးဂိမ်းတွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

Thimbleweed Park is a time capsule adventure game, buried in 1987 and unearthed in 2017. And a great one at that.

Source: IGN

It’s a game that exists somewhere between 1987 and 2017, and for someone with a love of the genre, it feels like coming home.

Source: Polygon

ဒီ Point-and-Click Adventure ဂိမ်းလေးမှာ ကစားသူက Thimbleweed Park ထဲကလူသတ်မှုတစ်ခုကို လာရောက်စုံစမ်းတဲ့ FBI Agent ၂ ယောက်နေရာကနေ စတင်ကစားရမှာပါ။ အဲဒီနောက်မှာတော့ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Character တွေနဲ့တွေ့ဆုံပြီး Puzzle တွေကိုဖြေရှင်းရင်း Mystery တွေရဲ့အဖြေကို ရှာဖွေရမှာဖြစ်ပါတယ်။ ရယ်စရာကောင်းတဲ့ Dialogue တွေရော သူ့ရဲ့ Gameplay ကပါ ကစားသူတွေကို မပျင်းရိသွားရအောင် ရသမျိုးစုံ ပေးစွမ်းကြမှာဖြစ်ပါတယ်။

PC နဲ့ Console တွေအတွက် ထွက်ရှိတာ အနည်းငယ်ကြာနေပြီဖြစ်တဲ့ဒီဂိမ်းဟာ နောက်ဆုံးတော့ Mobile ပရိသတ်တွေအတွက် Android Platform ပေါ်ကို ရောက်ရှိလာပါပြီ။ နောက်ကျပြီးမှကစားရပေမယ့် အားမငယ်ပါနဲ့။ PC နဲ့ Console မှာ $19.99 ပေးရတဲ့ Thimbleweed Park ကို Play Store မှာ $9.99 ပဲပေးရမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password