News

Playstore နဲ့ AppStore ပေါ်ကိုတရားဝင်ရောက်ရှိနေပြီဖြစ်တဲ့ The Walking Dead: Our World

ပြီးခဲ့တဲ့လကုန်ခါနီးက ပေးထားခဲ့တဲ့ ကတိအတိုင်း The Walking Dead: Our World ကတော့ ဇူလိုင်လ ၁၂ ရက်နေ့ကပဲ Playstore နဲ့ AppStore ပေါ်ကိုတရားဝင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Walking Dead: Our World ကတော့ AR mobile ဂိမ်းအမျိုးအစားဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖုတ်ကောင်တွေကစောင့်ကြိုနေမှာပါ။

ဆော့ကစားရမယ့်ပုံစံက Pokemon Go, Jurassic World Alive အစရှိတဲ့ AR mobile ဂိမ်းတွေလိုပါပဲ။ ကွာဟသွားတာကတော့ Pokemon အကောင်တွေ၊ ဒိုင်နိုဆောတွေအစား ဖုတ်ကောင်တွေ နဲ့ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ Walking Dead ဂိမ်းအသစ်ဟာ တည်နေရာအခြေခံပြီးဆော့ကစားရမယ့် ဂိမ်းဖြစ်တာကြောင့် ဆော့ကစားဖို့ location setting ကို “on” ပေးထားဖို့တော့ လိုအပ်ပါတယ်။ လမ်းတလျှောက်က ဖုတ်ကောင်တွေကိုသတ်၊ လက်တလျှောက်မှာရှိတဲ့ လက်နက်ရိက္ခာတွေကိုစုဆောင်း၊ မိမိလို ရှင်သန်ကျန်ရစ်သူတွေနဲ့ လက်တွဲပြီး ဆော့ကစားသွားရမှာပဲဖြစ်ပါတယ်။ ဖုတ်ကောင်တွေသတ်တာများလာပြီး ဆော့ကစားတဲ့အချိန်ကြာမြင့်လာပြီဆိုရင်တော့ Reward တွေရရှိဉီးမှာလည်းဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ The Walking Dead: Our World ဟာ နိုင်ငံခြား မီဒီယာအချို့ရဲ့ပြောကြားချက်အရ Device တွေကို ရပ်တန့်သွားစေနိုင်ပြီး ဂိမ်းရဲ့ AR experience ကိုဖျက်ဆီးနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်လို့ သိရပါတယ်။ ကျွန်တော်ထင်တာကတော့ အဲ့လို အခြေအနေမျိုးဖြစ်တာက Device အပေါ်လည်းမူတည်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Device တိုင်းမဟုတ်လောက်ဘူးဆိုတော့ ဆော့ဖို့အားခဲထားတဲ့ သူတွေအနေနဲ့ Download ဆွဲပြီးဆော့ကစားကြည့်သင့်ပါတယ်ခင်ဗျာ။ (Device ကို ရပ်တန့်စေတယ်ဆိုရင်တော့ ပြန်ဖျက်လိုက်ဖို့အကြုံပြုပါတယ် 😂😁) Free to play ဂိမ်းအမျိုးအစားဖြစ်ပြီး Download လင့်ခ်တွေကတော့ 👇

Download link – Android/ IOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: