
ပြီးခဲ့တဲ့ ၂၀၁၇ ကစတင်ပြီး Soft launch အနေအထားနဲ့သာ ထွက်ရှိထားတဲ့ The Walking Dead: Our World ဂိမ်းရဲ့ Official Launch Date ဟာတော့ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့ဖြစ်တယ်လို့ သိရှိရပြီဖြစ်ပါတယ်။
မကြာခင်ထွက်ရှိလာမယ့် Walking Dead ဂိမ်းဟာ တည်နေရာကိုအခြေခံပြီး ဆော့ကစားရမယ့် AR ဂိမ်းအမျိုးအစားပါ။ AR ဂိမ်းအမျိုးအစားဖြစ်တာကြောင့် ကစားသူက Walking Dead universe ကြီးထဲကိုဝင်ရောက်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ပြီးခဲ့တဲ့အချိန်အနည်းငယ်တုန်းက ကျွန်တော်တို့ဆီမှာ ရေပန်းစားခဲ့တဲ့ Pokemon Go ဂိမ်းလို တည်နေရာကိုအခြေခံပြီး လှုပ်ရှားမှုတွေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။
ဒီဂိမ်းဟာ Walking Dead (TV series) ကလိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးက ဖုတ်ကောင်တွေပြည့်နက်နေပြီး ကစားသူဟာ အိမ်တွေ၊ ပန်းခြံတွေ၊ လမ်းတွေမှာရှိနေတဲ့ လက်နက်ရိက္ခာတွေကို စုဆောင်းပြီး ဖုတ်ကောင်တွေရန်ကနေ ရှင်သန်အောင်ကြိုးစားရမှာပါ။ ဒါ့အပြင် TV series ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Rick, Daryl, Michonne တို့နဲ့အတူလက်တွဲပြီး ဖုတ်ကောင်တွေကို တိုက်ခိုက်သွားရမှာပဲဖြစ်ပါတယ်။ ဆိုတော့ TV series ပရိတ်သတ်တွေအတွက် ဒီဂိမ်းဟာတော်တော်လေး စိတ်ဝင်စားစရာကောင်းနေမှာပါ။
ဂိမ်းကတော့ လာမယ့် ဇွန်လိုင်လ ၁၂ ရက်နေ့မှာ Playstore ပေါ်ကိုသာမက Appstore ပေါ်ကိုပါရောက်ရှိလာမယ်လို့ သိရပါတယ်။ ဖုတ်ကောင်တွေရှိနေတဲ့ Virtual universe ကြီးထဲကိုကိုယ်တိုင်ဝင်ရောက်ပြီး Survivor တစ်ယောက်အနေနဲ့ကစားရမှာကြောင့် Horror ဆန်ဆန်လေးတွေကြိုက်နှစ်သက်သူတွေအတွက် တကယ်ကို ကွက်တိဖြစ်နေမယ့် ဂိမ်းတစ်ခုလို့ဆိုရမှာပါ။