Reviews

ဖုတ်ကောင်တွေနဲ့ရင်ဆိုင်ရမယ့် စိတ်လှုပ်ရှားစရာ Action RPG The Walking Dead No Man’s Land

The Walking Dead Season 8 ပြန်လာပါပြီ။ AMC’s The Walking Dead ရဲ့ တရားဝင် မိုလ်ဘိုင်းဂိမ်းဖြစ်ပါတယ်။ Feburary 13 ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိထားတာဖြစ်ပါတယ်။ ထွက်ရှိထားတာမကြာသေးပေမယ့် တကယ့်ကို လူကြိုက်များနေပြီး ကစားသူဦးရေလည်း တော်တော်မြင့်နေပါတယ်။ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ကြောက်တတ်သူတွေ မကစားရပါဘူးနော်..XD သတ္တိရှိတဲ့ သူတွေပဲ ကစားကြပါ…

ဂိမ်းထဲမှာ AMC’s The Walking Dead ထဲက ဇာတ်ကောင်တွေဖြစ်ကြတဲ့ Rick , Daryl , Michonne နဲ့ အခြား အထင်ကရဇာတ်ကောင်တွေ နဲ့ ပြန်တွေ့ရမှာဖြစ်ပါတယ်။

သူတို့ ဖုတ်ကောင်တွေနဲ့ ကမ္ဘာပျက်နေတဲ့ နေရာကနေ ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်ကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ခံစားရမယ့် ဂိမ်းဖြစ်တာကြောင့် ကစားရတာတော့ အရမ်းကို မိုက်ပါတယ်။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း နှစ်ခုကြားက အားပြိုင်မှုတွေကို လွန်ဆွဲရမယ့် role-playing ဂိမ်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် အင်အားကောင်းဆုံးသူကသာ ရှင်သန်နိုင်မှာပါ။

AMC Walking Dead ထဲက သင်အကြိုက်ဆုံး ဇာတ်ကောင်တွေကို စုဆောင်းပြီး အကောင်းဆုံး အဖွဲ့ ဖြစ်လာအောင် အဆင့်မြှင့်တင်ပေးလိုက်ပါ။ ဒါပေမယ့် မစ်ရှင် တစ်ခုစီတိုင်း အတွက် မှန်ကန်တဲ့ အသင်းနဲ့ ပစ္စည်းကိရိယာတွေ ရွေးချယ်ပေးဖို့တော့လိုအပ်ပါတယ်။

ဂိမ်းထဲမှာ AMC’s The Walking Dead မှာရင်းနှီးပြီးသားဖြစ်တဲ့ HUNT walkers in Terminus, The Prison နဲ့ အခြား တည်နေရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါ့အပြင် ဆုလာဒ်တွေ ရရှိဖို့အတွက် အခြား ကစားသမားတွေနဲ့ အပတ်စဉ်စိန်ခေါ်မှုတွေကို လည်း လုပ်ဆောင်နိုင်ပါတယ်။

ထိတ်လန့်ခြောက်ခြားဖို့ကောင်းတဲ့ဂိမ်းဖြစ်တဲ့ အပြင် ကြည်လင်တဲ့ Graphic designs က သင့်ရဲ့ ကြောက်ရွံ့ စိတ်ကို ကို နှစ်ဆ ပိုပြီး တိုးစေမှာပါ။ နေရာတိုင်းမှာ ကမ္ဘာပျက်ပြီး ဖုတ်ကောင်တွေနဲ့ ပြည့်နေတဲ့အတွက် မြင်ကွင်းတွေကတော့ ကြက်သီးထစရာတွေပါ။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ ကစားနိုင်ပါတယ်။ အောက်မှာ နမူနာ ပုံတွေနဲ့ video လေးကြည့်လို့ရပါတယ်။

 

 

 

 

 

Download link – Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: