ArticleNews

ဇန်နဝါရီလမှာ ဖျက်သိမ်းတော့မယ့် The Walking Dead : March to War

Playon က ဘော်ဘော်တို့ရေ… free to play multiplayer ဂိမ်းတစ်ခုဖြစ်တဲ့ The Walking Dead : March to War ကို မကြာခင် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်တဲ့နော်… ဒီသတင်းကို သိပြီးကြပြီလား??? ဂိမ်းကိုရောဆော့ဖူးကြရဲ့လား??? မကစားဖူးရင်း နမူနာလေးကို ကြည့်ကြည့် လိုက်ပါနော်။ မမှတ်မိ တော့တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဂိမ်းက Robert Kirkman ရေးသားတဲ့ The Walking Dead comics ရဲ့ ကမ္ဘာကြီးမှာ ဇာတ်အိမ်တည်ထားတာကြောင့် ဇွန်ဘီး ဂိမ်း တစ်ခုဆိုတာ ပြောဖို့ မလိုအောင်ကို သိသာပါ။၂၀၁၇ ခုနှစ် မှာ ကတည်းက developer ဘက်က ဂိမ်းရဲ့ development ပိုင်းကို စတင် လက်စသတ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက ကြေညာခဲ့ပါတယ်။ ပိတ်သိမ်းရတဲ့အကြောင်းအရင်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

March To War ဂိမ်းဟာ ထွက်ရှိခဲ့တာ အချိန် ၁ နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး ဂိမ်းထဲမှာ player က သံယံဇာတ ပစ္စည်းတွေကို ရှာဖွေခြင်း၊ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ဇွန်ဘီတွေကို သတ်ဖြတ်ခြင်း နဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းအတွက် တိုက်ခိုက်ခြင်းတွေကို လုပ်ရမှာပါ။ ခုလို ပိတ်သိမ်းတော့မယ့် အကြောင်းကိုကြေညာရင်းနဲ့ ကုမ္ပဏီဘက်က သူ့တို့ရဲ့ Walking Dead March War ကို ရွေးချယ် ကစားပေးခဲ့တဲ့ ဂိမ်မာတွေကို ကျေးဇူးတင်ကြောင်း ပြေားထားပါတယ်။

ဂိမ်း ကို အတည်အလင်း ပိတ်သိမ်းမယ့်အချိန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ လို့ ကြေညာထားပါတယ်။ လက်ဆောင်အဖြစ် ရော လျော်ကြေးအဖြစ် ရော ဂိမ်းကို download လုပ်ထားတဲ့သူတွေကို ပိတ်သိမ်းတော့မယ့် နောက်ဆုံးလမှာ “End of days” လက်ဆောင် မျိုးစုံကို ဆုလာဒ် အဖြစ် ပေးသွားမယ်လို့ လည်း ကြေညာထားပါသေးတယ်။

Disruptor Beam ခုလို လုပ်ဆောင်ရတဲ့အကြောင်းအရင်း ကို သေချာမသိရသေးပေမယ့်ဂိမ်းက ရတဲ့ဝင်ငွေက အဆင့်မြင့်တင်မှုတွေ ထပ်ပြီး လုပ်ဆောင်သွားဖို့ မလုံလောက်တော့တာကြောင့် ပိတ်သိမ်းရတာ ဖြစ်တယ်လို့ အက်မင် ကတော့ ထင်မိပါတယ်။ ဘာပဲပြောပြော ခုလို ကစားလို့ကောင်းတဲ့ ဂိမ်းကောင်းတစ်ခုကို မကြာခင်မှာ နှုတ်ဆက် ရတော့မယ်ဆိုတော့ သူ့ရဲ့ ပရိသတ်တွေကတော့ နှမြော မိကြမှာပါ။ 😞😞😞)

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password