ArticleNews

eSports လောကထဲကို စတင်ဝင်ရောက်နေပြီဖြစ်တဲ့ U.S Army

ဘော်ဒါတို့ရေ… သေနတ်ကြီးတွေနဲ့ စစ်သားကြီးတွေ ဂိမ်းဆော့တာကို မြင်ဖူးကြလား။ မြင်ဖူးတယ်ဆိုရင်လည်း ကြုံတောင့်ကြုံခဲပဲ ဖြစ်နေမှာပါ။ အဲ့လို ကြုံတောင့်ကြုံခဲရှားပါး ဖြစ်စဉ်ကြီးကို အခုဆိုရင် အထင်အရှားကို မြင်တွေ့ရတော့မှာပါ။ အကြောင်း အရာအပြည့် အစုံကို သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြီးသွားပါနော်။ 😀)

စစ်မှုထမ်းရမယ့် အလားအလာကောင်းတပ်သားသစ် Player တွေကို စုဆောင်းဖို့မျှော်လင့်ချက်နဲ့ US Army က သူ့ရဲ့ ကိုယ်ပိုင် eSports program ကို စတင်ဖို့ ရည်ရွယ်လိုက်ပါပြီ။ Reddit မှာ Staff Sgt ဆိုသူတင်ထားခဲ့တဲ့ post အရ U.S စစ်တပ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းဖို့ရှိပြီး အဆိုပါ ၂ဖွဲ့ထဲမှာ တစ်ဖွဲ့က esports အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ eSports အစီအစဉ်ရဲ့ ပန်းတိုင်က

“စစ်တပ်က ပေးတဲ့ အခွင့်အလမ်းတွေ နှင့် စစ်တပ်ကို စိတ်ဝင်စားလာအောင် ဖန်တီးဖို့ဖြစ်တယ်လို့”

Meaux ကပြောပါတယ်။ Esports ပွဲစဉ်တွေမှာ စစ်တပ်အတွက် ယှဉ်ပြိုင်ရာမှာ အဆိုပါ အဖွဲ့ရဲ့ player တွေ အနေနဲ့ U.S. military မှ အသုံးပြုတဲ့ နည်းပညာအချို့ကို beta အဖြစ် စမ်းသပ်ဖို့ အခွင့်အရေးရှိမှာဖြစ်ပါတယ်။

Army eSports အဖွဲ့မှာ ပါဝင်မယ့် ဂိမ်းက Fortnite: Battle Royale  လိုမျိုးဖြစ်နိုင်တယ်လို့ Meaux ရဲ့ Reddit post မှာ ဖြေထားတဲ့ comment တစ်ခု အရ သိရှိရပါတယ်။ ဒါပေမယ့် အခြား esports ခေါင်းစဉ်တွေကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ eSports ပွဲတွေမှာ စစ်တပ်ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်မယ့် စစ်သားတွေအနေနဲ့ အခြား စစ်သားတွေနဲ့ တန်းတူ အကျိုးကျေးဇူးတွေ၊ ဝင်ငွေတွေ ရရှိမှာဖြစ်ပါတယ်။

Army esports အဖွဲ့အတွက် ယှဉ်ပြိုင်ကစားဖို့ စာရင်း ပေးသွင်းရာမှာ လိုအပ်မယ့် feature နှစ်ခုကို Reddit post မှာ ဖော်ပြထားပါတယ်။ အဆို ပါ နှစ်ခုမှာ တစ်ခုက တက်ကြွတဲ့စစ်သားများ (သို့) အရန်တပ်ဖွဲ့များ ဖြစ်ပြီး နောက်တစ်ခုက စစ်တပ်ထဲမှ မဟုတ်တဲ့ ဘယ်သူမဆို ဟူ၍ဖြစ်ပါတယ်။ Admin အောက်မှာပြထားတဲ့ link ၂ခုပါ။ Army Esports ထဲမဝင်ရင်တောင် ဗဟုသု အနေနဲ့ ဝင်ကြည့်သွားသင့်တယ်နော်။ 😛)

US Army eSports Community, US Army

Playon က eSports program တွေ အမြဲအားပေးကြတဲ့ ဘော်ဘော်တို့ရေ… ဘယ်လိုလဲ??? Army Esports ကို အားပေးဖို့ အဆင်သင့်ပဲလားဝေ့။ 😎😎)

Ref: Dotesports

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password