App Store ပေါ်ကိုရောက်လာတော့မယ့် The Talos Principle

ဒီရက်ပိုင်းမှာတော့ Console နဲ့ PC ပေါ်က တကယ့်ဂိမ်းအကောင်းစားတွေ တစ်ခုပြီးတစ်ခု App Store ပေါ်ကိုရောက်လာကြပါတယ်။ Flower နဲ့ The Witness လိုဂိမ်းတွေပြီးတော့ နောက်ဆုံးသတင်းထွက်လာတာကတော့ The Talos Principle ဖြစ်ပါတယ်။

The Talos Principle ဆိုတာက ပရိသတ်တွေ အရမ်းနှစ်သက်ကြရုံသာမက Critic တွေကပါ လှိုက်လှိုက်လဲလဲ ချီးကျူးရတဲ့ Puzzle ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Review တွေကို စုစည်းဖော်ပြတဲ့ Metacritic Website မှာ 88% တောင်ရရှိထားတဲ့ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Steam Store မှာဆိုရင်လည်း အကောင်းပြောတဲ့ Review တွေများလွန်းလို့ ‘Overwhelmingly Positive’ လို့တောင်ပြနေတဲ့အထိ အောင်မြင်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

The Talos Principle is an absolute joy to play, packed to the gills with expertly designed puzzles.

Source: GameSpot

The Talos Principle includes excellent puzzles and heady philosophy.

Source: IGN

The Talos Principle အကြောင်းမသိသူတွေအတွက် ဒီဂိမ်းအကြောင်း အနည်းငယ်မိတ်ဆက်ပေးသွားပါမယ်။ ကစားသူဟာ လူအသိဉာဏ်ပိုင်ဆိုင်တဲ့ စက်ရုပ်တစ်ရုပ်နေရာကနေ ဝင်ရောက်ဆော့ကစားရမှာ ဖြစ်ပါတယ်။ Puzzle တွေကိုလိုက်လံဖြေရှင်းပြီး Sigil တွေကို လိုက်လံစုဆောင်းရမှာဖြစ်ပါတယ်။ Puzzle Design တွေက အရမ်းကောင်းသလို Philosophy တွေ ထည့်သွင်းအသုံးပြုထားတဲ့ဇာတ်လမ်းဟာဆိုရင်လည်း ဒီဂိမ်းကိုလူတွေကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

The Talos Principle ဟာ ဒီတစ်ပတ်အတွင်းမှာ App Store ပေါ်ကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခုလာမယ့် iOS Version မှာ Touch Screen မှာ ဆော့ကစားရအဆင်ပြေစေမယ့် Control စနစ်အသစ်ကို ထည့်သွင်းပေးထားတယ်လို့ Developer Croteam က ကတိပေးထား ပါတယ်။

Update: The Talos Principle ကို App Store မှာ $4.99 နဲ့ ဝယ်ယူဆော့ကစားလို့ရနေပါပြီ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password