အချိန်ခရီးသွားပြီး Puzzle တွေဖြေရှင်းရမယ့် The Silent Age

The Silent Age ဟာ သင်မြင်ဖူးနေကျ Point-and-Click Adventure ဂိမ်းတစ်ခုမဟုတ်ပါဘူး။ ဒီဂိမ်းမှာ gameplay တစ်ခုလုံးကို puzzle တွေနဲ့ ဖန်တီးထားပြီး နည်းနည်း dark ဖြစ်တဲ့ Sci-Fi ဇာတ်လမ်းကို ကစားရမှာ ဖြစ်ပါတယ်။ Time travel ၊ Apocalyptic future စတဲ့ element တွေပါဝင်နေပြီဆိုတော့ Sci-Fi ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့သူတွေက The Silent Age ရဲ့ ဇာတ်လမ်းကို အနည်းနဲ့အများ ခန့်မှန်းလို့ရပါပြီ။ ဒါပေမယ့် အချိန်ခရီးသွားတာနဲ့ puzzle တွေကို လှလှပပ ပေါင်းစပ်ထားတာက ဒီဂိမ်းကို လက်ထဲကမချဘဲ ဆက်တိုက်ဆော့ဖြစ်သွားအောင် ဆွဲဆောင်သွားမှာပါ။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Joe လို့ခေါ်တဲ့ သန့်ရှင်းရေးသမားတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Joe ဟာ ရာထူးတိုးပေးခြင်းခံရပြီး ကုမ္ပဏီရဲ့ စမ်းသပ်ခန်းတွေထဲမှာ သန့်ရှင်းရေးလုပ်ဖို့ တာဝန်ပေးခြင်း ခံလိုက်ရပါတယ်။ သူ့ရဲ့တာဝန်ကိုထမ်းဆောင်ဖို့အတွက် စမ်းသပ်ခန်းတွေထဲရောက်လာတဲ့ Joe တစ်ယောက် ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို အခန်းထဲမှာ တွေ့လိုက်ရပါတယ်။ သူ့ကိုယ်သူ အချိန်ခရီးသွားသူတစ်ယောက်ပါလို့ ဆိုလာတဲ့ အဲဒီလူက သေခါနီးအချိန်မှာ Joe လက်ထဲကို သူ့ရဲ့ အချိန်ခရီးသွားပစ္စည်းကို အပ်ခဲ့ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့မှာကြားသွားခဲ့ပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတဲ့ Joe ဟာ အခန်းအပြင်ကို ထွက်လိုက်တဲ့အချိန်မှာ ရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ရဲစခန်းမှာ စစ်ဆေးခံနေရတုန်းမှာ Joe ဟာ အဲဒီ အချိန်ခရီးသွားပစ္စည်းကို နှိပ်လိုက်မိပြီး အလွန်ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုထဲကို ဝင်ပါမိရက်သား ဖြစ်သွားပါတယ်။

 .         

ဒီဂိမ်းရဲ့ ထူးခြားတဲ့အပိုင်းတွေကို ပြောပြပါဆိုရင် သူ့ရဲ့ puzzle mechanic ကိုအရင်ဆုံးပြောရမှာပါ။ Developer တွေက စေတနာတွေပိုပြီး puzzle ကို ပုံမှန်နဲ့မတူပဲ နှစ်ဆပိုရှုပ်အောင် လုပ်ပေးလိုက်ပါတယ်။ Joe ဟာ သူရှိတဲ့ ၁၉၇၂ ခုနှစ်နဲ့ လူသူကင်းမဲ့နေပြီဖြစ်တဲ့ အနာဂတ်ကို ကူးချည်သန်းချည်လုပ်ပြီး puzzle တွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဥပမာ ၁၉၇၂ ခုနှစ်မှာ ဝင်လို့မရတဲ့တံခါးဟာ အနာဂတ်မှာ ပျက်စီးနေတဲ့အတွက် အချိန်ခုန်ကူးပြီး အဲဒီအခန်းထဲကို ဝင်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အနာဂတ်မှာ အပင်တွေနဲ့ပိတ်နေတဲ့ အခန်းထဲကိုဝင်ချင်ရင် အတိတ်က အဲဒီအပင်ပေါက်ကို သွားသတ်ပြီး အနာဂတ်မှာ အဲဒီအပင်မရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ အတိတ်နဲ့ အနာဂတ်ကို ခုန်ကူးပြီး အခန်းတွေထဲဝင်ဖို့၊ puzzle တွေကိုဖြေရှင်းဖို့ ပစ္စည်းတွေကို လိုက်လံရှာဖွေပြီး ကစားရမှာ ဖြစ်ပါတယ်။

Time Travelling နဲ့ Puzzle ကို အဲဒီလိုပေါင်းစပ်ထားတော့ ကစားသူကိုယ်တိုင် Time Jump နေသလို ခံစားရစေပြီး ဂိမ်းရဲ့ဇာတ်လမ်းကို ထဲထဲဝင်ဝင် ခံစားလို့ရစေပါတယ်။ Puzzle တွေက အရမ်းခက်ကုန်မှာပေါ့ ဆိုပြီးစိုးရိမ်မနေပါနဲ့။ The Silent Age မှာပါဝင်တဲ့ Puzzle တွေဟာ အရမ်းကြီးမခက်ပါဘူး။ အတိတ်ရော အနာဂတ်မှာပါရှိတဲ့ အခန်းတွေထဲ နှံ့အောင်လိုက်ဝင်ပြီး လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ နည်းနည်းစဉ်းစားလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ အဲဒါကြောင့် တစ်နေရာတည်းမှာ အကြာကြီးတစ်မနေဘဲ ဂိမ်းရဲ့ဇာတ်လမ်းကို steady pace နဲ့ ခံစားလို့ရပါတယ်။ ဒါ့အပြင် ဂိမ်းရဲ့ဇာတ်လမ်းကို ပိုပြီးခံစားလို့ကောင်းအောင် လိုက်ဖက်တဲ့ နောက်ခံသံစဉ်တွေနဲ့ ပံ့ပိုးပေးထားပါသေးတယ်။

 .         

The Silent Age ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ဇာတ်သိမ်းဖြစ်တဲ့ Episode 2 ကိုတော့ $4.99 နဲ့ ဝယ်ယူရမှာပါ။ ဂိမ်းရဲ့ Episode 1 ကိုအရင်ဆော့ကြည့်ပြီး ကိုယ့်အကြိုက်နဲ့ ကိုက်မကိုက် စမ်းသပ်ပြီးမှ Episode 2 ကို ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်နိုင်ပါတယ်။ The Silent Age ဟာ Post-Apocalyptic ဇာတ်လမ်းတွေကို နှစ်သက်သူတွေ လုံးဝအကြိုက် တွေ့မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Point-and-Click ကစားပုံကို အချိန်ခရီးသွားခြင်းတွေ၊ Puzzle တွေနဲ့ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် လုပ်ထားတာမို့ Puzzle ဂိမ်းချစ်သူတွေလည်း နှစ်သက်ကြမှာပါ။ စာဖတ်သူတို့ကိုလည်း Joe နဲ့အတူ ကမ္ဘာကြီးကို ကယ်တင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

Image Sources:

http://store.steampowered.com/app/352520/The_Silent_Age/

https://itunes.apple.com/us/app/the-silent-age/id580991034?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password