
အခုတစ်ခေါက်မှာတော့ Playon ပရိသတ်ကြီးအတွက် Mobile ဂိမ်းအမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ The Room Three ဂိမ်းကို ဘာကြောင့် ကစားကြည့်သင့်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြမှာဖြစ်ပါတယ်။ အကယ်၍ သင်က မိုလ်ဘိုင်းဂိမ်း အမျိုးအစားတွေထဲက puzzles ဂိမ်းတွေနဲ့ adventure ဂိမ်းတွေ ကို ကစားရတာ နှစ်သက် တဲ့သူဆိုရင် ဒီဂိမ်းလေးကိုလည်း လုံးဝကိုကြိုက်နှစ်သက်မှာပါ။
The Room Three ကို နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်မှာ Fireproof Games က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထွက်ထားတာ ၃နှစ်လောက်ကြာနေပေမယ့် ဘယ်အချိန်ပြန်ကစားကစား လုံးဝကို ရိုးအီမသွားတဲ့ ဂိမ်းပါ။ 3D သုံးဖက်မြင်ရုပ်လုံးကြွဒီဇိုင်းနဲ့ ခန့်ညားလှပစွာ ဖန်တီးထားတဲ့ အပြင် အထဲမှာ တွေ့ရမယ့် ဇာတ်ကွက်တွေကလည်း ဆွဲဆောင်မှုရှိလွန်းတာကြောင့် ဆုတွေအများကြီး ရရှိခဲ့ပါတယ်။
ပထမဆုံး စစကစားချင်းမှာပဲ မြင်ဖူးနေကြပုံစံမျိုးမဟုတ်တဲ့ puzzles တွေကိုတွေ့ရမှာဖြစ်ပါတယ်။ လှပကြွရွတဲ့ ပဟေဋ္ဌိ တွေဖြစ်ကြပေမယ့် အဖြေတွေကတော့ စဉ်းစားရတော်တော်လေးခက်ပါတယ်။ ဒါပေမယ့် တွေးခေါ်နိုင်စွမ်းရည်ကို တိုးတက်နိုင်စေတာကြောင့် အကျိုးတော့မယုတ်ပါဘူး။ ထိလိုက်တဲ့အရာဝတ္ထုတိုင်းကို အပြင်မှာ တကယ်ထိနေရတဲ့ ပုံစံမျိုး အတိုင်း ပြုလုပ်ထားတဲ့အတွက် ဂိမ်းကမ္ဘာထဲ လူကိုယ်တိုင်ရောက်သွားတဲ့အတိုင်း ခံစားချက်မျိုးရရှိမှာပါ။ ရင်သက်ရှုမောစရာကောင်းတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ထည့်သွင်းထားတဲ့ အသံပိုင်းက ဆွဲဆောင်မှုရှိရှိ ဟန်ချက်ညီညီ သွားနေမှာဖြစ်ပါတယ်။
Room 2 ရဲ့နောက်ဆက်တွဲဂိမ်းတစ်ခုဖြစ်ပြီး ရင်သက်ရှုမောဖွယ်ရာ ပတ်ဝန်းကျင်အသစ်တွေနဲ့ နေရာအသစ်တွေကို ထပ်မံမြင်တွေ့ရမှာပါ။ နိုဝင်ဘာလ ၂၀၁၅ ခုနှစ်မှာ iOS အတွက် အရင်ထွက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၀၁၆ မှာတော့ Android တွေအတွက်ရရှိခဲ့ပါတယ်။ ဂိမ်းကောင်းတစ်ခုဆိုတာကို iOS နဲ့ Android တို့မှာ ရရှိထားတဲ့ rating တွေက ဖော်ပြနေတဲ့အတွက် အကယ်၍ သင်က
အားလပ်ရက်မှာကစားဖို့ puzzles ဂိမ်းကောင်းကောင်းရှာနေတဲ့သူဆိုရင် လုံးဝကိုကွက်တိပဲနော်…။ အောက်မှာ နမူနာ ဗီဒီယိုလေး အစမ်းခံစားကြည့်နိုင်ပါတယ်။
ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းလေးအကြောင်းကို မိတ်ဆက်ပေးပြီးပြီဆိုတော့ ကစားကြည့်ရမယ့်တာဝန်က သင့်ရဲ့ တာဝန်ဖြစ်သွားပြီနော်။ Download လုပ်ယူဖို့အတွက် မြန်မာငွေ ၆၀၀၀ ကျပ်ပေးပြီး ဝယ်ယူကစားနိုင်ပါတယ်။