RPG ဂိမ်းတွေထဲက Quest ပေးတဲ့လူနေရာကနေဆော့ရမယ့် The Quest Giver

တောတောင်တွေကြားထဲစွန့်စားသွားလာမယ်၊ ရန်သူ boss ဆီရောက်အောင်သွားပြီးနှိမ်နင်းမယ်၊ ပတ်ဝန်းကျင်ကလူတွေဝိုင်းချီးမွမ်းတာကိုခံမယ်။ RPG ဂိမ်းလို့ဆိုလိုက်ရင် လူတွေကအဲဒါတွေကိုပဲပြေးမြင်ကြတာများပါတယ်။ ကစားသူတွေဟာ ကမ္ဘာကြီးကို အန္တရာယ်တွေလက်ထဲကနေ ကယ်တင်ဖို့ကြိုးစားတဲ့ သူရဲကောင်းတွေနေရာကနေဆော့ရတာ RPG ဂိမ်းတိုင်းမှာလိုလိုပါပဲ။ ဒါပေမယ့် The Quest Giver လို့အမည်ရတဲ့ဒီဂိမ်းက RPG ဂိမ်းတွေကို ရှုထောင့်အသစ်ကနေမီးမောင်းထိုးပြမှာဖြစ်ပါတယ်။

ဒီဂိမ်းထဲမှာ ကစားသူတွေက Quest တွေပေးတဲ့ NPC Guild Master နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ adventurer တွေအတွက် quest တွေဖန်တီးပေး၊ တိုင်းသူပြည်သားတွေနဲ့တည့်အောင်ပေါင်း၊ သင့် guild ရဲ့ reputation ကိုတိုးတက်အောင်လုပ်ပြီး ကိုယ့် guild ကြီးသထက်ကြီးလာအောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဒီဂိမ်းဟာ လောလောဆယ်မှာတော့ BrightLocker (Kickstarter လို website) မှာပဲရှိနေပါသေးတယ်။ Crowdfunding အခြေအနေပေါ်မူတည်ပြီး ဂိမ်းကို ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာထုတ်ဝေမယ်လို့ဆိုထားပါတယ်။ ဒီဂိမ်းကို Android ၊ iOS ၊ Windows ၊ Mac နဲ့ Linux platform တွေမှာဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Idea အဆန်းနဲ့ဂိမ်းလေးဖြစ်တာမို့ simulation ဂိမ်းတွေစိတ်ဝင်စားသူတွေ စောင့်ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password