
The Quest ရဲ့ ချဲ့ထင်မှု အသစ်တစ်ခုဖြစ်တဲ့ Caerworn Castle ဟာဆိုရင် ထွက်ရှိနေခဲ့တာ တော်တော်လေးတောင် ကြာနေပါပြီ။ The Quest-Caerworn Castle ထဲမှာ ဆိုရင် player က သရဲတွေ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့ ခြောက်ခြားစရာ ရဲတိုက်ကြီးထဲကို ဝင်ရောက် ရမှာပါ။(တွေးရုံနဲ့တင်ကြောချမ်းစရာကြီးနော်)
ဂိမ်းထဲမှာ player ရဲ့ ပန်းတိုင်က နတ်ဆိုးတွေကို တိုက်ခိုက်ချေမှုန်းပြီး ရဲတိုက်ကို အရင်တုန်းက တည်ရှိခဲ့တဲ့ ပုံစံအတိုင်း တည်ငြိမ်အေးချမ်းတဲ့ပုံစံ ဖြစ်အောင်ဖန်တီး ပေးရမှာပါ။ ဒီကိစ္စက ရိုးရိုး ရှင်းရှင်းနဲ့ ပြီးသွာမှာတော့မဟုတ်ပါဘူး။ တိုက်ခိုက်မှုတွေ၊ စူးစမ်းရှာဖွေမှုတွေ နဲ့ လေ့လာ ဖော်ထုတ်မှုတွေကို ဆောင်ရွက်ရမှာပါ။
အရင်တုန်းက expansion တွေလိုပဲ ဒီ ဂိမ်းပုံစံလေးကိုလည်း သင်နှစ်သတ်သဘောကျမှာပါ။ဘာကြောင့်လဲဆိုတော့ သူက adventure တွေကို ကြိုက်နှစ်တတ်တဲ့ gamer တွေရဲ့ စိတ်ပါဝင်စားမှုကို ဆွဲဆောင်နိုင်မယ့် ဂိမ်းကောင်းလေး ဖြစ်နေလို့ပါ။ ဈေးနှုန်းကတော့ Android ရော iOS ရောအတွက် ၂.၉၉ ဒေါ်လာ ကျသင့်မှာပါ။
The Quest – Caerworn Castle က မြောက်များတဲ့ ရဲတိုက်တွေမှာ ဖြစ်တည်မယ့် ဂိမ်းကောင်းတစ်ခုပါ။ အကယ်၍သင်က ဂိမ်းထဲမှာ main experience ရဲ့ တစ်စိတ်တစ်ဒေသ နေရာကနေ ပါဝင်ကစားမယ်ဆိုရင် အရင်ဆုံး Mithria harbour ဆီကို သွားပါ။ Captain Hanty နဲ့ စကားသွားပြောပါ။ ပြီးရင် Caerworm Castle ကို ကိုယ်ရဲ့ travel destination အနေနဲ့ ရွေးချယ်ပေးပါ။
စိန်ခေါ်မှုအသစ်တွေ ထပ်ပြီး ရောက်ရှိမလာခင်မှာ သင်အနည်းဆုံး level 60 လောက်အထိကို ကစားနိုင်မှာပါ။ Gameplay ပုံစံက အရမ်းကြီး မခက်ခဲဘဲ လွယ်ကူရိုးရှင်းတာကြောင့် ကစားနေရင်း မျောပါသွားမှာပါ။ ဂိမ်းထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေ အများကြီးကို တွေ့ရမှာ ဖြစ်တဲ့အပြင် Adventure စစ်စစ်ရဲ့ အရသာကို ပေးစွမ်းနိုင်မယ့် RPG ဂိမ်းကောင်းလေး ဖြစ်တာကြောင့် ကစားဖို့ RPG ဂိမ်းကို ရှာဖွေနေတယ်ဆိုရင်တော့ အခုပဲ ပြေးပြီး The Quest-Caerworn Castle ကို download လုပ်လိုက်ပါတော့နော်။
Download – Android