News

Bloodborne နဲ့တူတဲ့ Pascals Wager ကို mobile မှာ ကစားလို့ရတော့မယ်တဲ့နော်

Pascals Wager က Bloodborne ရဲ့ clone အနေနဲ့ထွက်ရှိလာမယ့်ဂိမ်းဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ တောနက်ကြီးထဲမှာ အမှောင်လောကက ဝိညာဉ်တွေနဲ့ ရင်ဆိုင်ရမယ့် ဂိမ်းဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက်ကတော့ လုံးဝကိုကွက်တိပါပဲ။ Bloodborne အတိုင်း အခြေခံအားဖြင့် တူညီတာကြောင့် Bloodborne mobile ဗားရှင်းလို့တောင်ခေါ်လို့ရပါတယ်။ ဒါပေမယ့် သူက Bloodborne တော့မဟုတ်ပါဘူး။

သူ့ရဲ့ ပုံစံကိုရှင်းရှင်းလင်းလင်း ကြည့်ရှုသုံးသပ်နိုင်ဖို့ အောက်မှာ trailer video လေးပြပေးထားပါတယ်။ Trailer ထဲမှာမြင်တွေ့ရမယ့် visual style တွေ လျင်မြန်တဲ့ combat နဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံက မြင်မြင်ချင်းကို beta ကစားဖို့ အတွက် register လုပ်ချင်လာအောင် ဆွဲဆောင်နေပါတယ်။

ကဲ… ဘယ်လိုလဲ..လန်းတယ်မဟုတ်လား… 😎

Bloodborne က ဘယ်တော့မှ mobile ပေါ်ကို ရောက်လာနိုင်မှာမဟုတ်တဲ့အတွက် သူ့ရဲ့ clone လေးဖြစ်တဲ့ Pascals Wager လေးကိုပဲကစားပြီး စိတ်လှုပ်ရှားစရာတွေဖန်တီးလိုက်ကြရအောင်နော်။ Admin က Bloodborne Bloodborne လို့ ခဏခဏ ပြောနေတော့ Bloodborne ဂိမ်းအကြောင်းကိုလည်း မရှင်းပြလို့က မရတော့ပါဘူး။ Playstation 4 ရဲ့ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တာကြောင့် သူ့ကို သိပြီးသားသူတွေလည်းရှိမှာပါ။ အဲ့တာကြောင့် အကြမ်းဖျင်းလေးပဲပြောတော့မယ်နော်။

Bloodborne ကို FromSoftware မှ ဖန်တီးပြီး Sony Computer Entertainment က Palystation4 အတွက်ထုတ်လုပ်ထားတာပါ။ ၂၀၁၅ ခုနှစ်မှာ မတ်လ မှာ စတင်ထွက်ရှိခဲ့ပြီးဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ အမိုက်စား Graphics ပုံစံကြောင့် အရမ်းကိုနာမည်ကြီးပါတယ်။ သူ့ကို mobile မှာ ကစားနိုင်ဖို့ မျှော်လင့်ချက်မရှိပေမယ့် သူနဲ့ အခြေအားဖြင့် လုံးဝကို တူတဲ့ Pascals Wager ကိုတော့ မကြာခင်မှာ ကစားလို့ရတော့မှာပါ။ Admin အပေါ်မှာပြထားတဲ့ trailer လေးကို ကြည့်ပြီး ကစားကြည့်ချင်လာတယ်ဆိုရင် အခု ဒီလင့်ခ် လေးထဲသွားပြီး register လုပ်ထားလိုက်ပါနော်။ Beta မပြီးခင် ၇ ရက်အတွင်းမှာ email ပြန်ပို့ပေးမှာဖြစ်တဲ့အတွက် အချိန်မီ စာရင်းပြေးပေးထားဖို့တော့လိုပါတယ်။ တော်ကြာ Beta ပြီးသွားရင် ကစားလို့ မရတော့မှာဆိုးလို့ပါ။ တရားဝင် ထွက်ရှိလာမယ့်ရက်ကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။

Ref, Pre-register

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: