ဘိလိယက်ထိုးသလိုကစားရမယ့် လက်ဝှေ့ဂိမ်း – The Muscle Hustle

ပုံစံတူအမည်ကွဲဂိမ်းတွေနဲ့ ပြည့်နေတဲ့ Mobile Game လောကမှာ The Muscle Hustle လို Concept အဆန်းနဲ့ဂိမ်းတွေက တွေ့ရခဲပါတယ်။ အဲဒါကြောင့်လည်း ဒီဂိမ်းကိုမြင်မြင်ချင်း စမ်းဆော့ကြည့်ဖြစ်ခဲ့ပါတယ်။ ဆော့ကြည့်ပြီးနောက်မှာတော့ Developer တွေရဲ့ Idea ကိုတကယ်ပဲချီးကျူးမိသွားပါတယ်။

ဒီဂိမ်းမှာ လက်ဝှေ့ဂိမ်းထဲကို အခြား Genre က Element တွေအများကြီး ပေါင်းစပ်ထည့်သွင်းထားတာဖြစ်ပါတယ်။ Game ရဲ့ အဓိက Theme ကတော့ လက်ဝှေ့ပါပဲ။ လက်ဝှေ့ကြိုးဝိုင်းထဲကို လက်ဝှေ့သမား ၃ ယောက်အထိ ခေါ်ဆောင်သွားလို့ရမှာဖြစ်ပြီး တစ်ဖက်အသင်းကလူတွေအားလုံးကို အလဲထိုးရမှာပါ။ ကစားပုံကစားနည်းကတော့ လက်ဝှေ့ဆိုတာထက် ဘိလိယက်ထိုးနေရတာနဲ့ပိုတူပါတယ်။ ကြိုးဝိုင်းထဲက လက်ဝှေ့သမားတွေကို အဝိုင်းပြားလေးတွေနဲ့ကိုယ်စားပြုမှာဖြစ်ပြီး ကိုယ့်ရဲ့အဝိုင်းပြားလေးတွေကို ရန်သူ့အဝိုင်းပြားလေးတွေနဲ့ထိအောင် Slingshot ပစ်ပြီး ရန်သူတွေ သွေးကုန်သွားတဲ့အထိ တိုက်ခိုက်ရမှာပါ။ Turn Based ပုံစံကစားရမှာဖြစ်လို့ တစ်လှည့်စီအပြန်အလှန်ကြိတ်ရမှာဖြစ်ပါတယ်။

 .          .         

Slingshot ပစ်ပြီးတိုက်ခိုက်ရာမှာ နောက်ထပ် Mechanic တစ်ခုကိုဂရုစိုက်ရပါဦးမယ်။ လက်ဝှေ့သမားတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် Move တွေရှိကြပါတယ်။ တစ်ချို့က သူ့ကို Ally တစ်ယောက်ကလာထိရင် ဘေးနားကရန်သူတွေကို AOE Attack ချပါတယ်၊ တစ်ချို့က အနီးဆုံးရန်သူကို လက်နက်တွေနဲ့ပစ်ပေါက်ပါတယ်။ ပြီးတော့ ကြိုးဝိုင်းထောင့်ကိုရောက်သွားခဲ့ရင် အနီးဆုံးရန်သူကို ဒိုင်ဗင်အုပ်တဲ့ Position ပေါ်မူတည်တဲ့ Special Move တွေလည်းရှိပါသေးတယ်။ ဒါကြောင့် သင့်အသင်းကိုဘယ်လိုဖွဲ့စည်းမလည်း၊ ကစားတဲ့အခါဘယ်လိုချမလည်းဆိုတာတွေကို နည်းဗျူဟာကျကျစဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် RPG ဆန်ဆန် လက်ဝှေ့သမားတွေကို Equipment တွေတပ်ဆင်ပေးတာ၊ Level တင်တာ၊ Evolve လုပ်တာ စတာတွေကိုလည်းပြုလုပ်လို့ရမှာဖြစ်ပါတယ်။

The Muscle Hustle ဟာ အပေါ်မှာပြောခဲ့သလိုပဲ Genre ပေါင်းစုံက ဟိုတစ်ကွက်ဒီတစ်ကွက်ယူပြီး ပေါင်းစပ်ထားတာပါ။ ပေါင်းစပ်ရာမှာ ချာမသွားပဲ တကယ်တမ်းဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်လာတာကိုတော့ Developer တွေကိုချီးကျူးရမှာပါ။ ပွဲစဉ်တစ်ပွဲချင်းစီကလည်း အချိန်သိပ်မယူတဲ့အတွက် ဆော့ချင်တဲ့အချိန် ကောက်ဆော့လို့ရတာကလည်း သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ အရမ်းကြီးလည်း Serious မဆော့ချင်ဘူး၊ ပျော်စရာလည်းကောင်းရမယ် ဆိုတဲ့ဂိမ်းမျိုးကို ရှာဖွေနေသူတွေအတွက် သင့်တော်မယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password