Features

ဘရာဇီးလ် eSports ကြယ့်ပွင့် သို့မဟုတ် One of the best AWPer (Gabriel “FalleN” Toledo)

မိမိလုပ်ချင်တဲ့အရာတွေကို လုပ်နေရရင် လူတိုင်းဟာ ပျော်ရွှင်မှုများနဲ့ စိတ်ကျေနပ်မှုများ ရရှိစမြဲ ဖြစ်ပေမယ့် ဝမ်းနည်းစိတ်ဓာတ်ကျရတဲ့အချိန် အခိုက်အတန့်များဟာ တစ်ခါတစ်ရံ ဖိတ်ခေါ်မှုမရှိဘဲ အလည်လာတတ်တာကတော့ မဆန်းလှပါဘူး ။ ၂၁ ရာစုအလွန် ပိုမိုတွင်ကျယ်လာတဲ့ E-sports လောကမှာလည်း မိမိဝါသနာကိုအရင်းပြု ကြိုးစားရင်း အောင်မြင်မှုရရှိလာတဲ့ ကစားသမားများဟာလည်း မနည်းလှပါဘူး။ ဒီကစားသမား အမြောက်အများထဲမှာ တစ်ယောက်အပါအဝင် ဖြစ်တဲ့ (Brazilian professional Counter-Strike: Global Offensive player) FalleN ရဲ့ ဘဝအကြောင်းကို ဒီတစ်ခါ Playon မိတ်ဆွေများအတွက် တင်ဆက်လိုက်ရပါတယ်။

CS:GO ကစားသမားများ အကြား professional player တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ AWPer FalleN ရဲ့အမည်အရင်းကတော့ Gabriel Toledo ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် မေလ ၃၀ ရက်နေ့ မှာ ဘရားဇီးလ်နိုင်ငံ Sao Paulo မြို့လေးမှာ Gabriel “FalleN” Toledo ကိုဖွားမြင်ခဲ့ပါတယ်။ အကိုဖြစ်တဲ့ Marcelo ကတော့ ဂိမ်းမျိုးစုံဆော့ကစားတဲ့သူဖြစ်တဲ့အတွက် သူ့အကိုဘေးနားမှာထိုင်ကြည့်ရင်းနဲ့ FalleN အနေနဲ့ ဂိမ်းများကို သင်ယူခဲ့ရပါတယ်။ ကလေးဘဝတုန်းကတော့ သူ့အနေနဲ့ StarCraft ဂိမ်းကစားရတာကို တော်တော်လေး နှစ်သက်ဆော့ကစားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် အလယ်ပိုင်းလောက်မှာ Counter Strike 1.6 နဲ့စတင် မိတ်ဆက်မိပြီး အဲ့ဒီကစလို့ သူ့ဘဝအကြောင်းတရားများဟာ ပြောင်းလဲမှုများနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။


၂၀၀၉ ခုနှစ် မေလ မှာတော့ ဘဝရဲ့ အလှည့်အပြောင်းတစ်ခုလို့ ပြောရမယ့် professional player FalleN ဖြစ်တည်ဖို့ အကြောင်းတရားပါလာပါတယ်။ FalleN အနေနဲ့ မနက်ပိုင်းမှာဆိုရင် ကျောင်းသားတစ်ယောက် သင်ခန်းစာများလေ့လာသကဲ့သို့ ဂိမ်းဆော့ပြီး နေ့လည်ပိုင်းမှာဆိုရင်တော့ မိဘများရဲ့ အိမ်မှုကိစ္စရပ်များမှာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ညပိုင်းမှာတော့ မိမိဝါသနာပါတဲ့ ဂိမ်းကို အလေ့အကျင့်တစ်ခုလို ဆော့ကစားရင်းနဲ့ ဖြတ်သန်းခဲ့ရခြင်းဖြစ်ပါတယ်။

သူ့အနေနဲ့ မမျှော်လင့်ထားဘဲ FireGamers ကနေဖိတ်ခေါ်ခြင်းခံခဲ့ရပြီးတော့ သူ့ဘဝအတွက် ရွေးချယ်စရာများကို အနောက်ကနေ ၁၀၀ ရာခိုင်နှုန်း အားပေးထောက်ခံ ပံ့ပိုးကူညီပေးတဲ့ မိသားစုကြောင့် FireGamers ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ အဲဒီကစလို့ သူ့အနေနဲ့ Professional Player ကဲ့သို့ လေ့ကျင့်သင်ယူခဲ့ပါတယ်။ မနက်အိပ်ရာထတာနဲ့ နံနက်စာ စားမယ် ပြီးရင် Game Demos ကိုကြည့်ရင်း လေ့လာခဲ့တယ်။ နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာတော့ သူ့ရဲ့ လေ့ကျင့်ချိန်အနေနဲ့ ကုန်ဆုံးစေခဲ့ပြီး ဒီလိုနဲ့ ၅ လ အကြာမှာတော့ သူ့ရဲ့ ပထမဆုံး အောင်ပွဲလို့ပြောရမယ့် Winner of WCG 2009 ကို FireGamers နဲ့အတူ miBr (Made In Brazil) ကိုကျော်ဖြတ်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သူ့အတွက် ခွန်အား ဖြစ်စေတာကတော့ မိခင်အနေနဲ့ဝါသနာ ပါတဲ့အရာ  ဖြစ်ချင်တဲ့အရာအတွက် အားပေးခဲ့တာ ဖြစ်တဲ့အတွက် ကြောင့်လည်း FalleN အနေနဲ့  မလျော့သောဇွဲဖြင့် လျှောက်လှမ်းခဲ့တဲ့အတွက် အခုအချိန်မှာ professional player တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်လောက်ထိ FalleN အနေနဲ့ တစ်ခြား player များထက် game level ကောင်းကောင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဂိမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဖြေးဖြေးချင်း လေ့လာခဲ့ရပါတယ်။ များမကြာမှီ ၂၀၁၁ ခုနှစ်ရောက်တဲ့အချိန်မှာ FalleN အနေနဲ့ ကိုယ်ပိုင် Games Academy Organization တည်ထောင်လိုက်ပီး Counter Strike နဲ့ပတ်သက်တဲ့ Lessons များကို မျှဝေခဲ့ပါတယ်။ နည်းပညာပိုင်း ရုပ်ထွက်မှု အပိုင်းတွေမှာပါ ပြန်လည်ပြင်ဆင်ပြီး ရောက်ရှိလာတဲ့ Counter Strike Globel Offensive (CS:GO) မှာကတော့ FalleN အနေနဲ့ Counter Strike 1.6 ကလောက် ဆော့ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ FalleN အနေနဲ့ လွယ်လွယ်ကူကူတော့ အရှုံးမပေးဘဲ ဆက်လက်လေ့လာရင်းနဲ့ Razer Challenge Brasil 2013 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ တတိယ နေရာမှာ ရပ်တည်နိုင်ခဲ့ခြင်းကတော့ CS:GO မှာ FalleN အတွက် ပထမဦးဆုံးရရှိခဲ့တဲ့ Title တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ရာသီတစ်နှစ်အပြီး ၂၀၁၄ ခုနှစ် ဧပြီလ မှာတော့ FalleN အနေနဲ့ အရင် Counter Strike 1.6 တုန်းက အတူတူအောင်မြင်ခဲ့တဲ့ ကစားဖော်အသင်းသားများဖြစ်တဲ့ (Fer /Hen1 /Lucas1) တို့နဲ့ Team KaBuM မှာပြန်လည်ဆုံတွေ့ပြီး Brazilian scenario of CS: GO ပြိုင်ပွဲအတွက် အသင်းအသစ် စတင်ဖွဲ့စည်းခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Champion of BSGO Arena 2014 ကို သိမ်းပိုက်ရယူနိုင်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ၂၀၁၄ ခုနှစ်မှာတော့ Team KaBuM နဲ့အတူ Brazilian League of Major League Gaming (CS GO) Major Tournament ပြိုင်ပွဲမှာ Champion အဖြစ် အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။

အကြီးမားဆုံး အောင်မြင်မှုကိုတော့ FalleN အနေနဲ့ X Games Winter 2015 Tournament ပြိုင်ပွဲမှာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ Team KaBuM အနေနဲ့ Map Mirage မှာ Team Cloud9 တွေ့ဆုံခဲ့ပြီး FalleN အနေနဲ့ ဒီပြိုင်ပွဲမှာ လူအများရဲ့ သတိထားရမယ့် ကစားသမားအဖြစ် Team KaBuM နဲ့အတူ အောင်မြင်မှုရရှိခဲ့ပါတယ်။ North American Team Cloud 9 အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု အားနည်းတဲ့ Map Mirage ကြောင့် ဒီပြိုင်ပွဲမှာ Team KaBuM ကို Round 16-4 နဲ့ရှုံးနှိမ့် ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ FalleN အနေနဲ့ In Game Leader နေရာကနေ ပြိုင်ပွဲဝင်ခဲ့ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့ပါတယ်။ First Eco Round မှာ Cloud 9 ကအနိုင်ရတဲ့အတွက် Team KabuM အနေနဲ့ စိုးရိမ်စရာကတော့ နောက် Round မှာ Firepower မညီမျှခြင်းဖြစ်ပါတယ်။ ဒို့ပေမယ့် Far နဲ့ FalleN အားဖြင့် second round မှာ အနိုင်ရယူနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ FalleN အနေနဲ့ အသင်းကို အကောင်းဆုံးပုံစံ ပြသပြီး အနိုင်ယူခဲ့တာကြောင့် လူအများ သတိထားမိသွားခြင်းလည်း ဖြစ်ပါတယ်။

ဘယ်သူမဆို အချိန်တိုင်းကတော့ အောင်မြင်နေမှာမဟုတ်ပါဘူး။ ဒီလိုပါဘဲ FalleN အနေနဲ့လည်း ခက်ခဲတဲ့ နေရက်များကို ဖြတ်သန်းခဲ့ရပြီး အသင်းသားများဖြစ်တဲ့ (Talented players) Fer နဲ့ Coldzera တို့နဲ့ အတူ ကြိုးစားခဲ့ရပါတယ်။ ကြိုးစားအားထုတ်သူအဖို့ အောင်မြင်မှုကတော့ ငိုက်မြည်း အိပ်ပျော်နေမှာ မဟုတ်သလို FalleN အနေနဲ့ အရင်တုန်းက ပုံစံကောင်းကို ပြန်လည် ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ The most Influential Person in Brazilian eSports အဖြစ် FalleN အနေနဲ့ ချီးကျူး ဂုဏ်ပြုခံခဲ့ရပါတယ်။

လေ့ကျင့်ချိန်များမှာ ပိုမိုအားစိုက် လေ့လာ သင်ယူနိုင်ခဲ့ခြင်းနဲ့အတူ တခြားသူများနဲ့မတူညီတဲ့ unreal gamesense များပိုင်ဆိုင်တဲ့ FalleN ကတော့ ၂၀၁၆ အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး Rifle AWPer တစ်ယောက်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

FalleN အနေနဲ့ Professional player တစ်ယောက်ဖြစ်တည်ဖို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝဟာလည်း လွယ်ကူအဆင်ပြေချောမွေ့ ခဲ့ခြင်းမရှိပါဘူး။ အကြောင်းအမျိုးမျိုး ကိစ္စရပ်များကြောင့် သူ့အနေနဲ့ အသင်းများ ပြောင်းရွှေ့ပြီး ဆော့ကစားခဲ့ရပါတယ်။ ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် ကြိုးစားနေသူအဖို့ တစ်ချိန်ချိန်မှာ အောင်ပန်းဆင်နိုင်မယ်ဆိုတဲ့ စကားကို အလုပ်နဲ့ သက်သေပြခဲ့တာကတော့ ဘရားဇီးလ်သား Gabriel “FalleN” Toledo ဘဲဖြစ်ပါတယ်။

ပြောင်းရွှေ့ခဲ့တဲ့ အသင်းများကတော့ . . . . . . . . . . . .

Team KaBuM                   From; 19,Sep 2014                To;25,Feb 2015

Team Keyd Stars             From; 25,Feb 2015                To; 29, Jul 2015

Luminosity Gaming       From; 29,Jul 2015 .               To; 1, Jul 2016

SK Gaming                       From; 28, June 2016            To; Current

လတ်တလော မှာကတော့ FalleN အနေနဲ့ Team SK GAMING(CS GO) မှာ တစ်ချိန်က MAJAR ဆုကြီးနှစ်ခုကို အတူတူရယူခဲတဲ့ အသင်းသားများဖြစ်တဲ့ FER, FNX, TACO ,COLD တို့နဲ့ အတူရှိနေပါတယ်။ နေထိုင်နေတာကတော့ ကယ်လီဖိုးနီးယား က နေအိမ်တစ်လုံးမှာ အသင်းသားများအားလုံး စုစုစည်းစည်းနဲ့ နေထိုင်ပြီး နေ့ရက်တိုင်းမှာ လေ့လာရင်း လေ့ကျင့်ရင်းနဲ့ အချိန်ကုန်ဆုံးနေပါတယ်။ ထို့အတူ အသင်းတစ်သင်းမှာ အရေးကြီးဆုံးအဖြစ်လိုအပ်တဲ့ ဂိမ်းမှာ အသုံးပြုရမယ့် နည်းဗျူဟာများနဲ့ တစ်ယောက်ချင်းစီအနေနဲ့လည်း ကိုယ့်ကိုကိုယ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပါတယ်။

FalleN ကတော့ မဖြစ်နိုင်တဲ့ စွမ်းရည်များကို ပိုင်ဆိုင်ထားတဲ့ တစ်ယောက်လို့ပြောရင်လည်းမမှားပါဘူး။ သူ့အနေနဲ့ ဂိမ်းနဲ့ ပတ်သက်ပြီး အမြဲတမ်းလေ့လာပြီး အခုကတော့ Pro Player တစ်ယောက်အဖြစ် CS:GO လောကမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်။ သူ့အတွက်ကတော့ လေ့လာသင်ယူ လေ့ကျင်မှုဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာကိုလည်း ယုံကြည်နေမိပါတယ်။

လူတိုင်းကတော့ ဒီအရာကို လုပ်နိုင်ပေမယ့် သူတို့ဟာ ဘယ်တော့မှ FalleN နဲ့တူညီမှာ မဟုတ်ပါဘူး။ ကစားသမားအများစုကတော့ ဂိမ်းကစားသလိုသဘာထားပြီး ဆော့ကစားကြပေမယ့် FalleN အနေနဲ့ကတော့ သူကိုယ်တိုင် ဂိမ်းထဲမှာ ရှင်သန်လှုပ်ရှားနေပါတယ်။ သူ့အနေနဲ့ကတော့ သူလုပ်တဲ့ အလုပ်အပေါ်မှာ အလွန် စိတ်နှစ်မြုပ်ထားပြီး မိမိကိုယ်ကို တစတစ ပြောင်းလဲတိုးတက်မှုကို လိုလားတတ်တယ် ဆိုတဲ့အကြောင်းကိုလည်း အသင်းသားများ အနေနဲ့ FalleN နဲ့ပတ်သက်ပြီး Interview တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ထူးခြားတဲ့ အရည်အချင်း စွမ်းရည်များ ပိုင်ဆိုင်ထားတဲ့ AWPer FalleN ဟာ ကျွန်တော့အတွက်ကတော့ လေးစားအားကျရတဲ့ ကစားသမား တစ်ယောက်အပြင် သင်ယူလေ့လာခြင်း များကို အမြဲတမ်း စိန်ခေါ်ဖြတ်ကျော်တဲ့ eSports CS: GO player အဖြစ် အမြဲလေးစားအားကျနေရမှာပါ။

ကျွန်တော်တို့ ဘဝလမ်းခရီးမှာလည်း  အရာရာတိုင်းဟာ ၁၀၀% ပြီးပြည့်စုံမှုရှိမှာ မဟုတ်သလို ကျွန်တော်တို့အနေနဲ့ တိုးတက်မှုရှိအောင် ပိုမိုကောင်းမွန်အောင် ပြုပြင်ရမယ့် အချက်တွေကတော့ အနည်းနဲ့ အများရှိနေအုံးမှာပါ။ ဒါ့ကြောင့် အခက်အခဲတွေဘဲရှိရှိ ဘယ်လိုဖြစ်နေပါစေ မိမိရွေးချယ် လျှောက်လှမ်းတဲ့ လမ်းခရီး တစ်ခုစီတိုင်းမှာ မလျှော့သောဇွဲဖြင့် အောင်မြင်မှု သရဖူကို ရယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း Playon မိတ်ဆွေများကို ဘရားဇီးလ် eSports လောကမှာ အလွှမ်းနိုင်ဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ One of the Best AWPer (Gabriel “FalleN” Toledo) ရဲ့ ဘဝအကြောင်းကို ဖော်ပြတင်ဆက် လိုက်ရပါတယ်။

Image Source : https://www.dexerto.com/news/sk-gaming-knocked-off-first-place-csgo-world-rankings-four-months-top/37041

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: