News

Steam ပေါ် ကနေ မိုလ်ဘိုင်းလောကကို ရောက်ရှိလာတော့မယ့် The Mooseman

စိတ်ကူးယဉ် ဆန်ဆန်ခြောက်ခြားစရာကောင်းတဲ့ စွန့်စားခန်းဂိမ်း Mooseman ကို April လ ၁၇ ရက်နေ့မှာ Android နဲ့ iOS အတွက် ဆော့ကစားနိုင်တော့မယ်လို့သိရပါတယ်။ ရှေးဟောင်း ရုရှားမျိုးနွယ်စုတို့ရဲ့ ဒဏ္ဍာရီ ကို အခြေခံထားတဲ့ Mooseman ဂိမ်းဟာ steam မှာလည်း တကယ့်ကို လူကြိုက်များတဲ့ ဂိမ်းတစ်ခုပါ။ ဂိမ်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ Mooseman (လူတစ်ပိုင်း သမင်တစ်ပိုင်း သတ္တဝါကြီး) ဟာ အတိတ်ကာလက သေဆုံးခြင်းကမ္ဘာကြီးကို မြင်နိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။ အဲ့တာကြောင့် Mooseman ကို ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေနဲ့ တည်ဆောက်ထားတဲ့ ဂိမ်းလို့ ယူဆရမှာပါ။

ဂိမ်းထဲမှာ player က စကြာဝဋ္ဌာကြီးရဲ့ အလွှာသုံးခုကို အချိန်ခရီးသွားသူ တစ်ယောက်အဖြစ်ဖြတ်သန်းရမှာပါ။ အောက်ဘက်ကမ္ဘာ၊ အလယ်ကမ္ဘာနဲ့ အထက်ကမ္ဘာ လို့ခေါ်တဲ့ အလွှာသုံးခုမှာ ရှိတဲ့စွန့်စားခန်းတွေကိုရင်ဆိုင်ရမှာပါ။ စွန့်စားခန်းဆိုလို့ RPG ဂိမ်းအမျိုးအစားတွေလို တိုက်ခိုက်ရမှာတော့မဟုတ်ပါဘူး။ လမ်းခရီးမှာပေးထားတဲ့ ပဟေဋ္ဌိတွေကိုပဲ ဖြေရှင်းသွားရမှာပါ။

 

လွယ်ကူတဲ့ အဖြေတွေ နဲ့ တည်ဆောက်ထားတဲ့ ပဟေဋ္ဌိတွေ မဟုတ်တာကြောင့် စဉ်းစားရတာတော့ နည်းနည်းခက်ပါလိမ့်မယ်။ အောက်ဘက်ကမ္ဘာမှာ ရှေးခေတ်နတ်ဘုရားတွေနဲ့ အသေကောင်တွေ နေထိုင်ကြပါတယ်။ အလယ်ကမ္ဘာမှာ လူသားတွေနေထိုင်ကြပြီး၊ အထက်ကမ္ဘာမှာတော့ နတ်ဘုရားတွေ နေထိုင်ကြပါတယ်။ စိတ်ဝင်စားဖို့ အရမ်းကောင်းပြီး ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် ဖန်တီးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ နမူနာ ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

ကမ္ဘာသုံးခုက လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖွယ် ခရီးလမ်းတွေကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကမ္ဘာ နှစ်ခုရဲ့ ထူးခြားမှုတွေ နဲ့ အတူ မြင်ဖူးနေကျမဟုတ်တဲ့ အတွေအကြုံအသစ်တွေကိုပေးနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။Steam မှာ နာမည်ကောင်းတွေရရှိထားတဲ့ ဂိမ်းတစ်ခုက မိုလ်ဘိုင်းလောကကို ရောက်ရှိလာဦးမယ်ဆိုတော့ မိုလ်ဘိုင်း gamers တွေအတွက်တော့ သတင်းကောင်းလို့ပြောရမှာပါ။ ကဲ ဒီတော့ .. Mooseman တရားဝင်ထွက်လာမယ့် April လ ၁၇ ရက်နေ့ကို စောင့်ကြဦးမှာလား 😉) ?

 

Source

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: