Reviews

လွတ်မြောက်ဖို့ မလွယ်ကူတဲ့ ဝင်္ကပါကြီးထဲကနေ ရုန်းထွက်ရမယ့် The Maze Runner

ဝင်္ကပါတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို unlock လုပ်ပြီး အန္တရာယ်တွေကနေ လွတ်မြောက်အောင်ကြိုးပမ်းရမယ့် game ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားခဲ့တဲ့ The Maze Runner ရုပ်ရှင်ကားကြီးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ official The Maze Runner ဂိမ်းဖြစ်တဲ့အတွက် ပါဝင်ထားတဲ့ ဇာတ်ကောင်တွေက အစ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်နေမှာပါ။

ဂိမ်းထဲမှာ သင်က ရွေ့လျားပြီး အသက်အန္တရာယ်ရှိတဲ့ ဝင်္ကပါတွေကြားထဲမှာ ပိတ်မိနေမှာဖြစ်ပါတယ်။ ဝင်္ကပါတွေထဲမှာ အပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးတွေ ၊ ရုတ်တရက် ပေါ်လာတဲ့ကျင်းအနက်ကြီးတွေ ၊ ပြေးနေရင်းကျိုးသွားတဲ့ တံတားကြီးတွေ စတဲ့ သည်းထိတ်ရင်ဖို့ challenges တွေနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ကစားရင်း သတိရှိနေဖို့တော့ လိုပါတယ်။ Maze Runner ဇာတ်လမ်းကြည့်ဖူးတဲ့သူဆိုရင်တော့ ပြောပြနေစရာ မလိုအောင် ဘယ်လိုကစားရမလဲဆိုတာ သိနှင့်ပြီးသားဖြစ်နေမှာပါ။

Maze Runner ဇာတ်ကားထဲက သင်အနှစ်သက်ဆုံး အပြေးသမားကို ရွေးချယ်ပြီး ကစားနိုင်ပါတယ်။ ဘာမှ ထူးထူးခြားခြား လုပ်ပေးစရာမလိုပါဘူး။ Screen ကိုထိပြီး ခုန် ၊ ပျံ ၊ ကျော်လွှားလေးပဲ လုပ်သွားရမှာပါ။ ဝင်္ကပါတွေကို လေ့လာဖော်ထုတ်သွားပြီး ပျောက်ဆုံးနေတဲ့ သဲလွန်စတွေနဲ့ ၊ Levels အသစ်တွေကို unlock လုပ်ရင်း Maze Runner ဇာတ်ကားထဲ လူကိုယ်တိုင်ရောက်သွားသလို အတွေ့အကြုံအသစ်တွေကို ဖန်တီးလိုက်ပါ။ ဝင်္ကပါတွေ မပိတ်ခင် အမီ လွတ်အောင် အသားကုန်ပြေးရမယ့်အတွက် ကစားရင် သည်းထိတ်ရင်ဖိုဖြစ်နေမှာပါ။

ဂိမ်းက free to play ဖြစ်ပေမယ့် အထဲမှာပါဝင်တဲ့ items အချို့ကို ငွေသားနဲ့ ဝယ်ဖို့လိုအပ်ပါတယ်။ အကယ်၍ မိတ်ဆွေက purchase feature ကို အသုံးမပြုဖို့ ရွေးချယ်ချင်ရင် devices ရဲ့ setting ထဲသွားပြီး in-app purchase ကို disable လုပ်ထားလိုက်ပါ။

Android, iOS နှစ်ခုလုံးနဲ့ ကစားနိုင်ပါတယ်။ App Store မှာ rating 4.6 ရှိပြီး ၊ Play Store မှာ rating 4.0 ရရှိထားပါတယ်။

 

Image Source : The Maze Runner

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: