News

Cat Quest II ထွက်မယ့် အကြောင်းကို ကြေညာခဲ့တဲ့ Gentlebros

Cat Quest တစ်ခုတည်းကို ကစားရတာ အားမရတဲ့သူတွေအတွက် သတင်းကောင်း တစ်ခုရောက်ရှိလို့လာပါပြီ။ မေလ ၁၉ ရက်နေ့က Developer Gentlebros က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ Cat Quest II အကြောင်းကို ကြေညာခဲ့ပါတယ်။ ပထမထွက်ရှိထားတဲ့ Cat Quest အတိုင်းပဲ Cat Quest II: The Lupus Empire ကို PlayStation 4, Nintendo Switch, Steam PC, iOS, Android တို့မှာ ကစားနိုင်မယ်လို့ အတည်ပြုထားပါတယ်။

ကြေညာတာ နည်းနည်းစောနေလို့လားတော့ မသိပါဘူး။ Cat Quest II ရဲ့Logo ကလွဲရင် Trailer ရော ပုံတွေရော ဘာမှမထွက်ရှိထားသေးပါဘူး။ ဒါပေမယ့် ပုံစံကတော့ ပထမ ထွက်ရှိထားတဲ့ Cat Quest လိုပဲဖြစ်မယ်လို့ ထင်မိပါတယ်။ Cat Quest II ကို ၂၀၁၈ မှာထွက်မှာလား ၂၀၁၉ ရောက်မှ ထွက်မှာလားဆိုတာကိုတော့ နောက်အသစ်ထွက်ရှိလာမယ့် သတင်းမှာ သိရမှာပါ။

Cat Quest က စွန့်စားခန်းဆန်ဆန် ဂိမ်းဖြစ်ပြီး RPG ပရိသတ်တွေ အထူးသဖြင့် ကြောင်ချစ်သူလေးတွေ အသဲစွဲ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Cat Quest လိုပဲ Cat Quest II ကလည်း ပရိသတ်အားပေးမယ့် ဂိမ်းလားဆိုတာကို မကြာခင်ထွက်ရှိလာမယ့် သူ့ရဲ့ Trailer ထဲမှာ အတူတူ စောင့်ကြည့်ကြတာပေါ့နော်…။ အခုလောလောဆယ်မှာတော့ Cat Quest II ထွက်မယ်ဆိုတဲ့ သတင်းကလွဲရင် အခြားသတင်းတွေ မသိရသေးတဲ့အတွက် trailer ကိုကြည့်ချင်တယ်ဆိုရင်တော့ Cat Quest trailer ကိုပဲ အရင်ကြည့်ထားနိုင်ပါတယ်။

ချစ်စရာကြောင်လေးရှိတဲ့ Cat Quest ကမ္ဘာလေးထဲကို မရောက်ဖူးသေးဘူးဆိုရင်လည်း APP Store နဲ့ Play Store တို့မှာ Cat Quest I ကို ဒေါ်လာ ၄.၉၉ (မြန်မာငွေ – ၆၀၀၀ကျော်ဝန်းကျင်) လောက်နဲ့ အရင် ဒေါင်းလုတ်လုပ်ယူပြီး ကစားလို့ရနေပါပြီနော်…။

 

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password