သရဲများနှင့်ထိပ်တိုက်ရင်ဆိုင်ချင်သော Mobile Player များအတွက် The Fear : Creep Scream House!

ဒီဂိမ်းဟာအသည်းငယ်သူ၊ ကြောက်တတ်သူများအတွက်လုံးဝမဟုတ်ပါ။ အခုဒီဂိမ်းအကြောင်းဖတ်နေတဲ့မိတ်ဆွေက အသည်းငယ်သူဆိုရင် Bye Bye (သို့) စိတ်ပါလို့ဆက်လက်ဖတ်မယ်ဆိုရင်တော့ Welcome ပါ။ ဒီဂိမ်းက Story ကနေဂိမ်းဖြစ်လာတာမို့ Story line အရင်ပြောပါရစေ။

Mike ဆိုတဲ့ကောင်လေးနဲ့ Marta (Mike’s Girlfriend) သူတို့နှစ်ယောက်ကစတာပါ။ Mike ရဲ့ကောင်မလေးဖြစ်သူ Marta ကတစ်နေ့မှာ ပုံမှန်ကနေ ရုပ်တရက်ထူးဆန်းလာတာပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမှုတွေကိုလည်းပြလာတယ်။ အဲ့ဒါကို Mike ကသတိတော့ထားမိနေတယ်။ ဒါပေမယ့်အရမ်းကြီးတော့သတိထားမိတာတော့မဟုတ်ပါဘူး။ လအနည်းအငယ်ကြာတော့ ရောဂါကပိုပိုဆိုးဆိုးလာတာကြောင့်ဆေးခန်းသွားဖြစ်မှစိတ်ရောဂါဖြစ်နေတယ်ဆိုတာသိရတာပါ။ ရောဂါကဖြစ်နေတာကြာပြီး ရောဂါကျွမ်းနေပြီမို့ ဆေးခန်းသွားလည်းမထူးပါဘူး။ အချိန်နှောင်းသွားတာပါ။ ရောဂါအခြေအနေအရ Mike ရဲ့ကောင်မလေး Marta ဟာကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်တဲ့ အဆင့်တွေပါရောက်ကုန်ပါပြီ။ ဥပမာ ကိုယ့်အသားကို ကိုယ်ဓားနဲ့ လှီးတာတို့ပေါ့။ အဲ့ဒါတွေက  Mike အတွက်တော့အိပ်မက်ဆိုးကြီးပါပဲ။ နောက်ဆုံးမှာ Mike လဲမတတ်နိုင်တဲ့ အဆုံး Marta နဲ့ လမ်းခွဲပြီး Marta ရော သူရော အန္တရာယ်ကင်းဖို့ စိတ်ကျန်းမာရေးဆေးရုံပို့လိုက်ရပါတော့တယ်။

Mike လည်း Marta ကိုမေ့ချင်တာနဲ့ပဲ တခြားကောင်မလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ သမီးတစ်ယောက် မွေးဖွားပြီး Mike တစ်ယောက်ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ညဖက်တွေမှာဆို Mike ထူးဆန်းတယ့်အရာကိုအမြဲခံစားနေရပါတယ်။ ၂ ရက်လောက်က Mike အိပ်မက်ထဲမှာ Marta သတ်သေသွားတဲ့အကြောင်းပါလာပါတယ်။ Mike တစ်ယောက်ကြောက်နေပေမယ့် အဲ့ဒီကိစ္စတွေကိုသူ့မိသားစုတွေကိုစိတ်ပူမှာဆိုးလို့ ဖွင့်မပြောပါဘူး။ Marta ကသူ့မိသားစုကိုခြိမ်းခြောက်နေသလို Mike ခံစားနေရတယ်။ အဲ့ဒါနဲ့ သူအပြင်ရောက်နေတဲ့ ညတစ်ညမှာ သူ့မိသားစုကို Marta တစ်ခုခု လုပ်မှာစိုးရိမ်စိတ်တွေများလာတာကြောင့် သူ့သမီးနဲ့ မိန်းမအဆင်ပြေမပြေ Mike တစ်ယောက်သွားရောက်စစ်ဆေးပါပြီ။

မိတ်ဆွေကအဲ့ဒီနေရာကနေ Mike အနေနဲ့ဆော့သွားရမှာပါ။ Mike နေရာကနေ သူ့မိသားစုဆီကို Marta တစ်ခုခုမလုပ်ခင်မြန်မြန်သွားရမှာပါ။ Martaရဲ့ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေကို မိတ်ဆွေသေချာတွေ့ရမှာပါ။ Marta ကချောမှာဆိုပေမယ့် psycho ဖြစ်နေတာကြောင့် သူ suicide မလုပ်ခင်မှာသူ့ခန္ဂာကိုယ်တစ်ခုလုံးကို ဘာတွေလုပ်ခဲ့လဲဆိုတာကျွန်တော်တို့ လည်းမသိနိုင်တဲ့အတွက် အမြင်တော့လှမှာမဟုတ်ပါဘူး။ သရဲကားတွေထဲကလိုပဲ လျက်တပြတ်ထွက်လာပြီးချတာတို့၊ ပုံရိပ်တွေပေါ်လာတာတို့ စတာတွေကိုအကြီးအကျယ်တွေ့ရမှာပါ။

မိတ်ဆွေ Marta ကိုသေချာမြင်နိုင်အောင် High Graphics တွေ၊ Marta ရဲ့အသံကိုသေချာကြားနိုင်အောင် Sound System ကိုလည်းသေချာလုပ်ထားတာကိုတွေ့ရမှာပါ။ Mike နေရာက Mood အပြည့်နဲ့ခံစားပြီးဆော့ချင်ရင် တော့နှားကြပ်နှစ်ဖက်လုံးတပ်ပြီးဆော့ကြပါလို့အကြံပေးပါရစေ။တစ်ခုခုဖြစ်ရင် တော့ကိုယ်ထူကိုယ်ထရှင်းရမှာပါ။ Playon နဲ့ မဆိုင်ပါ။ ဒီဂိမ်းမှာဘာသာစကား ၈ မျိုးကိုပြောင်းဆော့နိုင်ပါတယ်။ Turkish , English , Russian , Chinese , German , French , Japanese , Spanish စတာတွေပါ။ မိတ်ဆွေစိတ်ကြိုက်ပါပဲ။

Free To Play ပါ။ Android ရော IOS ပါကစားနိုင်တာကြောင့် အသည်းမာသော Mobile  Player များအားသတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.geneticstudios.thefear&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password