News

VR version နဲ့ ခပ်လန်းလန်း ကစားရမယ့် Elder Scrolls: Blades

Elder Scrolls ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် Elder Scrolls series အသစ်ကို မိုလ်ဘိုင်းအတွက် ပြင်ဆင်ထားတယ်လို့ E3 press conference မှာ company ဘက်ကပြောကြာခဲ့ပါတယ်။ Elder Scrolls Blades က console quality graphic ဒီဇိုင်းနဲ့ combat style မျိုးစုံကိုထည့်သွင်းထားတဲ့ first person role-playing game ဂိမ်းဖြစ်ပါတယ်။ Blades ကို မိုလ်ဘိုင်းတွေအတွက် သာမက PC, console နဲ့ virtual reality device တွေနဲ့ပါ ကစားလို့ ရမယ်လို့ သိရပါတယ်။ သူ့ကို Android နဲ့ iOS နှစ်မျိုးစလုံးအတွက် free download လုပ်ယူနိုင်မှာဖြစ်ပြီး pre-register လုပ်ထားချင်ရင်လည်း playblades.com မှာဝင်ရောက်လုပ်ယူနိုင်နေပါပြီ။

အခြားဂိမ်းတွေနဲ့ မတူတဲ့ Blades ရဲ့ ထူးခြားချက်ကတော့ VR version ပါဝင်နေတာပဲဖြစ်ပါတယ်။ VR version (Virtual Reality) ဆိုတာကတော့ အပြင်လောကမဟုတ်တဲ့ တကယ့်ဂိမ်းကမ္ဘာထဲမှာ ကိုယ်တိုင်ဝင်ရောက်နေသလိုဖြစ်အောင် ဖန်တီးထားတဲ့ အရာတစ်ခုပါ။ တွေ့ရမြင်ရတာတွေ အားလုံးကတကယ့် အမှန်တွေမဟုတ်ပါဘူး။ Smartphone တွေထဲမှာတွေ့ရတဲ့ AR ထက်ပိုပြီး နစ်မြောသွားစေနိုင်တဲ့ visual version တစ်ခုဖြစ်ပါတယ်။

ဂိမ်းရဲ့ ဒါရိုက်တာ Todd Howard ကတော့ Blades ကို Console quality graphic နဲ့ ထူးကဲတဲ့ first person RPG ဖြစ်တယ်လို့ E3 gaming show မှာပြောခဲ့ပါတယ်။ ထူးခြားလား မထူးခြားလားဆိုတာကို အောက်မှာဖော်ပြထားတဲ့ Video ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ VR version နဲ့ဆိုတော့ ဂိမ်းထဲကို ကိုယ်တိုင်ဝင်ဖိုက်နေရတဲ့အတိုင်းပါပဲ။ 😎)

ဂိမ်းထဲမှာ feature သစ်အနေနဲ့ landscape နဲ့ portrait mode နှစ်မျိုးလုံး ပါဝင်လာမှာဖြစ်တာကြောင့် အသုံးလိုမယ့် mode ကိုရွေးချယ်ပြီး ကစားနိုင်ပါတယ်။ ဒါ့အပြင် survival, arena (multiplayer) နဲ့ town (story) mode ဆိုပြီး game play ပုံစံကိုခွဲခြားထားပါသေးတယ်။

ဒါရိုက်တာ Howard က ၂၀၁၅ ခုနှစ်တုန်းက company ရဲ့ ပထမဦးဆုံး mobile ဂိမ်းအဖြစ်ထွက်ရှိခဲ့တဲ့ Fallout Shelter ကိုလည်း Nintendo Switch မှာ ကစားလို့ရနေပြီဖြစ်ကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။ Fallout Shelter က Android, iOS, Xbox one နဲ့ Window တို့မှာ ကစားလို့ရနှင့်ပြီးသား ဂိမ်းဖြစ်ပါတယ်။

Blades က Bethesda E3 conference မှာကျင်းပခဲ့တဲ့ များပြားလှတဲ့ဂိမ်းတွေထဲကတစ်ခုဖြစ်ပြီး အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေအများအပြားကိုလည်း E3 conference မှာ ပြသခဲ့ပါတယ်။ The Elder Scrolls: Blades က လာမယ့် ဆောင်းရာသီမှာ free to play အနေနဲ့ ထွက်ရှိလာနိုင်ဖွယ်ရှိပြီး ဂိမ်းရဲ့ ထူးခြားတဲ့ စတိုင်ကို စမ်းကစားကြည့်ချင်တယ် ဆိုရင်တော့ App Store နဲ့ Play Store တို့မှာ pre-register လုပ်ထားလိုက်ပါနော်။ ထွက်ရှိတဲ့ရက်မှာ အလိုအလျောက် noti တက်လာပါလိမ့်မယ်။

ဘယ်လိုလဲ Playon က ပရိသတ်ကြီးရေ… Elder Scrolls ရဲ့ ဂိမ်းအသစ်ကိုစိတ်မှဝင်စားကြရဲ့လား…မထွက်ခင်ကြိုတင်ခံစားရဖို့ အတွက် screenshot လေးတွေပါရှာပေးထားတယ်နော်။ အောက်မှာ ကြည့်လိုက်ကြပါဦး။

 

 

 

 

 

 

Android/ IOS

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: