News

The Division 2 ကို Pre-Order မှာလို့ရပြီ

Tom Clancy’s The Division ရဲ့အဆက် The Division 2 ဂိမ်းအတွက် PS4, Xbox One နဲ့ PC မှာ pre-order တွေစတင်လက်ခံနေပါပြီ။ Gamer အတော်များများစောင့်မျှော်နေကျတဲ့ The Division 2 ဟာ March လ 15 ရက်နေ့ 2019 မှာထွက်ရှိလာမှာဖြစ်ပါတယ်။ Pre-order မှာသူတိုင်းအတွက်ကတော့အထူးအခွင့်အရေးအနေနဲ့ private beta ကိုဝင်ရောက်ဆော့ကစားနိုင်မှာဖြစ်ပြီး

“ဝရုန်းသုန်းကားပျက်ဆီးနေတဲ့ Washington, DC မြို့ကြီးကိုသူများထက်စောနိုင်သမျှစောပြီးတော့ explore လုပ်နိုင်မယ့်အခွင့်အရေးကိုရရှိမှာပါ။”

လို့ဆိုထားပါတယ်။

ဒါ့အပြင် Pre-order လုပ်သူတိုင်းအတွက် in-game item တွေပါတဲ့ Capitol Defender Pack ကိုပေးအပ်သွားဦးမှာပါ။ အဆိုပါ Pack ထဲမှာတော့ The ”Lullaby” လိုခေါ်တဲ့ Shot gun တစ်လက်နဲ့ Hazmat 2.0 ဝတ်စုံပါဝင်မယ်လို့ဆိုထားပါတယ်။ ဒီ item တွေဟာ pre-order exclusive item တွေဖြစ်ပြီးနောက်ကျရင်ဘယ်လိုနည်းနဲ့မှရနိုင်မှာမဟုတ်တော့ပါဘူး။

Pre-order လုပ်တဲ့နေရာမှာ package တွေခွဲပေးထားပြီး package အလိုက်ခံစားခွင့်တွေကွာသွားမှာပါ။ Standard edition, Gold edition (physical, digital), The digital ultimate edition, Dark zone definative collector’s edition နဲ့ The Phoenix shield collector’s edition ဆိုပြီး package ခြောက်မျိုးခွဲထားပါတယ်။ Standard edition ကလွဲလို့အခြား edition တွေမှာ release date March 15, 2019 ထက်သုံးရက်စောပြီး March 12 မှာ offical စကစားခွင့်ကိုရှိမှာဖြစ်ပါတယ်။ Gold edition တွေနဲ့ ultimate edition တွေမှာ in-game item နဲ့ element တွေလောက်ပဲပြောင်းလဲမှုရှိပေမယ့် collector’s edition တွေ pre-order မှာမယ်ဆိုရင်တော့ပိုပြီးထူးခြားသွားပါပြီ။ Collector’s edition တွေမှာ The Division 2 character တွေရဲ့အရုပ်တွေ game ရဲ့ soundtrack တွေအပြင် Washington, DC ရဲ့မြေပုံကိုပါရရှိမှာဆိုတော့အရမ်းလန်းတဲ့ package တွေပါပဲ။ သင်ဟာ The Division 2 ကိုစောင့်မျှော်နေတဲ့သူတစ်ယောက်ဆိုရင်တော့အခုပဲ pre-order တင်လို့ရနေပါပြီ။

နောက်ထပ်အခုလိုစိတ်ဝင်စားစရာဂိမ်းသတင်းတွေကိုတင်ဆက်ပေးသွားဦးမှာဖြစ်လို့ playon ကို like and see first လုပ်ပြီးစောင့်ကြည့်ဖို့အကြံပြုရင်းဒီနေ့အတွက်တော့ဒီမှာပဲရပ်နားခွင့်ပြုပါဦးခင်ဗျာ။

Ref: 1, 2

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: