ArticleNews

Steam ပေါ်မှာရရှိနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ Division 2

စိန်ခေါ်မှုတွေကို ပြုလုပ်နေတဲ့ Epic Game Store ကတော့ အခုအသစ်ထပ်ထွက်လာမယ့် The Division 2 ကို Steam ပေါ်မှာရရှိနိုင်တော့မှာမဟုတ်ဘူးလို့ တရားဝင်ကြေညာလိုက်ပါပြီ။ Infinity Blade ဂိမ်းအားလုံးကိုလည်း iOS App Store ကနေ ဖယ်ရှားခဲ့ပြီး ကိုယ်ပိုင် Game Store တစ်ခုအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ Fornite ကို လည်း Google Play Store ပေါ်မှာ မဖြန့်ချီခဲ့ပါဘူး။ iOS Device တွေအတွက်ကတော့ Fornite ကို App Store မှာ ဆက်လက်ထားရှိဦးမှာပါ။

Game Store တွေကြားမှာ စစ်မီးမွှေးလိုက်သလိုပါပဲ။ Epic Game ကတော့ အကွက်ကြီးကြီး စရွှေ့နေပါပြီ။ The Division ကို Steam ကနေ ဖြန့်ချီပေးခဲ့ပေမယ့်လည်း သူ့ရဲ့ အဆက်သစ်ဖြစ်တဲ့ The Division 2 ကို Ubisoft နဲ့ သဘောတူညီမှုပြုလုပ်ခဲ့ပြီး မိတ်ဆက်ထားတာ ပူပူနွေးနွေးပဲရှိသေးတဲ့ Epic Game Store ကနေ ရရှိနိုင်မှာပါ။ ဒါပေမယ့် Steam ပေါ်ကနေ pre-order လုပ်ခဲ့တဲ့သူတွေအတွက်ကတော့ Steam ကနေ ရနိုင်ဦးမှာပါ။

The Division 2 ကိုတော့ မတ်လ ၁၅ ရက်နေ့ကနေ စပြီး Epic Store ကနေ ရနိုင်မှာပါ။ PC အတွက်ပဲ ရဦးမှာဖြစ်ပြီး Xbox One နဲ့ PS4 တို့ ပေါ်ကိုလည်း ရောက်ရှိလာမှာပါ။ Steam ဆိုတာ PC Gamer တွေရဲ့ ရတနာသိုက်ဆိုလည်း မမှားပါဘူး။ Game အမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာ စုစည်းစုံလင်စွာ ရနိုင်တာဖြစ်တဲ့အတွက် Gamer တွေရဲ့ အချစ်တော် Store ကြီးပါ။ Epic အနေနဲ့ Steam ကို ယှဉ်ပြိုင်မယ်ဆိုရင် အရမ်းကိုအောင်မြင်တဲ့ ကုမ္ပဏီက Game တွေနဲ့ ပြိုင်မှရမှာပါ။ ဒါပေမယ့် The Division 2 ကတော့ အစလို့ ဆိုရမှာပါပဲ။ Epic နဲ့ Ubisoft ကတော့ လာမယ့်နှစ်တွေမှာလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်လို့ ပြောသွားပါတယ်။

“Epic ကတော့ Game Industry တစ်ခုလုံးကို အခက်တွေ့အောင်လုပ်သွားဦးမှာပါ။ Ubisoft လိုမျိုးကုမ္ပဏီက ထောက်ပံ့ပေးချင်တဲ့ သူတို့ရဲ့ ဖြန့်ချီမှုကတော့ Update အဖြစ်ဆုံး ဥပမာပါပဲ။”

လို့ Chris Early က ပြောပါတယ်။

Steam အနေနဲ့ PC game လောကကို လက်ဝါးကြီးအုပ်ထားခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် နောက်မှ ပေါ်လာတဲ့ ပြိုင်ဘက်တွေကြောင့် အပြောင်းအလဲတွေကို စတင်တွေ့နေရပါပြီ။ Epic ကတော့ ခွန်အားအကြီးဆုံး ပြိုင်ဘက်ပါပဲ။ Fornite ကရတဲ့ ငွေတွေဟာ Developer တွေအတွက် ရင်းနှီးတဲ့ Platform တစ်ခုဖြစ်လာဖို့ အထောက်အကူဖြစ်စေခဲ့ပါပြီ။

Ref: TheVerge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password