News

ရူးသွပ်သွားလောက်မယ့် Ketchapp ရဲ့ အပြေးသမား Flippy

Ketchapp အနေနဲ့ သူတို့ရဲ့ product ဂိမ်းတစ်ခုဖြစ်တဲ့ Flippy အမည်ရတဲ့ ဂိမ်းလေးကို မိုလ်ဘိုင်း platform ဆီကို ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီဂိမ်းလေးကတော့ endless runner ဂိမ်းတစ်ခုအဖြစ်ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။

Playon မိတ်ဆွေများအနေနဲ့လည်း ရယူနိုင်ဖို့အတွက် ဂိမ်းလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အနည်းငယ်ကို တင်ဆက်ပေးလိုက်ရပါတယ်။

ခုန်ပျံကျော်လွှားခြင်းများကို ပြုလုပ်ရင်း အပြေးသမားတစ်ယောက် အနေနဲ့ တွေ့မြင်ရမယ့် ဒီဂိမ်းလေးကတော့ ရင်ခုန်စရာကောင်းနေပါတယ်။ သင့်ရဲ့ ပြေးလမ်းမှာ ရှိတဲ့ အတားအဆီးများကို မတူညီတဲ့ sides ဟိုဖက် ဒီဖက် ပြောင်းလဲပြီး ကျော်ဖြတ်ရမှာဘဲ ဖြစ်ပါတယ်။ အရှိန်လေးနဲ့ တဖြေးဖြေးချင်း ကျော်ဖြတ်ရမှာ ဖြစ်ပြီး ရင်ခုန်မှုနဲ့အတူ ဆော့ကစားရမယ့် ဂိမ်းတစ်ခုအဖြစ်လည်း မှတ်ချက်ပြုရမှာပါ။ ထို့အတူ မိတ်ဆွေအနေနဲ့  စိန်ခေါ်မှုနဲ့အတူ သင့်ကိုယ်သင် ဆန်းစစ်ရမယ့် endless running ဂိမ်းဖြစ်တဲ့အတိုင်း အခြား runners များကိုကျော်ဖြတ်ပြီး အကောင်းဆုံးကို သက်သေပြရင်း . . . . . . . . . . ။

အခုဖော်ပြခဲ့တဲ့ ဂိမ်းလေးကိုတော့ မိုလ်ဘိုင်း platform များဖြစ်ကြတဲ့ Google Play Store နဲ့ App Store များမှာ Free to Play အနေနဲ့ ရယူနိုင်ပြီဆိုတဲ့ အကြောင်း မိတ်ဆွေသူငယ်ချင်းများအတွက် အသိပေးလိုက်ရပါတယ်။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: