မိတ်ဆွေတို့ရင်ထဲက Hero တစ်ယောက်ဖြစ်တဲ့ The Amazing Spider-man!

ဒီဇာတ်ကောင်လေးကတော့အားလုံးနဲ့ရင်းနှီးပြီးသားပါ။

New York မှာဖြစ်နေတဲ့ပြဿနာတွေကိုအခကြေးငွေမယူဘဲ ရဲတွေကိုယ်စားဖြေရှင်းပေးနေတဲ့ကောင်လေးတစ်ယောက်ဟာ Spiderman ပဲဖြစ်ပါတယ်။ သူဟာပင့်ကူအကိုက်ခံရပြီးတော့ကြီးမားတဲ့စွမ်းအင်တစ်ခုကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲ့ဒီစွမ်းအင်ကတော့ ပင့်ကူတစ်ကောင်လိုလုပ်ဆောင်နိုင်တာပါပဲ။ ဒါပေမဲ့ အမျှင်တော့မထုတ်နိုင်ပါဘူး။ 2002 က Sam Raimi ရိုက်ကူးထားတဲ့ပထမဆုံးSpiderman movieမှာPeterတစ်ယောက်အမျှင်ထုတ်နိုင်တာမိတ်ဆွေတို့သတိထားမိမှာပါ။ တစ်ချို့ Fan တွေကသူ့ကို Organic Spidy လို့ခေါ်ကြပါတယ်။ အမျှင်ထုတ်နိုင်တာနဲ့မထုတ်နိုင်တဲ့ ကွာခြားချက်က Spidy comic ထဲမှာအပြည့်အစုံ ရှိပါတယ်။ ဒါပေမဲ့ဇာတ်လမ်းအတွင်းမှာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Directorမတူတော့တာကြောင့်လဲပါတာပေါ့။ Villainတွေတော့နည်းနည်းကွာပါတယ်။ ဒါပေမဲ့ဇာတ်လမ်းကတော့အတူတူပါပဲ။

အမျှင်မထုတ်နိုင်ပေမယ့် Artificial Web တော့ထုတ်နိုင်ပါတယ်။ အဲ့ဒီ Artificial Web ကိုထွင်ထားတာကလည်းသူပါပဲ။ Peter Parker က Spiderman မဖြစ်ခင်ကတည်းက genius တစ်ယောက်ပါ။ သူ့ရဲ့ Artificial Web ကလည်း လေယာဥ်တစ်စီးကိုထိန်းထားနိုင်တဲ့အထိ သန်မာပါတယ်။ Genius ဖြစ်နေတာကလည်းသူ့အဖေရဲ့အမွေဆက်ခံတာပါ။ ဘာလို့လဲဆိုတော့သူ့အဖေကိုယ်တိုင်ကလည်း Scientist တစ်ယောက်ဖြစ်နေတာကြောင့်ပါ။

ဇာတ်လမ်းအတူတူဆိုတဲ့အတိုင်း Peter ဟာ ကြီးမားတဲ့စွမ်းအင်ရရှိပြီးနောက်မှာတော့အဖိုးဖြစ်သူကဓားပြတစ်ယောက်ဆီမှာအသက်ပေးလိုက်ရပါတယ်။ သူ့ကိုရှာရင်းဖြစ်တာကြောင့်ပိုလို့တောင်စိတ်မကောင်း ဖြစ်ပြီးအဖိုးရဲ့နောက်ဆုံးစကားကိုရင်ထဲစွဲနေအောင်မှတ်သားထားပါတော့တယ်။ အဲ့တာကတော့ မိတ်ဆွေတို့အားလုံးသိကြတဲ့

“With great power comes great responsibility” ဆိုတာလေးပါ။ မတရားမှုမှန်သမျှလိုက်ဖြေရှင်းနေတာက လည်းသူ့အဖိုးရဲ့နောက်ဆုံးစကားကြောင့်သာဖြစ်တယ်။

 

 

ဒီဂိမ်းက 2012 ကထွက်ရှိတဲ့ The Amazing Spiderman movie ကိုအခြေခံတာကြောင့် မိတ်ဆွေတို့ က Spiderman နေရာကနေဆော့ကစားရင်းမတရားမှတွေကိုဖြေရှင်းရမှာပဲဖြစ်ပါတယ်။ အဲ့လိုဖြေရှင်းရင်းနဲ့ Extraordinary စွမ်းအင်တွေကိုပိုင်ဆိုင်ထားတဲ့ ရန်သူတွေနဲ့လည်းရင်ဆိုင်ရမှာပါ။ The Amazing Spider movie ထဲက green monster ဖြစ်တဲ့ Lizard နဲ့အရင်ဦးဆုံးရင်ဆိုင်ရမှာပါ။ ဒါ့အပြင်မိတ်ဆွေတို့မမြင်ဘူးတဲ့ ရန်သူတွေနဲ့လည်းရင်ဆိုင်ရဦးမှာပါ။ မမြင်ဘူးတဲ့ရန်သူတွေဆိုလိုတခြားမထင်ပါနဲ့။ နောက် movie တွေမှာလာမယ့် monster တွေကိုပြောတာပါ။ အဲ့ဒီတော့မိတ်ဆွေတို့အတွက် Tips လေးတွေရနိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းလေးဟာ Free To Play တော့မဟုတ်ပါဘူး။ စျေးနှုန်းကတော့ US Dollar 6.99 ပါ။ Free မဟုတ်ပေမယ့် Graphic ပိုင်း၊ Story modeပိုင်း၊Sound System တွေကိုလည်းစနစ်တကျလုပ်ပေးထားတာကြောင့် 6.99  dollar ပေးရတာလည်းတန်ပါတယ်။ Android ရော IOS နှစ်မျိုးလုံးဆော့နိုင်တာကြောင့် Mobile Player များကို သတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftAMHM&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password