JRPG ချစ်သူတွေအတွက် အသစ်ထွက်ရှိတဲ့ The Alchemist Code

ဂျပန်နိုင်ငံက နာမည်ကြီး SRPG တစ်ခုဖြစ်တဲ့ “For Whom The Alchemist Exists” (誰ガ為のアルケミスト) ရဲ့ English Version ဖြစ်တဲ့ “The Alchemist Code” ဟာ နောက်ဆုံးတော့ Appstore နဲ့ Play Store တွေပေါ်ကိုရောက်ရှိလာပါပြီ။ Character Design နဲ့ JRPG တွေရဲ့ Gameplay တွေကိုသဘောကျတဲ့ကျွန်တော်ကတော့ စက္ကန့်မနှောင်းပဲ ပြေးဆော့ကြည့်လိုက်ပါတယ်။ ဒီဆောင်းပါးမှာတော့ The Alchemist Code အပေါ်ကျွန်တော့်ရဲ့ First Impression ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဂိမ်းရဲ့ Production Value ကို တော်တော်သဘောကျမိသွားပါတယ်။ လှပတဲ့ Cutscenes တွေ၊ ပီပြင်တဲ့ အသံသရုပ်ဆောင်ချက်တွေက ဆက်ဆော့ချင်စိတ်ပေါ်အောင် ဖိတ်ခေါ်နေပါတယ်။ ရုပ်ထွက်လှတာကိုသဘောကျသူတွေ နှစ်သက်ကြမှာဖြစ်ပါတယ်။ Gameplay ပိုင်းနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးဖော်ပြရရင်တော့ Final Fantasy Tactics နဲ့ဆင်ပါတယ်၊ Classic Turn-Based ပုံစံဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီဂိမ်းမှာ မြေပုံအနေအထား၊ Character ရဲ့မျက်နှာမူရာဖက် တွေကလည်း Gameplay အပေါ်သက်ရောက်မှုရှိပါတယ်။ ဥပမာ အောက်ကနေ တောင်ကုန်းပေါ်ကရန်သူကိုလှမ်းချရင် Damage သိပ်မထိတာမျိုး၊ နောက်ကျောကနေချရင် Damage ပိုထိတာမျိုးတို့ဖြစ်ပါတယ်။ ဒါ့အပြင် Job System နဲ့ Element Type တွေပါဝင်သေးတဲ့အတွက် စဉ်းစားတွက်ချက်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဒါကြောင့် Strategic ကျတဲ့ Gameplay မျိုးကိုနှစ်သက်သူတွေ သဘောကျကြမှာဖြစ်ပါတယ်။

 .         

Gameplay တစ်ခုတည်းက စိတ်ဝင်စားစရာကောင်းတာမဟုတ်ပါဘူး။ Story များများပါဝင်တာကိုနှစ်သက်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားဖွယ်ဇာတ်လမ်းသွား ပါဝင်ပါသေးတယ်။ ဒါ့အပြင် PvP ကစားလိုသူတွေအတွက်လည်း Arena Mode ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက Real Time Multiplayer Mode ပါဝင်တာပါ။ ဒီ Mode မှာဆိုရင် အခြား Player ၃ ယောက်နဲ့ပူပေါင်းပြီး Dungeon တွေကို Clear လုပ်ရမှာဖြစ်ပါတယ်။ ဒီ Mode ဟာဆိုရင် နောက်ပိုင်း Social Mobile Game တွေမှာ အရမ်းရေပန်းစားလာတဲ့ Mode တစ်ခုဖြစ်ပြီး ဒီလို Feature မျိုးကိုပါထည့်သွင်းပေးထားတဲ့ Alchemist Code ဟာ Feature တော်တော်စုံတယ်လိုပြောလို့ရပါတယ်။

တစ်ခုပြောစရာရှိတာကတော့ Fast Paced ဖြစ်တဲ့ဂိမ်းတွေဆော့တာများသူတွေအတွက် ဒီဂိမ်းက အနည်းငယ်လေးတယ်လို့ခံစားရနိုင်ပါတယ်။ Unit တွေရွှေ့လျားတာတွေကအစ Animation တွေအဆုံး အနည်းငယ်နှေးတယ်လို့ခံစားရပါတယ်။ အထူးသဖြင့် Action တစ်ခုပြီးတိုင်း Character မျက်နှာမူရာဖက်ကို ရွေးချယ်ပေးနေရတာကို အချိန်သပ်သပ်ပေးနေရတဲ့အတွက်လို့ မြင်ပါတယ်။ ဒီဂိမ်းနဲ့ပုံစံတူ Fire Emblem Heroes ကိုဆော့နေကျကျွန်တော့်အတွက်တောင် နှေးတယ်လို့ခံစားရတဲ့အတွက် Tactical RPG Genre နဲ့ဝေးတဲ့သူတွေကတော့ စိတ်နည်းနည်းရှည်ရှည်ထားရပါလိမ့်မယ်။

နောက်မကျေနပ်တာတစ်ချက်ကို ပြောရပါဦးမယ်။ ဒါကတော့ Personal Taste သက်သက်ပါ။ ဒီဂိမ်းမှာ အဓိကဇာတ်ကောင် ၂ ယောက်ပါဝင်ပါတယ်၊ Logi နဲ့ Dias တို့ဖြစ်ပါတယ်။ Logi ကတော့ Generic Hero ပုံစံမျိုး Idealism ကိုကိုးကွယ်ပြီး Morality အပြည့်နဲ့ လူမှန်ကြီး Character မျိုးပါ။ Dias ကတော့ Antihero Character မျိုးဖြစ်ပါတယ်။ ဒီဂိမ်းကိုစဆော့တာနဲ့ Logi က ကျွန်တော်တို့ရဲ့ Party ထဲကို အလိုအလျောက်ရောက်လာပါတယ်။ Generic Hero Character ကို မြင်ပြင်းကတ်နေတဲ့ကျွန်တော့်အတွက်ကတော့ Dias ကိုရွေးလို့မရတာ စိတ်ထဲမှာကျလိကျလိဖြစ်စေပါတယ်။

ဒါပေမယ့် ခြုံပြီးပြောရရင်တော့ The Alchemist Code က တော်တော်ပြည့်စုံတဲ့ဂိမ်းတစ်ခုပါ။ Story ပိုင်းပီပီပြင်ပြင်ပါဝင်သလို Game Mode တွေလည်းစုံလင်တဲ့အပြင် Gameplay Mechanic တွေကလည်း နက်နဲပါတယ်။ ကစားလို့ကောင်းမယ့်ပုံစံရှိတဲ့အတွက် RPG ကြိုက်တဲ့ကျွန်တော်ကတော့ ဒီဂိမ်းကို ၁ ပတ်၊ ၂ ပတ်လောက်တော့ ဆက်တိုက်ဆော့ကြည့်လိုက်ပါဦးမယ်။ ဒါနဲ့ အရေးကြီးတာတစ်ခု ပြောဖို့ကျန်နေပါတယ်၊ အဲဒါကတော့ သင့် Party ထဲက ဇာတ်လိုက်ဇာတ်ကောင်က သေလို့မရပါဘူး။ သူသေရင် အဲ့ပွဲရှုံးပါတယ်။ ဒါ့အပြင် ဒီဂိမ်းမှာ Friendly Fire ပါဝင်ပါတယ်။ ဒီတော့ ကျွန်တော့်လိုမျိုး Friendly Fire နဲ့ ဇာတ်လိုက်ကိုမသတ်မိပါစေနဲ့လို့…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password