iOS ပေါ်ကို အရင်ရောက်လာမယ့် Thatgamecompany ရဲ့ နောက်ဆုံးထွက်ဂိမ်း Sky

Flower ၊ Journey အစရှိတဲ့ Playstation Platform ပေါ်က နာမည်ကြီးဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ Thatgamecompany ဟာ သူ့ရဲ့ နောက်ဆုံးထွက်မယ့်ဂိမ်းဖြစ်တဲ့ Sky ကို ပြီးခဲ့တဲ့ Apple Event မှာ ကြေညာခဲ့ပါတယ်။ ဒီဂိမ်းမှာ ကစားသူဟာ အလင်းရောင်ကို လိုအပ်တဲ့နေရာတွေဆီ လိုက်ပို့ပေးရမယ့် အလင်းရောင်ရဲ့ တမန်တော်နေရာကနေ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Trailer ကိုကြည့်ရှုလိုက်ရင် သူ့ရဲ့နောင်တော်ဂိမ်းတွေဖြစ်တဲ့ Flower နဲ့ Journey လိုပဲ လှလှပပသီချင်းသံစဉ်တွေထဲမှာ စီးမျောပြီးကစားရမယ့်ဂိမ်းလို့ ခန့်မှန်းရပါတယ်။ Sky ကို iPhone ၊ iPad နဲ့ Apple TV တို့အတွက် အရင်ဆုံးထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ Sky နဲ့ပတ်သက်ပြီး ဒီလောက်ပဲ သိရှိရသေးပေမယ့် နောက်ထပ်သတင်းတွေ ရရှိခဲ့ရင် ဒီနေရာကနေ ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password