ArticleReviews

Puzzle ပရိသတ်တွေအတွက် puzzle platformer ဂိမ်း Teslagrad

Playon က ဘော်ဘော်တို့ကို ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးက 2D puzzle platformer ဂိမ်း Teslagrad မိုဘိုလ်းအကြောင်းပဲ ဖြစ်ပါတယ်။ သူက မိုဘိုလ်းမှာ ထွက်ရှိထားတာတော့ မကြာသေးပါဘူး။ PC ပေါ်ကိုတော့ လွန်ခဲ့တဲ့ ငါးနှစ် ကတည်းက ရောက်နှင့်ပြီးပါပြီ။ ကစားဖူး တဲ့ သူတွေတော့ သိကြမှာပေါ့နော်… ဟဲဟဲ!!!

ဂိမ်းထဲမှာ Player က လျှပ်စစ်စွမ်းအင်းကို ထိန်းချုပ်အသုံးပြုနိုင်တဲ့ သူအဖြစ်ပါဝင်ကစားမှာပါ။ အက်မင့် အမြင်မှာတော့ ဒီဂိမ်းက အရမ်းကောင်းတယ်ဆိုတဲ့ ဂိမ်းတွေထဲမှာမပါပါဘူး။ ပြောရမယ်ဆိုရင်တော့ အသင့်အတင့်ပါပဲ။ ဒါက 2D graphics ကြောင့်လည်း ပါမယ် ထင်ပါတယ်။

ဂိမ်းထဲမှာ player က လျှပ်စစ်စွမ်းရည်ကို သုံးပြီး ပဟေဠိတွေကိုဖြေရှင်းရမှာပါ။ အစပိုင်းမှာ ရိုးရှင်းလွယ်ကူပြီး ပျော်စရာကောင်းသလောက် နောက်ပိုင်းမှာ တကယ့်ကို သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ အပြည့်ပါပဲ။ နမူနာ ဗီဒီယိုလေးကို ကြည့်လိုက်ပါဦး။

Trailer video ထဲကအတိုင်း ဆွဲဆောင်မှုရှိတဲ့ စွန့်စားခန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ခုချက်ချင်းပဲဖြစ်ဖြစ် သူ ၃၀ ရာခိုင်နှုန်း ဈေးချပေးတဲ့ အချိန်မှာ ပြေး download လုပ်လိုက်တော့နော်။ App Store မှာရော… PlayStore မှာရောအတွက် အခု အချိန်မှာ download လုပ်ရင် ပုံမှန်ဈေးနှုန်း ၆.၉၉ ဒေါ်လာကို ၃၀ ရာခိုင်နှုန်းလျော့ဈေး ၄.၈၉ဒေါ်လာနဲ့ ရရှိမယ်လို့ သိရပါတယ်။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password