News

လာမယ့်အပတ်မှာ ထွက်ရှိတော့မယ့် Tesla vs Lovecraft

မိုလ်ဘိုင်းဂိမ်းမှာ နာမည်ကြီး shooter တွေဖြစ်တဲ့ Neon Chrome နဲ့ JYDGE တွေကို ပုံစံ အသစ်တစ်မျိုး အနေနဲ့ အခု မိတ်ဆက်ပေးမယ့် Tesla vs Lovecraft ဂိမ်းထဲမှာ တွေ့မြင်ရတော့မှာပါ။ အဲ့တာဆို ဂိမ်းရဲ့ ပုံစံလေးက ဘယ်လိုလေးများ ဖြစ်နေမလဲနော်။

Tesla vs Lovecraft ထဲမှာ player ကLovecraftian monster တွေနဲ့ ရင်ဆိုင်ရ မှာပါ။ ဒီအကြောင်းကို မပြောခင် Lovecraft က ဘယ်သူလဲဆိုတာကို သိချင်နေကြမှာပဲနော်… အဲ့တော့ သူ့ရဲ့ အကြောင်းကို အရင် ပြောပြပါမယ်။

H.P Lovecraftက ထူးဆန်းတဲ့ သတ္တဝါ တွေကို focus လုပ်ထားတဲ့ များပြားတဲ့ horror novel တွေကိုရေးတဲ့အမျိုးသားစာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူ မကွယ်လွန်ခင်မှာ ရေးသားခဲ့တဲ့ short stories ၆၀ ကျော်နဲ့ novel အနည်းငယ် ကျန်ရစ်ခဲ့ပါသေးတယ်။ သူသေဆုံးသွားတာကြာနေပြီဖြစ်ပေမယ့် သူ့ရဲ့ horror စာအုပ်တွေကတော့ အခုချိန်ထိ ဆက်လက် နာမည်ကြီးနေတုန်းပါပဲ။ သူ့ရဲ့ နာမည်အကြီးဆုံး monster က Cthulhu ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက ရေဘဝဲခေါင်း တပ်ထားတဲ့ ကောင်လေးပုံစံပါ။

Tesla vs Lovecraft ဂိမ်းကတော့ အခုအပတ်ထဲမှာ ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် သိပ်စောင့်ဖို့တော့ မလိုတော့ပါဘူး။ မကစားခင် ဘယ်လို ကစားရတာလဲဆိုတာကို သိဖို့ ဒီ trailer video လေးထဲကို အရင်ဝင်ကြည့်လိုက်နော်။

Wow Wow Wow ! ကြည့်ရတာတော့အရမ်းကိုမိုက်နေတယ်နော် ဘော်ဘော်တို့ရေ… Monster ကြီးတွေနဲ့စက်ရုပ်ကြီးတွေ တိုက်ပွဲကတော့လုံးဝကို အကြမ်းကြီး ဖြစ်နေမှာနော်.. :D:D:D

Source – http://teslavslovecraft.com/

Source – https://www.droidgamers.com/2018/10/18/tesla-vs-lovecraft-android/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password