Reviews

နာမည်ကြီး Cross-platform ဂိမ်းအမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ Terraria

2D အက်ရှင် စွန့်စားခန်း sandbox ဂိမ်း Terraria ကို Re-logic က ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကစတင်ပြီး Microsoft Window ပေါ်ရောက်ရှိလာတာပါ။ စစထွက်ချင်းတုန်းကတော့ Microsoft Window အတွက်ပဲ ထွက်ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ platform တွေအားလုံးအတွက် ရောင်းချခဲ့ပါတယ်။

ဂိမ်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတွေကို လှည့်လည်သွားလာပြီး ပစ္စည်းတွေရှာဖွေခြင်း နဲ့ ပုံစံမျိုးစုံရှိတဲ့ ရန်သူတွေ ကိုဖယ်ရှားရှင်းလင်း ရမှာဖြစ်ပါတယ်။ Adventure ဆန်ဆန် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Metroid series နဲ့ Minecraft ဂိမ်းအမျိုးအစားတွေနဲ့ ပုံစံနည်းနည်းဆင်ပါတယ်။

Players တွေအတွက် စစကစားချင်းမှာ အခြေခံလက်နက် ၃ မျိုး ဖြစ်တဲ့ သတ္တုတူးဖော်ရေးအတွက် ပေါက်ချွန်း၊ တိုက်ခိုက်ရေးများအတွက် ဓားတစ်ချောင်းနဲ့ အပင်ခုတ်ဖို့ ပုဆိန်တစ်တစ်လက်စီ ပေးထားမှာဖြစ်ပါတယ်။ ချွဲကျိကျိ ရွံစရာအကောင်ကြီးတွေ၊ ဇွန်ဘီ တွေနဲ့ သဘာဝလွန် ရန်သူမိစ္ဆာတွေ နဲ့ ရင်ဆိုင်ရမှာပါ။ နေရာဒေသနဲ့ အချိန်အခါကိုလိုက်ပြီး ရန်သူတွေက ပုံစံ အမျိုးမျိုးနဲ့ပေါ်လာမှာဖြစ်ပါတယ်။ Single player mode ရော multi-player mode ရောနှစ်မျိုးစလုံးရပါတယ်။

Multi-Player mode မှာ ကစားသမား၄ ဦး အထိကစားလို့ရပါတယ်။ နေ့နဲ့ည တစ်လှည့်စီပြောင်းနေတဲ့ အချိန်စက်ဝန်းနဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင် ဒီဇိုင်းက ဂိမ်းကို ဆက်ပြီးကစားချင်လာအောင်ဆွဲဆောင်နေမှာ ဖြစ်ပါတယ်။ အရင်က Terraria ရဲ့ PC ဂိမ်း ကစားဖူးတဲ့သူဆိုရင်တော့ Terraria ကို ကောင်းကောင်း ကြီး ရင်းနှီးနေကြမှာပါ။ Pocket edition ဖြစ်တာကြောင့် အချိန်တိုင်းနေရာတိုင်းကို သယ်သွားပြီး ကစားလို့ရတာကလည်း အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

မြေအောက်ကမ္ဘာနဲ့ မြေပေါ်ကမ္ဘာနှစ်ခုလုံးကို သွားလာပြီး နယ်မြေချဲ့ထွင်သွားရမှာဖြစ်တာကြောင့် နေရာတစ်နေရာနဲ့တစ်နေရာ မတူညီတဲ့ အံ့သြဖွယ်ရာတွေ အများကြီးကို တွေ့ရှိရမှာပါ။ အောက်မှာ နမူနာ ဗီဒီယို လေး အမြည်းကြည့်နိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ ကစားလို့ရပါတယ်။ 2D ဂိမ်း ဖြစ်တာကြောင့် ရုပ်ထွက်ပိုင်းကတော့ အရမ်းကြည်ကြည်လင်လင်ကြီး ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ ရုပ်ပုံဒီဇိုင်းတွေနဲ့ သင့်ကို အတွေ့အကြုံအသစ်တွေပေးနိုင်တဲ့ ဂိမ်းလေးဖြစ်တာကြောင့် ကစားကြည့်သင့်တဲ့ဂိမ်းကောင်းတစ်ခုဆိုတာတော့ အမှန်ပါပဲ။

 

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password