Terra Battle 2 Review – An RPG Done Right

Final Fantasy ဂိမ်းတွေကို ဖန်တီးခဲ့တဲ့ Sakaguchi Hironobu ရဲ့လက်ရာ Terra Battle ဟာ Mobile RPG ပရိသတ်တွေကြားမှာ အလွန်အောင်မြင်ခဲ့ပါတယ်။ ပထမဂိမ်းရဲ့ အောင်မြင်မှုကြောင့် နောက်ဆက်တွဲဂိမ်းတွေ ဆက်လက်ထုတ်လုပ်မယ်လို့ Sakaguchi က ကြေညာခဲ့ပါတယ်။ ၂၀၁၇ စက်တင်ဘာလမှာတော့ သူကတိပေးခဲ့တဲ့ Terra Battle ရဲ့ sequel ဖြစ်တဲ့ Terra Battle 2 ကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးလက်ထဲ ထည့်ပေးခဲ့ပါတယ်။

Terra Battle 2 ဟာ သူ့ရဲ့နောင်တော်ဖြစ်တဲ့ Terra Battle နဲ့ အခြေခံ Gameplay ချင်း အတူတူပါပဲ။ 8×6 Grid မှာ ဆော့ကစားရတာတွေ၊ Combo တွေများများထွက်အောင် နေရာလိုက်ချရတာတွေ စတဲ့ mechanic တွေ ပြန်လည်ပါဝင်လာပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီလိုပြန်လည်ပါဝင်လာတာက ကောင်းတဲ့အချက်ပါ။ အောင်မြင်နေတဲ့ formula တစ်ခုကို မပြောင်းလိုက်တာ အကောင်းဆုံးပဲ ဖြစ်တဲ့အတွက်ပါ။

 

ဘာတွေအသစ်အဆန်း ပါဝင်လာသလဲ

ဒါပေမယ့် အသစ်အဆန်းတွေ မထည့်ပြန်ရင်လည်း ပထမဂိမ်းနဲ့ ထူးမခြားနား ဖြစ်သွားမှာဖြစ်တဲ့အတွက် mechanic အသစ်တွေ ထည့်သွင်းထားပါတယ်။ ပထမဆုံးအချက်ကတော့ တိုက်ပွဲထဲမှာ Ally တွေကိုသာမက Enemy တွေကိုပါ လိုက်တွန်းပြီး နေရာရွှေ့လို့ရသွားတာပဲ ဖြစ်ပါတယ်။ အဲဒါဟာ Gameplay ကို အနည်းငယ် လွယ်ကူသွားစေပါတယ်။

ပထမဂိမ်းမှာဆိုရင် Ally တွေအားလုံး Combo ထုတ်နိုင်ဖို့ဆိုရင် အချိန်အကြာကြီးယူပြီး နေရာကြိုချရပါတယ်။ ဒီဂိမ်းမှာတော့ Boss တွေကလွဲပြီး ရန်သူအားလုံးကိုတွန်းပြီး နေရာရွှေ့လို့ရသွားတဲ့အတွက် Combo ထုတ်နိုင်မယ့် အနေအထားရောက်ဖို့က အနည်းငယ်ပိုမြန်သွားပါတယ်။ တကယ်လို့ ရန်သူတွေနေရာရွှေ့သွားပြီး Position ပျက်သွားခဲ့ရင်လည်း လိုက်လံပြင်ဆင်လို့ ရသွားပါတယ်။

 .          .         

ဒုတိယ mechanic အသစ်ကတော့ တော်တော်ကြီးပါတယ်။ အရင်လို Story Chapter တစ်ခုထဲဝင်ပြီး Mission Tab တွေကိုနှိပ်လိုက်ရုံနဲ့ Combat ထဲကို မရောက်တော့ပါဘူး။ Outdoor Map ရဲ့ Grid မှာ ကစားသူကိုယ်တိုင် ထိန်းချုပ်ပြီး လိုရာကိုသွားရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Character ကိုထောက်လိုက်တာနဲ့ Timer တစ်ခုစတင်မှာဖြစ်ပြီး Timer မကုန်ခင်မှာ လိုချင်တဲ့နေရာကိုရောက်အောင် နေရာချပေးရမှာပါ။

Outdoor Map မှာ သင့် Party ထဲမှာရှိတဲ့ Character တွေအားလုံးကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ Timer ပြည့်သွားတဲ့အချိန်၊ ဒါမှမဟုတ် လက်လွှတ်လိုက်တဲ့အချိန် ရောက်နေတဲ့နေရာမှာ ရန်သူတွေရှိနေရင် Combat ထဲကို အလိုအလျှောက် ရောက်သွားမှာပါ။ Combat ထဲဝင်ရာမှာ သင့် Main Character ပတ်လည် 8×6 Grid အတွင်းမှာမရှိတဲ့ သင့် Party Member တွေဟာ Combat ထဲကိုပါလာမှာ မဟုတ်ပါဘူး။ Outdoor Map မှာ နေရာချတာ မကောင်းရင် Party Member ၂ ယောက်တည်းနဲ့ Combat ထဲရောက်သွားတာမျိုးတောင် ရှိပါတယ်။ ဒါကြောင့် Outdoor မှာ နေရာရွှေ့တာကလည်း အလွန်အရေးကြီးပါတယ်။

 

အချုပ်ပြောရရင်..

Terra Battle 2 ကို ကြိုက်ရင်လည်း အမုန်းကြိုက်၊ မဟုတ်ရင် လုံးဝမုန်း ဆိုပြီး ၂ မျိုးပဲရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ Outdoor Map စနစ်ဟာ အလွန်တိကျတဲ့ ထိန်းချုပ်မှု လိုအပ်လို့ပါ။ အပေါ်မှာပြောခဲ့သလိုပဲ Outdoor Map မှာ ရွှေ့တာတွေက အဓိက Gameplay ပေါ်သက်ရောက်မှု အများကြီးရှိပါတယ်။ လမ်းလျှောက်နေတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေတာပဲဖြစ်ဖြစ် လုပ်နေတာတွေကို ခဏရပ်ပြီး ဂိမ်းထဲကို အာရုံထည့်ပြီး လုပ်မှရမှာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စိတ်သိပ်မရှည်တဲ့သူတွေအနေနဲ့ Terra Battle 2 ကို အဲဒီနေရာမှာတင် စိတ်ကုန်သွားနိုင်ပါတယ်။

ဒါပေမယ့် အဲဒီတံတိုင်းကြီးကို စိတ်ရှည်ရှည်နဲ့ ကျော်လွှားသွားနိုင်တယ်ဆိုရင် Terra Battle 2 ဟာ အလွန်ကစားလို့ကောင်းတဲ့ဂိမ်းတစ်ခု ဖြစ်လာပါတယ်။ ကွက်ကျော်ကြည့်ပြီး ကစားရမယ့် Combat System ရော စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကပါ သင့်ကို နာရီပေါင်းများစွာ ဆက်တိုက်ဆော့ကစားဖြစ်သွားအောင် ဆွဲဆောင်သွားမှာပါ။ Graphic ပိုင်းကလည်း အများကြီးပိုကောင်းလာသလို နောက်ခံသီချင်းတွေကလည်း Final Fantasy Series ရဲ့ ပင်တိုင် Composer ဖြစ်တဲ့ Uematsu Nobuo ရဲ့လက်ရာတွေကို အသုံးပြုထားတာဖြစ်လို့ လုံးဝ Epic ပါပဲ။

ပထမဂိမ်းကို နှစ်သက်တယ်ဆိုရင်တော့ Terra Battle 2 ကို ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ အခုမှ ဒီဂိမ်းအကြောင်း ကြားဖူးတယ်ဆိုရင်လည်း ဒီဂိမ်းဟာ RPG ပရိသတ်တွေ ဆော့ဖူးသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့ စမ်းဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို စိတ်ထဲမထားဘူးဆိုရင်တော့ Terra Battle 2 ဟာ သင့်ဖုန်းထဲမှာ အကြာကြီးနေရာယူထားမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password