News

Tencent ရဲ့ CrossFire: Legends မိုလ်ဘိုင်းပေါ်ရောက်နေပြီနော်

Tencent ရဲ့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ နာမည်ကြီး FPS (first person shooter) ဂိမ်း “Crossfire” ကို ကြားဖူးကြမယ်ထင်ပါတယ်။ စထွက်ကတည်းက PC ဂိမ်းအနေနဲ့ပဲ ထွက်ရှိခဲ့တာဖြစ်လို့ မိုလ်ဘိုင်းပေါ်ရောက်ရှိလာလိမ့်မယ်လို့ လုံးဝကို မမှန်းခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက် Cross fire ရဲ့ မိုလ်ဘိုင်း version ထွက်နေပြီလို့လဲကြားရော အရမ်းကို အံ့သြခဲ့ပါတယ်။ အံသြမှုနဲ့အတူ PC version နဲ့ရောတူပါ့မလား။ ဘာတွေများကွာသွားမလဲ။ Visuals တွေကရော ဘယ်လိုတွေတွေ့ရမှာလဲ…။ စတဲ့ မေးခွန်းတွေပါ ကပ်ပြီးလိုက်လာပါတယ်။ မေးခွန်းတွေရဲ့ အဖြေကို သိချင်ရင်တော့ ဆက်ပြီး ဖတ်သွားကြည့်ပါနော်။

Tencent ရဲ့ ဂိမ်းဆိုတော့ တရုတ်ပြည်မှာ ဝက်ဝက်ကွဲ လူကြိုက်များကြတာပေါ့နော်။ Reddit က gamer တွေ နဲ့ google play က fan တွေရဲ့ review တွေ အရ Crossfire: Legends က နိုင်ငံတကာမှာ တော်တော် နာမည်ကြီးနေတဲ့ ပုံပါပဲ။

လူတွေဘာလို့သူ့ကို high recommendation တွေ ပေးနေကြတာလဲဆိုတာ နည်းနည်း လေ့လာကြည့်လိုက်တော့ အကြောင်းပြချက်တွေက တော်တော်မိုက်ပါတယ်။ မိုလ်ဘိုင်းပေါ်မှာ အကောင်းဆုံး FBS အရသာခံစားနိုင်တဲ့ဂိမ်းဖြစ်ပြီး PC version နဲ့တော်တော်လေး တူပါတယ်တဲ့။ Graphic ဒီဇိုင်းကလည်း တော်တော် မိုက်တယ်လို့ ညွှန်းထားကြပါတယ်။ အခြား အကြောင်းအရာတွေလည်း ရှိသေးပေမယ့် အကုန်လုံးကိုရေးသွားရင် အများကြီး ဖြစ်နေမှာမို့လို့ မရေးတော့ဘူးနော်။ ဒါပေမယ့် သူများပြောတာထက်စာရင် ကိုယ်တိုင်ကစားကြည့်တာ ပိုကောင်းပါတယ်။

Crossfire ရဲ့ regular mode က Counter Strike ပုံစံနဲ့ ဆင်ပြီး မိုလ်ဘိုင်း version မှာ Battle Royale mode ထည့်သွင်းထားပါတယ်။ လက်တလောမှာ ကစားလို့ကောင်းတဲ့ Battle Royale ဂိမ်းတွေအဖြစ် Fortnite နဲ့ PUBG ရှိနေပြီးဖြစ်ပေမယ့် Battle Royale mode ကို အခြားပုံစံနဲ့ play ကြည့်ချင်တဲ့သူတွေ try ကြည့်သင့်ပါတယ်။ Player အချို့ရဲ့ အတွေ့အကြုံတွေအရ ဖုန်းဟောင်းတွေနဲ့ လည်း ကစားလို့ရပြီး ထိန်းချုပ်ရတာ လွယ်ကူတယ်လို့လည်းသိရပါတယ်။

HD quality အပြည့်ကို အရမ်းကိုမိုက်တဲ့ visuals တွေနဲ့ PC version ထက်မနိမ့်အောင် ဖန်တီးထားတယ်ဆိုတာ trailer ကြည့်တာနဲ့ သိသာပါတယ်။

Playon က ဘော်ဒါတို့ ထဲမှာလည်း Crossfire ကို စမ်း play ကြည့်မယ့်သူတွေ ရှိရင်ရှိနေမှာပါ။ ကစားပြီးရင် အတွေ့အကြုံလေးတွေ ဝေမျှပေးခဲ့အုံးနော်။ File အရွယ်အစားကတော့ Play Store မှာ 29MB ပဲရှိပေမယ့် App Store မှာ 700MB ကျော်ကျော်တောင်ရှိပါတယ်။

Download link – Android/ IOS

 

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: