ArticleNews

PUBG mobile နေရာမှာ Game For Peace ကို အစားထိုးပြီး ၀င်ငွေစံချိန်ချိုးလိုက်တဲ့ Tencent

မကြာသေးခင်ကပဲ PUBG Mobile ကိုတရုတ်ပြည်မှာအပိတ်ခံရပြီးနောက် Tencent က PUBG Mobile အစား game play ပုံစံချင်းတူတဲ့ Game For Peace ကို China မှာစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ 

Game For Peace (iOs version) ဟာ Launch လုပ်ပြီး 72 နာရီအတွင်းမှာပဲ၀င်ငွေ$14 million ရရှိသွားခဲ့ပြီး Apple’s China App Store မှာဒေါင်းလုပ်ဆွဲမှုအများဆုံးနဲ့ဝင်ငွေအများဆုံးဂိမ်းဖြစ်နေတယ်လို့လည်းSensor Tower ရဲ့ data တွေမှာ ဖော်ပြထားပါတယ်။

Game For Peace ကတော့PUBG လို Shooter ဂိမ်းတစ်ခု ဖြစ်နေသေးပေမယ့် အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ contentတွေကို ဆန့်ကျင်တားမြစ်ထားလို့ ဂိမ်းထဲမှာ သွေးထွက်၊သံယိုတွေတော့ ပါမှာ မဟုတ်ပါဘူး။နောက်ပြီး အစိုးရအဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုအရ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဂိမ်းစွဲခြင်းကို ကာကွယ်တားဆီးနိုင်ဖို့အတွက် Game For peace ကိုအသက်၁၆နှစ်နဲ့အထက်လူငယ်တွေပဲကစားခွင့်ပြုထားပါတယ်။အသက်၁၆နှစ်နဲ့၁၈နှစ်အကြား Player တွေကိုလည်းတစ်ရက်ကို၂နာရီပဲကစားခွင့်ကန့်သတ်ထားပါသေးတယ်။

တရုတ်နိုင်ငံဟာဂိမ်းကစားသူ 600 million ကျော်ထိရှိနေတဲ့ကမ္ဘာ့အကြီးဆုံးဂိမ်းဈေးကွက်တစ်ခုလည်းဖြစ်ပါတယ်။ Company တွေအတွက်ကတော့ တရုတ်အစိုးရဆီက ခွင့်ပြုချက်ရမှပဲ game တွေကိုတရား၀င်ရောင်းချခွင့်ရှိမှာပါ။ တရုတ်အစိုးရလက်ခံနိုင်ဖို့အတွက် Tencent ဘက်က အခုလိုမျိုး ပြောင်းလဲမှုတွေ လုပ်ပေးလိုက်ရတယ်ဆိုပေမယ့်လည်း Player တွေရဲ့အားပေးမှုကြောင့် ၃ရက်အတွင်းမှာ အခုလို ၀င်ငွေကြမ်းအောင်ရရှိခဲ့ပါတယ်။

Source- Gizmochina , Venture Beat

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password