News

PUBG Mobile ကို Official Emulator နဲ့ PC ပေါ်မှာ ဆော့လို့ရပြီ

ကဲ.. PUBG Mobile ကို Keyboard+Mouse နဲ့ဆော့ရဖို့အရေး Adapter ပေါင်းစုံနဲ့ လုံးပမ်းရတဲ့ကာလတွေ ကုန်ဆုံးသွားပါပြီ။ ဘာကြောင့်လည်းဆိုတော့ Tencent က PUBG Mobile ကို PC ပေါ်မှာ ဆော့ကစားလို့ရစေမယ့် Emulator ကို ထုတ်ပေးလိုက်လို့ ဖြစ်ပါတယ်။

သူ့ရဲ့အားသာချက်ကဘာလဲ.. ပထမဦးဆုံးအနေနဲ့ Touchscreen Control ကိုမုန်းတဲ့ Player တွေအတွက် Keyboard+Mouse အသုံးပြုပြီး ဆော့လို့ရသွားစေတာပါ။ အရင်လို Crosshair လိုက်ထောက်ဖို့မလွယ်လို့ ဘေးတိုက်ကြီးတွေပြေးပြီး လိုက်ချိန်စရာ မလိုတော့ပါဘူး.. ဒီတစ်ချက်နဲ့တင် Emulator နဲ့ဆော့ဖို့ တန်နေပါပြီ။ နောက်ထပ် မိုက်တာတစ်ချက်ကတော့ PUBG Mobile ဟာ PUBG PC-version ကို FPS အမြင့်နဲ့ကစားဖို့ High-End PC မရှိတဲ့သူတွေအတွက် Budget Option တစ်ခုဖြစ်လာတာပါပဲ။ ဒီတစ်ချက်ဟာဆိုရင် Potato PC ပိုင်ရှင်တွေအတွက် တကယ့်သတင်းကောင်းဖြစ်ပါတယ်။

Emulator ထွက်လာလို့ ဖုန်းပေါ်မှာပဲဆော့တဲ့သူတွေ မလန့်သွားကြပါနဲ့ဦး။ Emulator သုံးတဲ့သူတွေက သင်တို့ကို Keyboard+Mouse သုံးပြီး အနိုင်ကျင့်လို့ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Matchmaking မှာ Emualtor သုံးသူတွေအချင်းချင်းပဲ တွေ့ကြမှာဖြစ်ပြီး ဖုန်းပေါ်မှာဆော့သူတွေနဲ့ သွားရောမှာမဟုတ်ပါဘူး။ အဲဒီလို ကိုယ်နဲ့ တူရာတူရာတွေပဲ တွေ့ကြမှာဆိုတော့ အားလုံးကို Fair ဖြစ်သွားစေပါတယ်။

ကဲ.. စိတ်ဝင်စားတဲ့သူတွေအတွက် Tencent ရဲ့ Official Link ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

PUBG Mobile PC-Emulator – Download

Ref: DG

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password