News

Tencent က ‘Red Alert’ ကို Mobile Platform ပေါ် သယ်လာတော့မည်

Red Alert ရဲ့ ဘယ် Title မှန်းတော့ သေချာမမှတ်မိတော့ဘူး.. ဒါပေမယ့် ငယ်ငယ်တုန်းက PS1 မှာ အသေအကျေဆော့ခဲ့တာကိုတော့ ကောင်းကောင်းမှတ်မိသေးတယ်။ အဲ့ခေတ်တုန်းက ကိုယ်တွေကလည်း ပေါက်စနလေးရှိသေးတော့ Game Title ဖတ်ရကောင်းမှန်းလည်းမသိ၊ ဂိမ်းဆိုင်ကပေးထားတဲ့နာမည်အတိုင်း လိုက်ခေါ်ရတာကိုး။ သူ့ကို အခြားနေရာတွေမှာ ဘယ်လိုခေါ်တယ်တော့မသိဘူး… ကိုယ်တွေဆီမှာတော့ ရေနံတိုက်တယ်လို့ ခေါ်ကြတယ်။ ပြီးတော့ အချင်းချင်း Skirmish ချကြရင် နိုင်တဲ့သူက အကောင်ပဲ၊ တစ်ဆိုင်လုံးကို ပတ်ဖြဲလို့ရသလို လောင်းကြေးစားကြေးကနိုင်တဲ့ အအေးတွေဘာတွေနဲ့လည်း ဇိမ်ကျလို့ရသေးတယ်။ ပြောမယ်ဆိုရင် ဒီဂိမ်းနဲ့ပတ်သက်တဲ့ Memory တွေက ကိုယ့် Childhood ရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင် ပြောလို့ရပါတယ်။

အဲဒီလို စွဲစွဲမက်မက်နဲ့ဆော့ဖြစ်ခဲ့တဲ့ ဂိမ်းတစ်ခုက အသွင်သစ်၊ Graphic အသစ်နဲ့ ကိုယ်တွေရဲ့ဖုန်းတွေဆီ ရောက်လာမယ်ဆိုတာ သိလိုက်ရတော့ တော်တော်လေး အံ့သြသွားမိပါတယ်။ ဒီ Mobile Remake ရဲ့နာမည်က ‘Red Alert Online’ ဖြစ်ပြီးတော့ သူ့ကိုအသက်သွင်းမယ့်သူကတော့ တရုတ်နိုင်ငံက Gaming Gaint ကြီး Tencent ဖြစ်ပါတယ်။ လောလောဆယ် ကြေညာထားသလောက်အရဆိုရင် တရုတ်နိုင်ငံအတွက် အရင်ထုတ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Tencent ရဲ့ အခြားဂိမ်းတွေဖြစ်တဲ့ ‘Arena of Valor’ နဲ့ ‘PUBG Mobile’ တို့ Global Release တွေထွက်ကြပုံကိုထောက်ရင် Red Alert Online လည်းပဲ တစ်ချိန်ချိန်ကျရင် English ဘာသာစကားနဲ့ Global Version ထွက်လာလိမ့်မယ်လို့ ယူဆကြည့်လို့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ဝမ်းသာတဲ့သူတွေရှိသလို သဘောမကျကြတဲ့သူတွေလည်း ရှိကြပါတယ်။ Red Alert Hardcore အချို့ကတော့ သူတို့ အနှစ်နှစ်အလလ စောင့်လာခဲ့ရတဲ့ဂိမ်းက အသစ်လည်းထွက်လာရော Mobile ပေါ်မှာဆိုတော့ ဘဝင်မကျဖြစ်နေကြပါတယ်။ အချို့ကျတော့လည်း Mobile Platform ပေါ်တင်လိုက်ရင် နဂိုဂိမ်းရဲ့ အနှစ်သာရတွေ ပျောက်ဆုံးသွားမလား ဆိုပြီး စိုးရိမ်နေကြပါတယ်။ လောလောဆယ်တော့ အပေါ်မှာပြထားတဲ့ Trailer ကလွဲပြီး ကျန်တာ ဘာမှမသိရသေးပါဘူး။ အဲဒီတော့ အောက်မှာဖော်ပြထားတဲ့ Gameplay ဗီဒီယိုလေးကိုကြည့်ပြီး ကိုယ်မျှော်လင့်ထားတဲ့ Red Alert ဟုတ်မဟုတ် အကြမ်းဖျဉ်း ခန့်မှန်းကြည့်ထားနှင့်ကြပါလို့။

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password