Update မှာ Christmas Version ပြောင်းလဲသွားတဲ့ Temple Run 2!

Temple Run ဟာ 2011 မှာ running video ဂိမ်းတစ်ခုအနေနဲ့ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိတာ 2011 ဆိုပေမယ့် 2012 အဝင်လောက်မှကျွန်တော်တို့နဲ့ရင်းနှီးလာတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ဆော့ရင် ကျန်တဲ့လူတွေကဝိုင်းကြည့်ပြီး ပြုတ်ကျမှာကို အသည်းယားနေကြတဲ့မြင်ကွင်းကြီးကိုကောင်းကောင်းကြီးမှတ်မိနေပါသေးတယ်။

ဆော့ပုံဆော့နည်းကရိုးရှင်းပေမယ့် ပျော်ဖို့ကောင်းတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ အခု Temple Run 2 ကတော့ ၂၀၁၄ မှာထွက်ရှိထားတာဖြစ်ပြီး Character တွေနဲ့ Map လောက်ပဲအနည်းငယ်ကွာခြားတာပါ။

အနောက်ကသားရိုင်းတစ်ကောင်လိုက်လို့ပြေးရတာရယ်၊ လမ်းတလျှောက်ကအတားအဆီးထောင်ချောက်တွေကိုရှောင်ရတာတွေ၊ ချောက်ကမ်းပါးတွေကိုခုန်ကျော်ရတာတွေ အစရှိတဲ့ ဆော့ပုံဆော့နည်းကတော့ အကုန်အတူတူပါပဲ။ အခု ဒီဇင်ဘာ ထဲဝင်ပြီဆိုတော့ Temple Run Developer ကလည်း Christmas အတွက် Update တစ်ခုဖန်တီးပေးလိုက်ပါပြီ။

ဒီဇင်ဘာ ကိုကိုယ်စားပြုပြီး Update လုပ်ထားတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နှင်းတွေပြည့်နက်နေမှာဖြစ်ပါတယ်။ နှင်းကျနေပြီး လှပနေတဲ့ ပတ်ဝန်းကျင်ကြီးကိုလည်း တွေ့ရဉီးမှာပါ။ Christmas Version ကအမြဲတိုင်းရှိနေမှာမဟုတ်ပဲ ရက်အကန့် အသတ်နဲ့ ပြုလုပ်ပေးထာတာကြောင့် နှင်းတောထဲမှာ ပြေးချင်တယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင်ဆော့ကစားဖို့တော့ လိုအပ်ပါတယ်။

Guy Dangerous, Scarlett Fox, Stanta Claus, Mrs Claus, Maria Selva, Barry Bones, Karma Lee, Bruce Lee စတဲ့ Character တွေအပါအဝင် Character ပေါင်း ၁၆ ယောက်နဲ့ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Christmas Version (Frozen Festival), Lost Jungle, Blazing, Frozen Shadows, Sky Summit အစရှိတဲ့ ကမ္ဘာ ၅ ခုမှာကစားနိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Christmas Version မှာမတူညီတဲ့ ခံစားမှုအသစ်တစ်မျိုးနဲ့ဆော့ကစားနိုင်မှာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Temple Run 2 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password