
90’s Kids တွေဆိုရင် Tekken ကို မသိတဲ့သူမရှိသလောက်ပါပဲ။ PlayStation 1 ခေတ်တုန်းက ရှားရှားပါးပါး 3D Fighting Game တစ်ခုဖြစ်ခဲ့တဲ့အပြင် Gameplay ကလည်း အမှန်အကန်လန်းတာမို့ စွဲစွဲမက်မက်ကို ဆော့ခဲ့ကြတာပါ။ သူငယ်ချင်းတွေနဲ့ ရှုံးထွက်ကြေးကစားပြီး Controller လုခဲ့ရတာတွေကလည်း တကယ့်ကိုအမှတ်တရတွေပါပဲ။ အခုတော့ အားလုံးရဲ့အချစ်တော် Tekken ကို Controller လုစရာမလိုတော့တဲ့အပြင် သွားလေရာမှာဆော့ကစားလို့ရအောင် Android နဲ့ iOS Platform တွေအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီဂိမ်းကို Tekken Franchise ပိုင်ရှင် Bandai Namco ကပဲဖန်တီးပေးထားတာပါ။ ပရိသတ်တွေနဲ့ရင်းနှီးပြီးဖြစ်တဲ့ Paul, Kazuya, Law, Nina စတဲ့ character တွေအပါအဝင် character ပေါင်း ၂၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။ Game Mode တွေကလည်း အစုံပါပဲ.. story mode အပြင် online versus mode လည်းပါဝင်ပါသေးတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစတင်ပြီး ဒေသအလိုက်ခွဲပြီးထုတ်ပေးလာတာ အခုဆိုရင် တောင်အမေရိက၊ အရှေ့တောင်အာရှနဲ့ ဥရောပနိုင်ငံအချို့မှာ ရယူဆော့ကစားလို့ရနေပြီဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့မှာတော့ အမေရိကန်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ ဟောင်ကောင်နိုင်ငံတွေအတွက် release လုပ်ပေးသွားမှာဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့ release နဲ့အတူ Rodeo လို့အမည်ရတဲ့ character အသစ်ကိုပါ အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။
ကဲ.. ငယ်ငယ်တုန်းကဆော့ရတာ အားမရခဲ့ဘူးဆိုရင်တော့ အခုဒီဂိမ်းလေးကိုသာ အားရပါးရဆော့ပေတော့လို့.. ?