အချစ်ကြီးကြတဲ့ Mobile Player များနဲ့အံကိုက်ဖြစ်မယ့် Teen Love Story : Chat Stories!

မိန်းကလေး Mobile Player များနဲ့ပိုပြီးအံကိုက်ဖြစ်တာကိုဦးစွာဝန်ခံပါရစေ။ ဘာလို့လဲဆိုတော့မိန်းကလေးနေရာကဆော့ရမှာမို့လို့ပါ။ကောင်လေးတွေအနေနဲ့လည်း မိန်းကလေးအများစုရဲ့စိတ်နေစိတ်ထားကိုသိချင်ရင်ဆော့ကစားနိုင်ပါတယ်။ Teen Love Story ဆိုတဲ့အတိုင်းဒီဂိမ်းမှာဆယ်ကျော်သက်အချစ်ဇာတ်လမ်းကိုကောင်းကောင်းကြီးခံစားရမှာပါ။ ဆယ်ကျော်သက်တုန်းကအခြေအနေတစ်ခုခုကြောင့် အချစ်အရသာကိုမခံစားလိုက်ရတဲ့ Player များလည်းဒီဂိမ်းမှာအချစ်ရဲ့အရသာကိုပြီပြီပြင်ပြင်ပြန်လည်ခံစားလို့ရပါတယ်။ Character အကုန်လုံးကချောပြီးချစ်စရာကောင်းနေတာကြောင့် ခံစားရတာလည်းတော်တော်ကောင်းပါတယ်။

ဒီဂိမ်းက Story Line ရှိတာကြောင့် Story Line ကစ ပါရစေ။ လွန်ခဲ့တဲ့ 5 နှစ်ကမိတ်ဆွေဆော့ရမယ့် Character ကောင်မလေးရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Kyle က Accident တစ်ခုကြောင့်သေဆုံးသွားပါတယ်။ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် အချစ်ဦးလေးလည်းဖြစ်တာကြောင့် မိတ်ဆွေရဲ့ Character ဝမ်းနည်းကြေကွဲလို့မဆုံးပါဘူး။ အခု 22 ရောက်တော့ မိတ်ဆွေရဲ့ Character မှာအလုပ်အသစ်၊ ဘဝအသစ်နဲ့ ခန့်ညားတဲ့လုပ်ဖော်ကိုင်ဖက်ကောင်လေးတစ်ယောက်ရှိနေပါပြီ။ လုပ်ဖော်ကိုင်ဖက်ကောင်လေးကမိတ်ဆွေ Character ကိုဂရုတစိုက်ရှိနေပါတယ်။

မိန်းကလေးတွေက ကိုယ့်အပေါ်အရမ်းဂရုစိုက်အရမ်းစိုက်တဲ့ လူတွေဆိုနှစ်သက်ကြပါတယ်။ အခုအခြေအနေမှာကောင်လေးကဂရုစိုက်တဲ့အပြင် ရုပ်ရည်ကလည်းခန့်ညားနေတာကြောင့် မိတ်ဆွေရဲ့ Character ကောင်မလေးက အဲ့ဒီကောင်လေးကိုကြိုက်စပြုလာပါပြီ။ အဲ့လိုအခြေအနေတွေကြောင့်မိတ်ဆွေရဲ့Character ကအတိတ်ကိုစွန့်ပစ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့်မကြာပါဘူး ရုတ်တရက်မထင်မှတ်တာတွေဖြစ်လာပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ ၅နှစ်ကသေခဲ့တဲ့ Kyle ကမိတ်ဆွေ Character ကောင်မလေးဆီကိုပြန်ရောက်လာပါတယ်။ ဒါပေမယ့်သရဲအနေနဲ့ပါ။ အဲ့ဒီအချိန်က မိတ်ဆွေ Character ရွေးချယ်ရမယ့်အချိန်ပါပဲ။

အတိတ်ကအချစ်ဦးဆီပြန်သွားမလား ???(သို့) လက်ရှိလုပ်ဖော်ကိုင်ဖက်ကောင်လေးနဲ့အဆင်ပြေအောင်လုပ်မလား ???

                                                 

ဘာကိုရွေးမလဲဆိုတာတော့မိတ်ဆွေကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ဒါကတော့ Story အခြုံလေးပါ။ Kyle သေတာ ၅ ကြာပြီဖြစ်တာကြောင့် ၅ နှစ်တာကာလအတွင်းဖြစ်ပျက်တာတွေကို မိတ်ဆွေဆော့ရမှာပါ။ တခြား Character အချို့ကိုလည်းတွေ့ရဦးမှာပါ။  ဆော့ရမဲ့ပုံစံက မိတ်ဆွေ Character ကောင်မလေး စိတ်ထဲမှာဖြစ်နေတာကို  Chat Box ပုံစံလေးနဲ့ပေးထားပြီး အဲ့ဒီထဲကတစ်ခုကိုမိတ်ဆွေက Option အနေနဲ့ရွေးပေးရမှာပါ။ ဆုံးဖြတ်ချက်တွေကမိတ်ဆွေကိုယ်တိုင်ချရတာဖြစ်လို့ ending ကမိတ်ဆွေဆုံးဖြတ်တဲ့အပေါ်မှာမူတည်ပြီးပြောင်းသွားမှာပါ။ Graphic ပိုင်းကောင်းတာကို ဒီဂိမ်းထဲက Character တွေရဲ့ရုပ်ကိုကြည့်ပြီးမိတ်ဆွေသိနိုင်ပါတယ်။

Free To Play ပါ။ Android တစ်မျိုးပဲဆော့ကစားနိုင်ပြီးRomantic ဆန်တဲ့အချစ်ဇာတ်လမ်း လေးကိုမြင်တွေ့ရမယ့်ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=net.hanabimedia.android_loveadventure&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password