Titan ကြီးတွေ Monster ကြီးတွေနဲ့ထိပ်တိုက်တွေ့ရမဲ့ Tap Titan!

ကမ္ဘာကြီးမှာTitan လို့ခေါ်တဲ့အကောင်အကြီးစားတွေ၊ မကောင်းဆိုးဝါးကြီးတွေသောင်းကြမ်းလို့နေပါပြီ။ အဲ့ဒီအခြေအနေတွေကိုတားဆီးဖို့ Hero တစ်ယောက်တော့လိုအပ်ပါပြီ။ အဲ့ဒီ Hero ကတော့ Sword Master ပါပဲ။ Hero ရဲ့နာမည်က Sword Master ဖြစ်တာကြောင့် သူရဲ့အဓိကလက်နက်ကတော့ဓားပါပဲ။ အဲ့ဒီ Sword Master ကသောင်းကျန်းနေတဲ့ Titan တွေ၊ Monster  တွေကိုနှိမ်နှင်းပြီးကမ္ဘာကြီးငြိမ်းချမ်းအောင်လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေက အဲ့ဒီ Sword Master နေရာကဆော့ရမှာပါ။ Sword Master ဆိုတဲ့နာမည်မကြိုက်ရင်မိတ်ဆွေစိတ်ကြိုက်အခြားနာမည်ပြောင်းနိုင်ပါတယ်။ Sword Master ကမိတ်ဆွေဆော့ရမယ့် Character ဖြစ်တာကြောင့် Sword Master တစ်ယောက် Titan တွေ Monster တွေကိုနှိမ်နှင်းနိုင်တာ၊ မနိုင်တာကတော့မိတ်ဆွေအပေါ်မှာပဲမူတည်ပါတယ်။ Titan တွေကကြမ်းလာပြီးများလာမှာဖြစ်တာကြောင့် Hero ကတစ်ယောက်တည်းဆိုအဆင်မပြေပါဘူး။အဲ့ဒါကြောင့်ဒီဂိမ်းမှာ Hero တွေအများကြီးကိုတွေ့ရာဦးမှာပါ။

                                         

ဆော့ရမယ့်ပုံစံကရိုးရှင်းပြီးလွယ်ကူပါတယ်။ ဖုန်း Screen ကို Tap လုပ်ရုံပါပဲ။ဖုန်းScreenကိုTap လုပ်တာနဲ့ မိတ်ဆွေ Character ဖြစ်တဲ့ Sword Master ကခုတ်ပါပြီအဆင်သင့်ပါပဲ။ ဓားပဲရှိလို့ခုတ်လို့ပဲ ရတယ်မထင်ပါနဲ့။ ဓားကပုံမှန်ဓားမဟုတ်ပါဘူး။ Power ရှိတဲ့ဓားပါ။ စွမ်းအင်ကဓားမှာရှိရုံတင် မဟုတ်ပါ၊ ဓားပိုင်ရှင်ဖြစ်တဲ့ Sword Master ဆီမှာလည်းရှိပါတယ်။ Sword Master ရှိတဲ့စွမ်းအင်ကိုအတွင်းအားလို့ပြောနိုင်ပါတယ်။ တရုတ်လိုဆိုအတွင်းအားက “ချီ” ပါ။ အဲ့ဒီ “ချီ” ကိုဥပမာအနေနဲ့ Kung Fu Panda 3 ရဲ့နောက်ဆုံးပိုင်းမှာ Panda လေး “ချီ” သုံးပြီးရန်သူကဖိုက်သွားတာကိုတွေ့နိုင်သလို၊ Marvel ရဲ့နာမည်ကြီးဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့ Iron Fist လည်းရန်သူကိုချရင် “ချီ” သုံးပြီးချတာကိုတွေ့နိုင်ပါတယ်။ကျွန်တော်ပြောတာတွေမသိတဲ့မိတ်ဆွေအတွက် Kung Fu Panda 3 ဆိုMovie ကိုကြည့်ဖို့နဲ့ Iron Fist ဆိုComic လေးကို အားလပ်ရက်တွေမှာလုပ်စရာမရှိပျင်းနေရင်ဖတ်ကြည့်ဖို့အကြံပေးပါရစေ။

 

                                                            

အဲ့တော့ Sword Master မှာရှိတဲ့ စွမ်းအင်(ချီ)နဲ့ သူ့ရဲ့ဓားမှာရှိတဲ့စွမ်းအင်တွေနဲ့ ပေါင်းပြီး Spell တွေသုံးနိုင်မှာဖြစ်ပါတယ်။ စွမ်းအင်တွေနဲ့အတောင်ပံပုံစံလုပ်ပြီး Titan ကို မိုးကြိုးနဲ့ပစ်တာတွေ၊ မြေကြီးကိုဓားနဲ့ထုချတာတွေတို့အပါအဝင် Spell မျိုးစုံကိုလည်းတွေ့ရမှာပါ။ Titan တွေကများလာပြီး ကြမ်းလာမှာဖြစ်တဲ့အတွက် တခြား Character Hero တွေကိုစစ်ကူအနေနဲ့ ခေါ်နိုင်မှာပါ။ ဒါပေမယ့်အလကားတော့မဟုတ်ပါဘူး။ In-game မှာရရှိမယ့် Coin တွေနဲ့ ဝယ်ရမှာပါ။ Coin တွေကိုတော့မိတ်ဆွေ Titan တွေ Monster တွေကိုချရာကနေရရှိမှာပါ။ ဒီဂိမ်းမှာ Hero Character အနေနဲ့ 33 ယောက်ပါဝင်ပါတယ်။ ဒါ့အပြင်မတူညီတဲ့ Titan၊ Monster 60 လောက်တွေ့ရဦးမှာပါ။ အဓိကလက်နက်ကဓားဆိုပေမဲ့ အမျိုးမတူတဲ့အခြားလက်နက်တွေကိုလည်းတွေ့ရမှာပါ။ Screen ကို Tap Tap Tap လုပ်ပြီးပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။Taps Titan 2 လည်းထွက်ရှိထားပါတယ်။ Taps Titan ကြိုက်လို့ Taps Titan 2 ကို Download မဆွဲခင် article လေးဖတ်ပြီးမှဆော့ချင်တယ်ဆိုရင်တော့ Playon Article ရဲ့ Search Box ကနေလာရောက်နိုင်ပါတယ်။အခုတော့ Taps Titan 2 ရဲ့ article တော့မရှိသေးပေမဲ့မကြာခင်မှာရောက်လာမှာပါ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးတွင်ကစားနိုင်ပြီး Adventure နဲ့ RPG ရသနှစ်မျိုးလုံးပေးစွမ်းနိုင်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

 

Image Source:

https://play.google.com/store/apps/details?id=com.gamehivecorp.taptitans&hl=en

Tags:

1 Comment
  1. flipdiving September 16, 2017 at 6:58 am

    This game is great and I tried it. I will continue to monitor your site for more fun stuff. Thank you!
    https://despacito-lyrics.com , https://bodakyellowlyrics.com

Leave a reply

Register New Account
Reset Password