Reviews

သင့်ကို စီးမျော သွားစေမယ့် Dancing Ballz : Music Line

သင့်ကို စမ်းသပ်မယ့် Tapping ဂိမ်းတစ်ခု လို့ ဆိုရမှာပါ။ ဂိမ်းထဲမှာ ပါတဲ့ သီချင်းများဟာလည်း Music ကို Crazy ဖြစ်တဲ့ မိတ်ဆွေများကို ဆွဲဆောင်မှုနဲ့ အတူ ပျော်ရွင်မှုကို ပေးစွမ်း နိုင်မယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ EDM ၊ Rock နဲ့ အခြားခြားသော  ဂီတအမျိုးအစား များစွာလည်း ပါဝင် နေတဲ့ အတွက် မိတ်ဆွေ အနေနဲ့ ဂိမ်းဆော့နေရင်း အလိုလို ကခုန်နေသလို ခံစားရစေမှာ ဖြစ်ပါတယ်။

ဆော့ကစားရတာကတော့ လွယ်ကူပါတယ်။ လက်တစ်ချောင်းထဲနဲ့ ဆော့ကစားနိုင်သလိုဘဲ မိတ်ဆွေ အနေနဲ့ သတိထားရမှာကတော့ ထွက်ပေါ်လာတဲ့ သီချင်းကို ဂရုတစိုက် နားထောင်ရမှာအပြင် အမြင်အာရုံကိုလည်းတစ်ခြားတစ်နေရာကို လွှဲထားလို့မရတာကိုတော့ သတိပြုချက် တစ်ခုအဖြစ် ထည့်သွင်းပြောပါရစေ။

 

Free to Play ဖြစ်ပြီးတော့ Android အပြင် iOS Platform နှစ်မျိုးစလုံးမှာ ရရှိနိုင်တဲ့ အတွက် မိတ်ဆွေများအနေနဲ့ မောပန်းနေလို့ဘဲ ဖြစ်ဖြစ် စိတ်ညစ်နေလို့ဘဲ ဖြစ်ဖြစ် ဒီဂိမ်းလေးအားဖြင့် ဘဝအမောတွေ ဖြေဖျောက်နိုင်ပါစေလို့ တောင်းဆုပြုရင်း ဂိမ်းကောင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ရပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: