သင့်ရဲ့စိတ်ရှည်မှုအတိုင်းအတာ ကိုစမ်းသပ်ပေးနိုင်မယ့် Tap Tap Dash!

ရိုးရှင်းပြီး ဆော့ရတာတော့ လွယ်ကူပါတယ်၊ ဒါပေမဲ့ကျွမ်းကျင်ဖို့ တော့ခက်တဲ့ဂိမ်းလေးပါ။ ဒါပေမဲ့ မပူပါနဲ့၊ ဆော့တာကြာရင်တော့ ကျွမ်းကျင်သွားမှာဖြစ်ပါတယ်။ စစချင်းမှာတော့ မိတ်ဆွေရဲ့ Character ကကြက်ပေါက်လေးဖြစ်နေမှာပါ။ Angry Bird ထဲကအနီရောင် ငှက်ပေါက်နဲ့ဆင်တာကိုတွေ့ရမှာပါ။ အဲ့ဒီကြက်ပေါက်နေရာကနေမိတ်ဆွေကလမ်းတစ်လျှောက်ပြေးနေရမှာဖြစ်ပါတယ်။    မိတ်ဆွေပြေးရာလမ်းတစ်လျှောက်မှာ အကွေ့အကောက်လမ်းတွေနဲ့ ချောက်ကမ်းပါးတွေရှိနေမှာပါ။ အဲ့ဒါတွေကို အလိုက်သင့်ရှောင်ပေးရမှာကတော့ မိတ်ဆွေရဲ့တာဝန်ဖြစ်ပါတယ်။ ခုန်ရမဲ့နေရာမှာခုန်၊ ကွေ့ရမဲ့နေရာမှာကွေ့ ပြီးဆော့နေရမှာဖြစ်ပါတယ်။ စစဆော့တဲ့အခါမှာတော့ ခဏခဏယောင်ပြီး မှားနေမှာဖြစ်ပါတယ်။ Try Again ကိုသာ အမြဲနီးပါးနှိပ်နေရမှာ ဖြစ်တာကြောင့် စိတ်မရှည်တဲ့လူဆို ဖုန်းကိုရိုက်ခွဲချင်စိတ်ဖြစ်မှာတော့ အမှန်ပါပဲ။ ဆော့တာကြာလာတာနဲ့အမျှ စွဲလမ်းလာတာကိုတွေ့ရမှာပါ။ တခြား Arcade ဂိမ်းတွေနဲ့ မတူညီတဲ့ Experience ကိုရရှိမှာတော့ အမှန်ဖြစ်ပါတယ်။

ဂိမ်းထဲကိုစစချင်းဝင်ရင် World A, World B, World C, World D နဲ့ Daily Survival ဆိုပြီး Option တွေရှိနေတာကိုတွေ့ရမှာပါ။

  •  World A မှာ Level 1000 ရှိတာကိုတွေ့ရမှာပါ။
  • World B ကိုတော့ Ad Video တစ်ခုကိုကြည့်ပြီးမှဝင်နိုင်မှာဖြစ်ပါတယ်။ World B မှာလည်း Level 1000 အထိရှိတာကိုတွေ့ရမှာပါ။
  • World C ကိုဝင်မယ်ဆိုရင် Ad Video သုံးခုကိုကြည့်ပြီးမှဝင်နိုင်မှာဖြစ်ပါတယ်။ World C မှာလည်း Level 1000 အထိပါဝင်တာကိုတွေ့ရမှာပါ။
  • World D ကိုဝင်ဖို့ဆိုရင်တော့ Ad Video ငါးခုကိုကြည့်ရမှာပဲဖြစ်ပါတယ်။ World D မှာတော့ Level 200 ပဲရှိတာကိုတွေ့ရမှာပါ။
  • Daily Survival မှာတော့ Reward ၁၀ ခုရှိနေမှာဖြစ်ပါတယ်။ အသက် ၃ ခုသာရှိနေမှာဖြစ်ပြီးကုန်သွားရင်တော့ အသက်ထပ်ရဖို့ Ad video ကြည့်ရမှာဖြစ်ပါတယ်။

Ad video  တွေကြည့်ခြင်းဖြင့် မိတ်ဆွေဆီမှာဆော့ရမယ့်ဂိမ်းအသစ်တွေတိုးလာမှာဖြစ်ပါတယ်။ Ad video ထဲက ဂိမ်းတစ်တစ်ခုခုကိုအကြောင်းအရာသိပြီးမှာဆော့ချင်တယ်ဆိုရင်တော့ Playon ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေ။ Level စစချင်းမှာတော့ လွယ်နေမှာဖြစ်ပြီး နောက်ပိုင်း Level တွေမှာတော့ သွားရမယ့်လမ်းတွေက အကွေ့အကောက်များလာမှာဖြစ်ပြီး သွားတဲ့ Speed ကလည်းမြန်ဆန်လာမှာကြောင့် အနည်းငယ်ခက်လာတာကိုတွေ့ရမှာပါ။

ဒီဂိမ်းမှာကြက်ပေါက်အပြင် အခြားသော တိရစ္ဆာန် Character များစွာပါဝင်ပါတယ်။ ကြက်ပေါက်၊ ယုန်ပေါက်၊ ဝက်ပေါက် စတဲ့ Character ပေါင်းများစွာကို ချစ်စရာကောင်းအောင်ဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Character တွေကို unlock လုပ်ချင်တယ်ဆိုရင်တော့ မိတ်ဆွေက Level တော်တော်များများကိုနိုင်နေမှ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ Character တွေကိုသတ်မှတ်ထားတဲ့ Level ရောက်နေမှ Unlock လုပ်ခွင့်ပေးမှာမို့လို့ပါ။ အကယ်၍ မိတ်ဆွေက Chracter တွေကို သတ်မှတ်ထားတဲ့ Level မရောက်ခင်ကြိုပြီး Unlock လုပ်ချင်တယ်ဆိုရင်တော့ တကယ့်ပိုက်ဆံနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ ပျင်းနေတဲ့အချိန်၊ လူစောင့်နေရတဲ့အချိန် စတဲ့အချိန်တွေမှာ မပျင်းအောင်လုပ်ဆောင်ပေးမယ့်ဂိမ်းဖြစ်တာတော့ သေချာပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး မတူညီတဲ့ ခံစားမှုမျိုးကိုပေးနိုင်တဲ့ Arcade ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.secondarm.taptapdash

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password